အီသီယိုးပီးယား ဝန်ကြီးချုပ် ငြိမ်းချမ်းရေး နိုဘယ်ဆုရ

Photo: Getty Images

၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီ အာမက် ရရှိသွားပါတယ်။

သူဟာ သူအားထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင်လုပ်နိုင်ခဲ့မှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့တာ ဖြစ်ပါတယ်။

Photo: Getty Images

အီသီယိုးပီးယားဟာ အီရီထရီးယားနဲ့ မနှစ်က ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါတယ်။ ဒါဟာ ၁၉၉၈-၂၀၀၀ နယ်စပ် စစ်ပွဲ အပြီး နှစ် ၂၀ ကြာ ရှေ့မတိုး နောက်မဆုတ်သာ စစ်ရေး တင်းမာနေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သူက နိုဘယ်ငြိမ်းချမ်းရေးဆုကို ၁၀၀ ဦးမြောက်ရသူ ဖြစ်လာပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်ဒေါ်လာ ကိုးသိန်းခန့်ကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီဇင်ဘာလမှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။

Photo: Getty Images

Source: BBC


#Zawgyi Version





Source: BBC