အေမရိကန္စစ္တပ္ သမိုင္းတစ္ေလွ်ာက္ ေစ်းအႀကီးဆုံး US F-35B အသံထက္ျမန္တဲ့ တုိက္ေလယာဥ္မ်ားစတင္ ပ်ံသန္း

US F-35B

အေမရိကန္စစ္တပ္က F-35B တုိက္ေလယာဥ္ေတြဟာ လက္ေတြ႔စစ္ေျမျပင္မွာ တုိက္ရည္စမ္းတဲ့အေနနဲ႔ စက္တင္ဘာ ၂၇ ရက္မွာ ပထမဆုံး တုိက္ပြဲ၀င္ခဲ့ေၾကာင္း အေမရိကန္မရိန္းေကာက္ပိုေရးရွင္းနဲ႔ အေမရိကန္ ကာကြယ္ေရးဌာန တာ၀န္ရွိသူသုံးဦးက ေျပာပါတယ္။

F-35B တုိက္ေလယာဥ္ေတြရဲ႕ ပထမဆုံး တုိက္ပြဲ၀င္မႈကို အာဖဂန္နစၥတန္က တာလီဘန္ပစ္မွတ္ေတြမွာ ပူးေပါင္း ေလေၾကာင္းထိုးစစ္ဆင္တာနဲ႔ တုိက္ရည္စမ္းခဲ့တာျဖစ္ပါတယ္။ ဒီတုိက္ေလယာဥ္ေတြဟာ USS Essex ေလယာဥ္တင္သေဘၤာကေန ပ်ံတက္လာတဲ့ ယူအက္စ္မရိန္းေကာ္ပိုေရးရွင္းက မူကြဲတုိက္ေလယာဥ္အုပ္စုမွာ အပါအ၀င္ ျဖစ္ပါတယ္။

“စစ္ဆင္ေရးအတြင္းမွာ ေျမျပင္ရွင္းလင္းေရးေအာ္ပေရးရွင္းရဲ႕ ေထာက္ကူျပဳမႈနဲ႔ F-35B တိုက္ေလယာဥ္ေတြဟာ ေလေၾကာင္းထိုးစစ္ကို ဆင္ႏႊဲခဲ့တာ ျဖစ္ပါတယ္။ ေျမျပင္တပ္ဖြဲ႔ ကြပ္ကဲေရး႐ုံးကေတာ့ ဒီတုိက္ေလယာဥ္ေတြရဲ႕ ေလေၾကာင္းထိုးစစ္က ေအာင္ျမင္တယ္လို႔ ယူဆထားပါတယ္။”လို႔ အေမရိကန္ မရိန္းတပ္က အတည္ျပဳပါတယ္။

US F-35B

F-35 ကိုယ္ေပ်ာက္တုိက္ေလယာဥ္ေတြဟာ သမုိင္းတစ္ေလွ်ာက္မွာ ေစ်းအႀကီးဆုံး စစ္လက္နက္အျဖစ္ သတ္မွတ္ခံရတာ ျဖစ္ပါတယ္။ ဒီေလယာဥ္ေတြ တည္ေဆာက္ေရးမွာ တုိက္ပြဲ၀င္ဖို႔ အသင့္ျဖစ္ၿပီလို႔ ယူဆရခ်ိန္အထိ အမ်ဳိးမ်ဳိးေသာ ၾကန္႔ၾကာမႈေတြနဲ႔ ေလယာဥ္တစ္စင္း ထုတ္ႏိုင္ဖို႔အတြက္ကို အေတာ္ေလး ဖိဖိစီးစီး ဖန္တီးထုတ္လုပ္ရတာ ျဖစ္ပါတယ္။

ေလတပ္ရဲ႕ အနာဂတ္အျဖစ္ ႐ႈျမင္ထားတဲ့ ဒီ F-35 အမ်ဳိးအစား တုိက္ေလယာဥ္ေတြဟာ စြယ္စုံရတုိက္ေလယာဥ္ေတြျဖစ္ၿပီး ဖ်က္အားျပင္းစစ္လက္နက္ေတြပါပဲ။ ေရဒါနဲ႔ ဖမ္းမရႏိုင္တဲ့ စြမ္းေဆာင္ရည္၊ အသံထက္ ျမန္တဲ့ အလ်င္ႏႈန္း၊ အလြန္လ်င္ျမန္သြက္လက္ေပါ့ပါးမႈ၊ ေခတ္ဆန္းအာ႐ုံခံနည္းပညာတို႔ကို ပိုင္္ဆုိင္ထားတဲ့ တုိက္ေလယာဥ္မ်ဳိးစုျဖစ္တယ္လို႔ တည္ေဆာက္တဲ့ စစ္လက္နက္ကုမၸဏီ Lockheed Martin အရ သိရပါတယ္။

F-35B ဟာလည္း F-35 တုိက္ေလယာဥ္အုပ္ထဲက မ်ဳိးကြဲေလယာဥ္တစ္မ်ဳိးပဲ ျဖစ္ပါတယ္။ ထူးျခားမႈပိုလာတာကေတာ့ F-35B တုိက္ေလယာဥ္ေတြဟာ ရဟတ္ယာဥ္ေတြလုိ မ်ဥ္းမတ္အတိုင္း ဆင္းသက္ႏိုင္တာ ျဖစ္ပါတယ္။ အျခားတုိက္ေလယာဥ္ေတြထက္ ပိုၿပီးလည္း ပ်ံတက္ဖို႔အတြက္ ေျပးလမ္းေၾကာင္း တိုတိုအတြင္း ပ်ံတက္ႏိုင္တာ ျဖစ္ပါတယ္။

US F-35B

F-35 တုိက္ေလယာဥ္ေတြဟာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အႀကိဳက္ေတြ႔တဲ့ တုိက္ေလယာဥ္ေတြပဲ ျဖစ္ၿပီး မျမင္ရခင္ကတည္းက ခ်ီးမႊမ္းအားရေနခဲ့တာ ျဖစ္ပါတယ္။ ဒီေလယာဥ္ေတြဟာ တစ္ဖက္ရန္သူ ေရဒါေတြရဲ႕ ေထာက္လွမ္းျမင္ႏိုင္မႈအေပၚမွာ စြမ္းေဆာင္ရည္ ေလွ်ာ့ခ်ထားေပမယ့္လည္း အမွန္တကယ္ ေရဒါမွာ မေတြ႔ျမင္တဲ့ ကိုယ္ေပ်ာက္စြမ္းရည္ကေတာ့ ထက္ထက္ျမက္ျမက္ ရွိေနတဲ့ တုိက္ေလယာဥ္ေတြပဲ ျဖစ္ပါတယ္။

Rf; CNN
Writer_ေမာင္သံဆင့္

ဤေဆာင္းပါးကို သတင္းႏွင့္  ဗဟုသုတဝက္ဘ္ဆိုဒ္ dailyhotnewsmm.com  မွ ကူးယူေဖာ္ျပပါသည္။


#Unicode Version

အမေရိကန်စစ်တပ်က F-35B တိုက်လေယာဉ်တွေဟာ လက်တွေ့စစ်မြေပြင်မှာ တိုက်ရည်စမ်းတဲ့အနေနဲ့ စက်တင်ဘာ ၂၇ ရက်မှာ ပထမဆုံး တိုက်ပွဲဝင်ခဲ့ကြောင်း အမေရိကန်မရိန်းကောက်ပိုရေးရှင်းနဲ့ အမေရိကန် ကာကွယ်ရေးဌာန တာဝန်ရှိသူသုံးဦးက ပြောပါတယ်။

F-35B တိုက်လေယာဉ်တွေရဲ့ ပထမဆုံး တိုက်ပွဲဝင်မှုကို အာဖဂန်နစ္စတန်က တာလီဘန်ပစ်မှတ်တွေမှာ ပူးပေါင်း လေကြောင်းထိုးစစ်ဆင်တာနဲ့ တိုက်ရည်စမ်းခဲ့တာဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်တွေဟာ USS Essex လေယာဉ်တင်သင်္ဘောကနေ ပျံတက်လာတဲ့ ယူအက်စ်မရိန်းကော်ပိုရေးရှင်းက မူကွဲတိုက်လေယာဉ်အုပ်စုမှာ အပါအဝင် ဖြစ်ပါတယ်။

“စစ်ဆင်ရေးအတွင်းမှာ မြေပြင်ရှင်းလင်းရေးအော်ပရေးရှင်းရဲ့ ထောက်ကူပြုမှုနဲ့ F-35B တိုက်လေယာဉ်တွေဟာ လေကြောင်းထိုးစစ်ကို ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ မြေပြင်တပ်ဖွဲ့ ကွပ်ကဲရေးရုံးကတော့ ဒီတိုက်လေယာဉ်တွေရဲ့ လေကြောင်းထိုးစစ်က အောင်မြင်တယ်လို့ ယူဆထားပါတယ်။”လို့ အမေရိကန် မရိန်းတပ်က အတည်ပြုပါတယ်။

US F-35B

F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေဟာ သမိုင်းတစ်လျှောက်မှာ ဈေးအကြီးဆုံး စစ်လက်နက်အဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေ တည်ဆောက်ရေးမှာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်ပြီလို့ ယူဆရချိန်အထိ အမျိုးမျိုးသော ကြန့်ကြာမှုတွေနဲ့ လေယာဉ်တစ်စင်း ထုတ်နိုင်ဖို့အတွက်ကို အတော်လေး ဖိဖိစီးစီး ဖန်တီးထုတ်လုပ်ရတာ ဖြစ်ပါတယ်။

လေတပ်ရဲ့ အနာဂတ်အဖြစ် ရှုမြင်ထားတဲ့ ဒီ F-35 အမျိုးအစား တိုက်လေယာဉ်တွေဟာ စွယ်စုံရတိုက်လေယာဉ်တွေဖြစ်ပြီး ဖျက်အားပြင်းစစ်လက်နက်တွေပါပဲ။ ရေဒါနဲ့ ဖမ်းမရနိုင်တဲ့ စွမ်းဆောင်ရည်၊ အသံထက် မြန်တဲ့ အလျင်နှုန်း၊ အလွန်လျင်မြန်သွက်လက်ပေါ့ပါးမှု၊ ခေတ်ဆန်းအာရုံခံနည်းပညာတို့ကို ပိုင်ဆိုင်ထားတဲ့ တိုက်လေယာဉ်မျိုးစုဖြစ်တယ်လို့ တည်ဆောက်တဲ့ စစ်လက်နက်ကုမ္ပဏီ Lockheed Martin အရ သိရပါတယ်။

F-35B ဟာလည်း F-35 တိုက်လေယာဉ်အုပ်ထဲက မျိုးကွဲလေယာဉ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ထူးခြားမှုပိုလာတာကတော့ F-35B တိုက်လေယာဉ်တွေဟာ ရဟတ်ယာဉ်တွေလို မျဉ်းမတ်အတိုင်း ဆင်းသက်နိုင်တာ ဖြစ်ပါတယ်။ အခြားတိုက်လေယာဉ်တွေထက် ပိုပြီးလည်း ပျံတက်ဖို့အတွက် ပြေးလမ်းကြောင်း တိုတိုအတွင်း ပျံတက်နိုင်တာ ဖြစ်ပါတယ်။

US F-35B

F-35 တိုက်လေယာဉ်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အကြိုက်တွေ့တဲ့ တိုက်လေယာဉ်တွေပဲ ဖြစ်ပြီး မမြင်ရခင်ကတည်းက ချီးမွှမ်းအားရနေခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေဟာ တစ်ဖက်ရန်သူ ရေဒါတွေရဲ့ ထောက်လှမ်းမြင်နိုင်မှုအပေါ်မှာ စွမ်းဆောင်ရည် လျှော့ချထားပေမယ့်လည်း အမှန်တကယ် ရေဒါမှာ မတွေ့မြင်တဲ့ ကိုယ်ပျောက်စွမ်းရည်ကတော့ ထက်ထက်မြက်မြက် ရှိနေတဲ့ တိုက်လေယာဉ်တွေပဲ ဖြစ်ပါတယ်။

Rf; CNN
Writer_မောင်သံဆင့်

ဤဆောင်းပါးကို သတင်းနှင့်  ဗဟုသုတဝက်ဘ်ဆိုဒ် dailyhotnewsmm.com  မှ ကူးယူဖော်ပြပါသည်။