အဂၤလန္နန္းေတာ္က ေ႐ႊအတိၿပီးတဲ့ အိမ္သာႀကီး မေန ့ညက ခိုးယူခံရ

BBC

အဂၤလန္၊ ဘလန္ဟန္နန္းေတာ္မွာ ထားရွိျပသထားတဲ့ ၁၈ ကာရတ္ရွိ ေ႐ႊသား အိမ္သာကမုတ္ ေဖာက္ထြင္းခိုးယူခံရပါတယ္။

ေဖာက္ထြင္းဂိုဏ္းတစ္ဂိုဏ္းက ေအာက္စဖို႔ဒ္ရႈိင္းယားက ဘလန္ဟန္နန္းေတာ္ကို နံနက္ ၄ နာရီ မိနစ္ ၅၀ မွာ ထြင္းေဖာက္ဝင္ေရာက္ၿပီး အႏုပညာလက္ရာ ေ႐ႊအိမ္သာကမုတ္ကို ခိုးယူသြားတာျဖစ္ေၾကာင္း သိမ္းစ္ဗယ္ေလးရဲဌာနက ေျပာပါတယ္။

BBC

America လို႔ နာမည္ေပးထားတဲ့ အခိုးခံရတဲ့ အဲဒီ ေ႐ႊအတိ ၿပီးတဲ့ အိမ္သာဟာ တကယ္အသုံးျပဳလို႔ရတဲ့ အိမ္သာလည္း ျဖစ္ပါတယ္။ နန္းေတာ္ဆီ လာေရာက္လည္ပတ္သူေတြအေနနဲ႔ အဲဒီ ေ႐ႊအိမ္သာကို အသုံးျပဳႏိုင္တာပါ။

ဒါေပမယ့္ ခုေတာ့ ေဖာက္ထြင္းမႈျဖစ္ၿပီး နန္းေတာ္မွာ ေ႐ႊစင္အိမ္သာ မရွိေတာ့ဘဲ ဒီ ခိုးယူခံရမႈနဲ႔ ပတ္သက္လို႔ အသက္ ၆၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

အဲဒီ ေ႐ႊစင္အိမ္သာဟာ အမွန္တကယ္ အသုံးျပဳႏိုင္တဲ့ အိမ္သာျဖစ္တာၿပီး နန္းေတာ္ထဲ ေရပိုက္ေတြ သြယ္တန္းထားတာေၾကာင့္ ေဖာက္ထြင္းခိုးယူခံရတဲ့အခါမွာ ပ်က္စီးမႈေတြနဲ႔ ေရလွ်ံမႈေတြ ျဖစ္ခဲ့တယ္လို႔ ရဲဌာနက ေျပာပါတယ္။

BBC

အဆိုပါ ေ႐ႊအိမ္သာဟာ အီတလီအႏုပညာရွင္ ေမာ္ရီဇီယိုရဲ႕ အႏုပညာျပပြဲရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ပဲ ျဖစ္ၿပီး အဲဒီ အႏုပညာျပပြဲကို ၾကာသပေတးေန႔က စတင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ ေ႐ႊအိမ္သာ ေဖာက္ထြင္းခိုးယူခံရတဲ့ နန္းေတာ္ဟာ ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ျဖစ္ၿပီး ၀င္စတန္ခ်ာခ်ီ ေမြးဖြားခဲ့ရာ ေနရာလည္း ျဖစ္ပါတယ္။

ခုခ်ိန္မွာေတာ့ ေဖာက္ထြင္းမႈေၾကာင့္ အဲဒီ နန္းေတာ္ကို ပိတ္ထားေၾကာင္း သိရပါတယ္။

Rf; BBC
Writer -Min Thu

XYZ News ၏တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္


#Unicode version

အင်္ဂလန်၊ ဘလန်ဟန်နန်းတော်မှာ ထားရှိပြသထားတဲ့ ၁၈ ကာရတ်ရှိ ရွှေသား အိမ်သာကမုတ် ဖောက်ထွင်းခိုးယူခံရပါတယ်။

ဖောက်ထွင်းဂိုဏ်းတစ်ဂိုဏ်းက အောက်စဖို့ဒ်ရှိုင်းယားက ဘလန်ဟန်နန်းတော်ကို နံနက် ၄ နာရီ မိနစ် ၅၀ မှာ ထွင်းဖောက်ဝင်ရောက်ပြီး အနုပညာလက်ရာ ရွှေအိမ်သာကမုတ်ကို ခိုးယူသွားတာဖြစ်ကြောင်း သိမ်းစ်ဗယ်လေးရဲဌာနက ပြောပါတယ်။

America လို့ နာမည်ပေးထားတဲ့ အခိုးခံရတဲ့ အဲဒီ ရွှေအတိ ပြီးတဲ့ အိမ်သာဟာ တကယ်အသုံးပြုလို့ရတဲ့ အိမ်သာလည်း ဖြစ်ပါတယ်။ နန်းတော်ဆီ လာရောက်လည်ပတ်သူတွေအနေနဲ့ အဲဒီ ရွှေအိမ်သာကို အသုံးပြုနိုင်တာပါ။

ဒါပေမယ့် ခုတော့ ဖောက်ထွင်းမှုဖြစ်ပြီး နန်းတော်မှာ ရွှေစင်အိမ်သာ မရှိတော့ဘဲ ဒီ ခိုးယူခံရမှုနဲ့ ပတ်သက်လို့ အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အဲဒီ ရွှေစင်အိမ်သာဟာ အမှန်တကယ် အသုံးပြုနိုင်တဲ့ အိမ်သာဖြစ်တာပြီး နန်းတော်ထဲ ရေပိုက်တွေ သွယ်တန်းထားတာကြောင့် ဖောက်ထွင်းခိုးယူခံရတဲ့အခါမှာ ပျက်စီးမှုတွေနဲ့ ရေလျှံမှုတွေ ဖြစ်ခဲ့တယ်လို့ ရဲဌာနက ပြောပါတယ်။

အဆိုပါ ရွှေအိမ်သာဟာ အီတလီအနုပညာရှင် မော်ရီဇီယိုရဲ့ အနုပညာပြပွဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပဲ ဖြစ်ပြီး အဲဒီ အနုပညာပြပွဲကို ကြာသပတေးနေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ရွှေအိမ်သာ ဖောက်ထွင်းခိုးယူခံရတဲ့ နန်းတော်ဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ပြီး ဝင်စတန်ချာချီ မွေးဖွားခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။

ခုချိန်မှာတော့ ဖောက်ထွင်းမှုကြောင့် အဲဒီ နန်းတော်ကို ပိတ်ထားကြောင်း သိရပါတယ်။

Rf; BBC
Writer -Min Thu

XYZ News ၏တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်