Sponsored

ဥရောပကော်မရှင်အနေနဲ့ ဥရောပ လွတ်လပ်စွာသွားလာခွင့်ဇုန်ဖြစ်တဲ့ Schengen Free-travel zone တွင်ပါဝင်သောနိုင်ငံတွေအားလုံးကို အရေးပေါ်အခြေအနေမဟုတ်ပါက ခရီးသွားခွင့်လုံးဝပိတ်ပင်ဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ ယခုဆိုလျှင် ကိုရိုနာဗိုင်းရပ်စ် အရိုက်ခတ်ဆုံးဒေသဟာ ရောဂါရဲ့ဇာတ်မြစ်ဖြစ် တဲ့ ရုတ်နိုင်ငံမှ တဆင့် ဥရောပကို ရွှေ့ပြောင်းလာပြီဖြစ်ပါတယ်။

@BBC

ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့တဲ့ ဥရောပဟာ မထင်မှတ်ထားတာတွေကို အလူးအလဲခံနေကြရပါပြီ။ ယခု ထုတ်ပြန်ချက်ကို ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen ကပြောကြားခဲ့တာဖြစ်ပြီး ထိုအစီအစဉ်အသက်ဝင်စေဖို့ အတွက် ဥရောပနိုင်ငံခေါင်းဆောင်တွေနဲ့ ယနေ့ မတ်လ ၁၇ ရက်နေ့မှာ တိုင်ပင်ဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်။

ကျွန်မတို့ခရီးသွားလာမှုကို လျော့နိုင်လေလေ ရောဂါကို ထိန်းချုပ်ရလွယ်လေလေ ပါပဲ ” လို့သူမကပြောပါတယ်။ ဒါ့အပြင် ပြင်သစ်သမ္မတ Emmanuel Macron က ဥရောပနိုင်ငံတွေနဲ့ အခြားသော နိုင်ငံတွေအချင်းချင်းထိတွေ့သွားလာမှုတွေကို လည်း အချိန်အတိုင်းအတာတစ်ခုအထိပိတ်ပင်ထားမယ်လို့ လည်းဆိုပါတယ်။ ဒီသတင်းကို မတ်လ ၁၆ ရက်နေ့က တီဗီအစီအစဉ်တစ်ခုမှာ သူကိုယ်တိုင် ပြောကြားခဲ့တာဖြစ်ပါတယ်။ ၎င်းပိတ်ပင်မှုမှာ အခြေချနေထိုင်ခွင့်ရသူတွေ၊ ပြည်ပရောက် ဥရောပနိုင်ငံသားတွေအပြင် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေ မပါဝင်ပါဘူးလို့လည်း ထပ်ဆောင်းပြောကြားခဲ့ ပါတယ်။ ယခု ထုတ်ပြန်ချက်တွေဟာ အနည်းဆုံး ရက် ၃၀ကြာမြင့်မှာဖြစ်သလို အကောင်အထည်ဖော်ဖြစ်ခဲ့ပါက ဥရောပ သမ္မဂ အဖွဲ့ဝင်နိုင်ငံတွေကို အခြားသော နိုင်ငံတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ထားသလိုဖြစ်မှာပါ။ ထိုအထဲမှာ ဥရောပ သမ္မဂကနေ နှုတ်ထွက်ထားတဲ့ ဗြိတိန်လည်းပါဝင်မှာဖြစ်ပါတယ်။

Sponsored
@BBC

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့နောက်ဆုံးထုတ်ပြန်ချက်အရ ကမ္ဘာ့ပေါ်ရှိလူပေါင်း ၁၆၈,၀၀၀ ဦးအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကာ ၆,၆၀၀ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံတွင်းမှာတော့ ပြည်သူတွေကို မလိုအပ်ပဲ အပြင်မထွက်ဖို့တင်းကြပ်ထားပြီး ယခင်ထုတ်ပြန်ခဲ့တဲ့ ကျောင်း၊ ကော်ဖီဆိုင်နဲ့ ဝယ်လိုအားနည်းတဲ့ ဆိုင်တွေ ပိတ်ခိုင်းချင်းဟာ ရောဂါထိန်းချုပ်ရာမှာ ထိရောက်မှုသိပ်မရှိဘူးလို့ပြင်သစ်သမ္မတ ကဆိုပါတယ်။ ” ကျွန်တော်တို့ ဒီလောက်သတိပေးနေတာကို ပြည်သူတွေကို အပြင်မှာတွေ့နေရတုန်းပါ၊ သွားသွားလာလာပါပဲ၊ ဈေးဝယ်စင်တာတွေမှာ စုရုံးစုရုံးလုပ်နေကြတုန်းပါ။ ကျွန်တော်တို့တကယ်စစ်ထဲရောက်နေတာပါ။ တခြားနိုင်ငံနဲ့ တိုက်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့မသိလိုက်ခင် ဝင်ရောက်လာတဲ့ ရုပ်မရှိတဲ့ မမြင်ရတဲ့အရာကို ဝိုင်းဝန်းတိုက်ခိုက်နေကြရ တာပါ။” လို့လည်းသူကဆိုပါတယ်။

ယခုသတ်မှတ်လိုက်တဲ့ပြင်သစ်နိုင်ငံတွင်းက စည်းမျဥ်းတွေဟာ အနည်းဆုံး ၁၅ ရက်အသက်ဝင်မှာဖြစ်ကာ လုံးဝသွားလာခွင့်ပိတ်ထားတဲ့နေရာတွေမှာ မလိုက်နာတဲ့ပြည်သူတွေကိုထိန်းချုပ်ဖို့ ကျွန်တော်တို့ အရာရှိ အယောက် တစ်သိန်းလောက်ကို စောင့်ကြည့်ထိန်းချုပ်စေမှာပါလို့လည်း သတင်းတွေအရသိရပါတယ်။ ဒါ့အပြင် စစ်တပ်ကို ပြည်သူအကျိုးပြုလုပ်ငန်းတွေ မှာ အသုံးပြုသွားမှာဖြစ်ကာ ရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်။ Finance Minister Bruno Le Maire ကလည်း ပြင်သစ်နိုင်ငံဟာ အရေးပေါ်အသုံးပြုဖို့ ဒေါ်လာ ဘီလီယံ ၅၀ အထိအသုံးပြုသွားမှာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမျာ ကူးစက်ခံရသူ အယောက် ၆၀၀၀ ရှိပြီးဖြစ်ကာ သေဆုံးသူကတော့ ၁၄၈ ဦးပါ။ ဒါ့အပြင် ယနေ့ မတ်လ ၁၇ရက်နေ့ နေ့လည်ပိုင်းကစလို့ ပြင်သစ်နိုင်ငံရဲ့ ကုန်းလမ်းဆက်သွယ်ရေးတွေကို ပိတ်ပစ်လိုက်ပြီဖြစ်ပါတယ်။

အခြားသော သတင်းထူးတွေကတော့…..
– ဖိလစ်ပိုင်ဟာ စတော့ဈေးကွက်ကို လုံးဝပိတ်ပစ်လိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာခြင်း
– Ohio ပြည်နယ်က ရွေးကောက်ပွဲမဲဆွယ်မှုကို ရွှေ့ဆိုင်းလိုက်ခြင်း
– သမ္မတထရန့်က ယခုရောဂါဟာ နွေအကုန်အထိဆက်လက်ဖြစ်ပွားမယ်လို့ခန့်မှန်းရပြီး နောက် ၁၅ ရက်အတွင်း နိုင်ငံအတွင်း လူ ၁၀ ဦးနှင့်အထက် မစုရုံးရ၊ အရက်ဆိုင်၊ စားသောက်ဆိုင်၊ အားကစားစင်တာနဲ့ လူစုလူဝေးကိုရှောင်ဖို့ အမိန့်ထုတ်ထားပါတယ်။
– စပိန်နိုင်ငံမှာ ဇန်နဝါရီလကတည်းက ရောဂါကြောင့်ပိတ်မိနေတဲ့ ဝူဟန်မြို့ခံ ဘောလုံးအသင်းဟာ တရုတ်ပြည်သို့ပြန်လည်ရောက်ရှိလာပြီး ကစားသမားတွေအားလုံးကိုစောင့်ကြည့်နေပါတယ်။
– မလေးရှားနိုင်ငံက နိုင်ငံသားတွေကို စင်ကာပူနိုင်ငံအတွင်း ဝင်ထွက်ခွင့်ကို မနက်ဖြန် မတ်လ ၁၈ ရက်နေ့ကစလို့ ပိတ်ပင်တော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မလေးရှားက ကုန်စည်ကူးသန်းနေရတဲ့ စင်ကာပူစီးပွားရေးတွေအတွက် အနည်းငယ်စိုးရိမ်စရာဖြစ်လာပါပြီ။
– သြစတြီးယား ဆေးပညာရှင်တွေက လူ့ကိုယ်ထဲက ရောဂါကာကွယ်ရေးစနစ်ဟာကိုရိုနာဗိုင်းရပ်စ် ကိုဘယ်လိုတိုက်ထုတ်နေလဲဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *