Sponsored

တနလ်ာနေ့က ပထမဆုံးရောဂါတွေ့ရှိသူ ၂ ဦးကိုကြေငြာပီးနောက် WHO က နောက်ပိုင်းလိုအပ်လာမယ့် Covid-19 စမ်းသပ်ကိရိယာတွေ မြန်မာနိုင်ငံအတွက် အလုံအလောက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ယခု ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ WHO သံတမန် Stephan Paul Jost က လူအများ အထိတ်တလန့် စျေးဝယ်နေကြတာကို တွေ့ရှိပြီးနောက် စိတ်မပူကြရန် နှစ်သိမ့်အားပေးရင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ အစောပိုင်းအထိ ရောဂါအတည်ပြုရန် ထိုင်းနိုင်ငံကို အားကိုးခဲ့ရပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စလို့ စင်ကာပူ ၊ ထိုင်း၊ဂျပန်၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကူအညီဖြင့် စမ်းသပ်ကိရိယာတွေကို အမျိုးသားဓာတ်ခွဲခန်း ဗဟိုမှာ တပ်ဆင်အသုံးပြုနိုင်ခဲ့ပါတယ်။

(Photo: AFP/Ye Aung Thu

စမ်းသပ်ကိရိယာ တစ်စုံဟာ တစ်ကြိမ်သာ စစ်ဆေးနိုင်ပြီး တိကျတဲ့အဖြေအတွက် ကိရိယာ သုံးစုံလောက် အသုံးပြုဖို့လိုအပ်ပါတယ်။ ယခုလောလောဆယ် မြန်မာနိုင်ငံမှာ စမ်းသပ်ကိရိယာအစုံ ၅၀၀၀ ကျော်ရှိနေပြီး အနည်းဆုံး လူ ၁၇၀၀ လောက်ကို စစ်ဆေးပေးနိုင်ပါတယ်” လို့ Dr. Jost က ပြောကြားပါတယ်။

Sponsored

ဒါကြောင့်လုံးဝစိတ်ပူစရာမလိုပဲ အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာကာ မိမိကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းထားတာကိုလည်း တွေ့ရပါတယ်။ နောက်ထပ်လိုအပ်တဲ့ စမ်းသပ်ကိရိယာတွေကို တောင်ကိုရီးယားနိုင်ငံက ထောက်ပံ့ပေးမှာဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားပါသေးတယ်။

ယနေ့အချိန်အထိ လူ ၂၁၅ ဦးကို စစ်ဆေးပေးပြီးဖြစ်ကာ တစ်ရက် ကို ၂ ဦးသာ လောလောဆယ် စစ်ဆေးပေးနိုင်ပါသေးတယ်။

Photo: AP/Thein Zaw

အခြားတစ်ဖက်မှာလည်း အမည်မဖော်လိုသူ မြန်မာကျန်းမာရေးဝန်ထမ်းတစ်ဦးက ” ရောဂါကို စစ်ဆေးပေးနိုင်ပေမဲ့ ကုသဖို့နဲ့ ထိန်းချုပ်ဖို့ ဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေပါတယ်လို့ ” CNA သတင်းဌာနကို ဖြေကြားထားတာရှိပါတယ်။ ဒါကြောင့်လဲ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတေွကို အရှိန်အဟုန်မြင့်လုပ်ဆောင်နေရခြင်းလည်း ဖြစ်ပါတယ်။

ဒါကြောင့်လဲ ဇန်နဝါရီလကုန်က ရောဂါပိုးကူးစက်ခံရသူပါဝင်တဲ့လေယာဉ်ကို ပြန်လွှတ်ခြင်းနဲ့ မတ်လအတွင်းက အပျော်စီး သင်္ဘော တစ်စီးကို ကမ်းကပ်ခွင့်မပေးခဲ့တာပါ။

ဒါ့အပြင်ယခုတွေ့ရှိထားတဲ့ လူနာတွေသွားရောက်ခဲ့တဲ့ ထိတွေ့ခဲ့တဲ့သူတွေကို အတတ်နိုင်ဆုံးခြေရာခံနေပြီလည်းဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းအေးအေးထားပီး စနစ်တကျရင်ဆိုင်ဖို့ မြန်မာပြည်သူတွေကို Dr. Jost ကဆိုပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *