Sponsored

ဂျပန်နိုင်ငံမှာဆိုရင်တော့ အပြာရုပ်ရှင်ဇာတ်ကားတွေ က လည်း ရုပ်ရှင် ဈေးကွက်မှာ သူ့နေရာနဲ့ သူ အခိုင်အမာ နေရာ ယူထားကြပါတယ်။

ဒီလို ဇာတ်ကားမျိုးတွေမှာ ပါဝင် သရုပ်ဆောင် ကြရတဲ့ မင်းသမီးတွေရဲ့ နောက်ကွယ်က ဘ၀ အကြောင်းကိုတော့ Emiri Okazaki က အင်တာဗျူး တစ်ခုမှာ ရင်ဖွင့်ခဲ့ပါတယ်။သူမကိုယ်တိုင်ကလည်း အပြာမင်း သမီး တစ်ယောက်ပါ။

Sponsored

Asian Boss ဆိုတဲ့ Youtube Channel နဲ့ အင်တာဗျူးမှာ လူတွေ မသိကြတဲ့ သူမရဲ့ နောက်ကွယ်က ဘ၀ အကြောင်းကို ထုတ်ပြောခဲ့ပါတယ်။သူမ ဒီလောကထဲကို ဘယ်လို ဝင်ရောက်ဖြစ်ခဲ့တယ်၊သူမရဲ့ စိတ် ခံစားချက်၊ ဒီ အလုပ်က သူမရဲ့ တကယ့် Life ကိုပါ ဘယ်လို သက်ရောက်မှု တွေ ရှိခဲ့လဲ ဆိုတာကို အကုန် ပြောပြခဲ့ပါတယ်။

ဘယ်လို မိန်းကလေး မျိုး တွေ က ဒီလောကထဲ ဝင်လာကြလဲ ဆိုတဲ့ အမေးကိုတော့..” Emiri Okazaki က …..တစ်ချို့က ကျောင်းပြီးထားပေမယ့် အလုပ်မရှိလို့ ဒီလောကထဲ ဝင်လာရှိသလို၊ တစ်ချို့က ပြည့်တန်ဆာ ၊နိုက်ကလပ်မယ် တွေ ကနေ ဒီလောကထဲဝင်လာတာလည်းရှိတယ်လို့ ဖြေ ခဲ့ပါတယ်။တစ်ချို့ဆိုရင် ချမ်းသာတဲ့ မိသားစု ကနေ ဒီလောကထဲ ဝင်လာတာရှိသလို၊ နာမည်ကြီး တက္ကသိုလ် တွေ ကနေ ကျောင်းပြီးပေမယ့် အပိုဝင်ငွေ ရအောင်နဲ့ အပြာမင်းသမီး ဆိုတာ ဘယ်လို အလုပ်မျိုးလဲ ဆိုပြီး စူးစမ်းချင်စိတ်နဲ့ ဒီအလုပ်ကို လုပ်တဲ့ သူတွေလည်း ရှိတယ်လို့ ဖြေခဲ့ပါတယ်။

Image:IG/Emiri Okazaki & youtube/Asian Boss

Emiri Okazaki က တော့ သူမဟာ နာမည်ကြီး မော်ဒယ်၊မင်းသမီး တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို ကိုယ်တိုင် သဘော ပေါက် လက်ခံ လိုက်ပြီး ချိန် မှာတော့ ဒီလောကထဲကို ဝင်လာဖို့ ဆုံးဖြတ် လိုက်တာပါ ဆိုပြီး ပြောခဲ့ပါတယ်။အသက် (၁၆)နှစ်တည်းက မော်ဒယ် လုပ်ခဲ့ပေမယ့် (၂၁)နှစ်ကို ရောက်တဲ့ အချိန်မှာ တော့ အနု ပညာလောထဲမှာလည်း မအောင်မြင်တဲ့ အတွက် လမ်းကြောင်း ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖြေခဲ့ပါတယ်။မင်းသမီး မော်ဒယ်ဘ၀ မှာတုန်းက ဆိုရင် ဒရမ်မာ ဇာတ်ကားထဲမှာ အခန်းနည်းနည်း ပါရ ဖို့ အတွက် တောင်မှ သူမရဲ့ အေ ဂျင်စီက အရမ်းကို ကြိုးစားခဲ့ရတာ မျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။အနုပညာလောကမှ ထင်သလောက် မအောင်မြင် တဲ့ အတွက် ဒီလောကထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Image:IG/Emiri Okazaki & youtube/Asian Boss

ရိုက်ကူးရေးတွေ ဘယ်လို လုပ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး အရင်ဆုံး ဒါရိုက်တာ နဲ့ တွေ့ ပြီး ရိုက်နိုင်၊မရိုက်နိုင်တဲ့ အခန်းတွေ ကို ဆွေးနွေးကြကြောင်း၊ရိုက်ကွင်းကတော့ တခြား ရိုက်ကွင်းတွေ လိုပဲ ရှုတင်ကို လာ၊မိတ်ကပ် ပြင်ဆင် ရိုက်ကူးရေး လုပ်တယ်လို့ ဆိုပါတယ်။မိန်းကလေး တော် တော်များများက ရိုက်ကွင်းမှာ ငိုတာမျိုးတွေ ရှိပေမယ့် သူမကတော့ မငိုဘူးလို့ ပြောပါတယ်။ဒါပေမယ့် ရိုက်ကူးရေးပြီးတဲ့ အခါမှာတော့ ငိုချခဲ့ကြောင်း၊ဘာကြောင့် ငိုမိလဲ ဆိုတာကို သူမ ကိုယ်တိုင် တောင်မှ သေချာ မသိဘူးလို့ ဆိုပါတယ်။ငါ အမှားလုပ်ထားတာ မရှိဘူးဆိုတဲ့ စိတ်မျိုး ရှိ ပေမယ့် လည်း တစ်ဖက်မှာတော့ သူမကိုယ်သူမ အပြစ်တစ်ခုခု ကျူးလွန်မိလိုက်တဲ့ စိတ်မျိုး ရ ခံစားရ ကြောင်း၊မိဘ တွေ အပေါ်မှာ အပြစ်ရှိတဲ့ စိတ်၊အားနာမိတဲ့ စိတ် ဖြစ်မိတယ်လို့ ပြောပါတယ်။

ဒီအလုပ်ကို လုပ်တာကို သူမရဲ့ အမေ သိတဲ့ ချိန်မှာတော့ (၆) လ လောက် သူမနဲ့ အဆက်ဖြတ်ခဲ့သလို ချစ်သူရဲ့ အမေ က သိချိန်မှာလည်း သားဖြစ်သူနဲ့ သူမ ရဲ့ Relationship ပြတ် တောက် အောင်ကြိုးစားခဲ့တာမျိုး ရှိဖူးတယ်လို့ ပြောပါတယ်။အင်တာဗျူး ဗီဒီယိုဖိုင် အပြည့် အစုံ ကတော့ မိနစ် (၂၀) ကျော်လောက် ကြာမြင့်မှာပါ။ဒီအင်တာဗျူး မှာတော့ လူတွေ မသိတဲ့ အပြာမင်းသမီးတွေ ရဲ့ နောက်ကွယ်က ဘ၀ တွေကို တွေ့မြင်ရမှာပါ။

Source:YouTube/Asian Boss

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *