“တကၠသိုလ္ ေက်ာင္းတုန္းက ေကာင္ေလးေတြကို ပညာေပးတာမ်ိဳး မရွိပါဘူး” ဆိုတဲ့ အိေခ်ာပို

ေႂကြ ႐ုပ္ရွင္ဇာတ္ကား အထူးပြဲသို႔ တက္ေရာက္လာတဲ့ အိေခ်ာပို

သ႐ုပ္ေဆာင္ အိေခ်ာပိုက မၾကာခင္ ႐ုံတင္ျပသေတာ့မယ့္ “ေႂကြ” ဇာတ္ကားမွာ “ခင္ရင္တင္” ဆိုတဲ့ ဇာတ္ေကာင္နဲ႕ တကၠသိုလ္က ေက်ာင္းသားေတြကို အခ်စ္ေရးနဲ႕ပတ္သက္ၿပီး ပညာေပးတဲ့သူ တေယာက္ အေနနဲ႕ ပါဝင္ သ႐ုပ္ေဆာင္ထားတယ္လို႔ ဆိုပါတယ္။

ေႂကြ ႐ုပ္ရွင္ဇာတ္ကား အထူးပြဲသို႔ တက္ေရာက္လာတဲ့ အိေခ်ာပို

အိေခ်ာ အရမ္းကို စိတ္လႈပ္ရွားေနတယ္။ ဒီကားကလည္း အရင္တုန္းက အရမ္းေကာင္းထားတဲ့ ကားေလးကို ျပန္ရိုက္ထားတာဆိုေတာ့ အိေခ်ာအေနနဲ႕ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားထားပါတယ္။ ၿပီးေတာ့ အိေခ်ာ ရိုက္ေနက် ပုံစံ မဟုတ္ဘဲ ေျပာင္းၿပီးေတာ့ သ႐ုပ္ေဆာင္ထားပါတယ္။ ဒီကားထဲက ဝတ္စုံေလးေတြက ဒီဇိုင္နာ ကိုမ်ိဳးမင္းစိုး လက္ရာေတြပါ။ ကိုမ်ိဳးမင္းစိုးက အိေခ်ာနဲ႕ လိုက္မယ့္ ဝတ္စုံေတြကို ဆင္ေပးတာေပါ့ေနာ္။ ေအာက္က ေျပာင္ေလးေတြနဲ႕ အေပၚက ဇာေလးေတြနဲ႕တြဲၿပီး အေရာင္လြင္လြင္ေလး ခ်ဳပ္ေပးထားတာပါ” လို႔ အိေခ်ာပိုက ေျပာပါတယ္။

အိေခ်ာပိုက တကၠသိုလ္ေက်ာင္းသားဇာတ္ကား ရိုက္ေတာ့ တကၠသိုလ္တုန္းက သူငယ္ခ်င္းေတြကို သတိရေၾကာင္းနဲ႕ ဇာတ္ကားထဲမွာေတာ့ ေကာင္ေလးကို ပညာေပးတာမ်ိဳးရိုက္ကူးထားၿပီး တကၠသိုလ္ေက်ာင္းတုန္းက ေကာင္ေလးေတြကို ပညာေပးတာမ်ိဳးမရွိဘူးလို႔ ေျပာပါတယ္။

ေႂကြ ႐ုပ္ရွင္ဇာတ္ကား အထူးပြဲသို႔ တက္ေရာက္လာတဲ့ အိေခ်ာပို

အျပင္မွာ ဒီကားထဲကလို ပုံစံေလးဆိုရင္ ဘယ္သူပဲ ျဖစ္ျဖစ္ ကိုယ့္ခ်စ္သူက ကိုယ္ခိုင္းသမွ် လုပ္ေပးတယ္။ ကိုယ္ စိတ္ခ်မ္းသာေအာင္ ထားတယ္ဆိုရင္ ဘယ္သူမဆို ေပ်ာ္ၾကမွာ၊ ေက်နပ္ၾကမွာပဲေနာ္။ ဒီကားရိုက္တုန္းက တကၠသိုလ္ ေက်ာင္းတုန္းက သူငယ္ခ်င္းေတြ ေပ်ာ္တာပါးတာကို သတိရတာေပါ့ေနာ္” လို႔ အိေခ်ာပိုက ေျပာပါတယ္။

အိေခ်ာ တကၠသိုလ္ ေက်ာင္းတုန္းက သူမ်ားကို ပညာေပးတာေတြ ဘာေတြ မရွိပါဘူး။ အိေခ်ာ ခႏၶာကိုယ္ပိုင္းနဲ႕ ပတ္သက္ၿပီး ျပင္ဆင္ရတာေတာ့ မရွိဘူး။ တခုပဲ ပထမမိုးတြင္းမွာ ရိုက္တယ္။ မိုးတြင္းၿပီးမွ ျပန္ရိုက္တာ ရွိတဲ့အတြက္ မ်က္ႏွာပိုင္းေလးေတြ ဝသြားတာတို႔၊ ပိန္သြားတာတို႔ေတာ့ အနည္းအက်ဥ္း ရွိပါတယ္” လို႔ အိေခ်ာပိုက ဆိုပါတယ္။

အိေခ်ာလည္း အတတ္နိုင္ဆုံးေတာ့ ႀကိဳးစားထားပါတယ္။ ဒီကားေလးၾကည့္ၿပီးသြားရင္ မိန္းကေလးေတြ ေကာင္ေလးေတြကို ပညာေပးမယ္ဆို ဒီဇာတ္ကားေလးကို ၾကည့္ၾကည့္ပါ။ ၿပီးသြားရင္ ေကာင္ေလး ပညာေပးတဲ့ အခန္းက်ရင္ လက္ခုပ္တီးတာ ခံရလိမ့္မယ္”လို႔လည္း အိေခ်ာပိုက ေျပာပါတယ္။

ေႂကြ ႐ုပ္ရွင္ဇာတ္ကား အထူးပြဲသို႔ တက္ေရာက္လာတဲ့ အိေခ်ာပို

သ႐ုပ္ေဆာင္ အိေခ်ာပိုဟာ အႏုပညာပညာပ်ိဳးခင္းမွ စင္တင္ မင္းသမီးတဦးျဖစ္ၿပီး လက္ရွိမွာေတာ့ ပရိသတ္ အားေပးမႈ ရရွိလာခဲ့ၿပီး ေနာက္ပိုင္း ဇာတ္ကားမ်ားစြာကို ပီျပင္စြာ သ႐ုပ္ေဆာင္ေနသူလည္း ျဖစ္ပါတယ္။ “ေႂကြ” ဇာတ္ကားမွာေတာ့ အဆိုေတာ္ လႊမ္းပိုင္နဲ႕ တြဲဖက္သ႐ုပ္ေဆာင္ထားၿပီး “ေႂကြ” ႐ုပ္ရွင္ကို ဇူလိုင္ ၂၀ ရက္ ေန႕မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

Via: The Irrawaddy


#Unicode Version

သရုပ်ဆောင် အိချောပိုက မကြာခင် ရုံတင်ပြသတော့မယ့် “ကြွေ” ဇာတ်ကားမှာ “ခင်ရင်တင်” ဆိုတဲ့ ဇာတ်ကောင်နဲ့ တက္ကသိုလ်က ကျောင်းသားတွေကို အချစ်ရေးနဲ့ပတ်သက်ပြီး ပညာပေးတဲ့သူ တယောက် အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ကြွေ ရုပ်ရှင်ဇာတ်ကား အထူးပွဲသို့ တက်ရောက်လာတဲ့ အိချောပို

အိချော အရမ်းကို စိတ်လှုပ်ရှားနေတယ်။ ဒီကားကလည်း အရင်တုန်းက အရမ်းကောင်းထားတဲ့ ကားလေးကို ပြန်ရိုက်ထားတာဆိုတော့ အိချောအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ပြီးတော့ အိချော ရိုက်နေကျ ပုံစံ မဟုတ်ဘဲ ပြောင်းပြီးတော့ သရုပ်ဆောင်ထားပါတယ်။ ဒီကားထဲက ဝတ်စုံလေးတွေက ဒီဇိုင်နာ ကိုမျိုးမင်းစိုး လက်ရာတွေပါ။ ကိုမျိုးမင်းစိုးက အိချောနဲ့ လိုက်မယ့် ဝတ်စုံတွေကို ဆင်ပေးတာပေါ့နော်။ အောက်က ပြောင်လေးတွေနဲ့ အပေါ်က ဇာလေးတွေနဲ့တွဲပြီး အရောင်လွင်လွင်လေး ချုပ်ပေးထားတာပါ” လို့ အိချောပိုက ပြောပါတယ်။

အိချောပိုက တက္ကသိုလ်ကျောင်းသားဇာတ်ကား ရိုက်တော့ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေကို သတိရကြောင်းနဲ့ ဇာတ်ကားထဲမှာတော့ ကောင်လေးကို ပညာပေးတာမျိုးရိုက်ကူးထားပြီး တက္ကသိုလ်ကျောင်းတုန်းက ကောင်လေးတွေကို ပညာပေးတာမျိုးမရှိဘူးလို့ ပြောပါတယ်။

ကြွေ ရုပ်ရှင်ဇာတ်ကား အထူးပွဲသို့ တက်ရောက်လာတဲ့ အိချောပို

အပြင်မှာ ဒီကားထဲကလို ပုံစံလေးဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူက ကိုယ်ခိုင်းသမျှ လုပ်ပေးတယ်။ ကိုယ် စိတ်ချမ်းသာအောင် ထားတယ်ဆိုရင် ဘယ်သူမဆို ပျော်ကြမှာ၊ ကျေနပ်ကြမှာပဲနော်။ ဒီကားရိုက်တုန်းက တက္ကသိုလ် ကျောင်းတုန်းက သူငယ်ချင်းတွေ ပျော်တာပါးတာကို သတိရတာပေါ့နော်” လို့ အိချောပိုက ပြောပါတယ်။

အိချော တက္ကသိုလ် ကျောင်းတုန်းက သူများကို ပညာပေးတာတွေ ဘာတွေ မရှိပါဘူး။ အိချော ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ရတာတော့ မရှိဘူး။ တခုပဲ ပထမမိုးတွင်းမှာ ရိုက်တယ်။ မိုးတွင်းပြီးမှ ပြန်ရိုက်တာ ရှိတဲ့အတွက် မျက်နှာပိုင်းလေးတွေ ဝသွားတာတို့၊ ပိန်သွားတာတို့တော့ အနည်းအကျဉ်း ရှိပါတယ်” လို့ အိချောပိုက ဆိုပါတယ်။

အိချောလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားထားပါတယ်။ ဒီကားလေးကြည့်ပြီးသွားရင် မိန်းကလေးတွေ ကောင်လေးတွေကို ပညာပေးမယ်ဆို ဒီဇာတ်ကားလေးကို ကြည့်ကြည့်ပါ။ ပြီးသွားရင် ကောင်လေး ပညာပေးတဲ့ အခန်းကျရင် လက်ခုပ်တီးတာ ခံရလိမ့်မယ်”လို့လည်း အိချောပိုက ပြောပါတယ်။

ကြွေ ရုပ်ရှင်ဇာတ်ကား အထူးပွဲသို့ တက်ရောက်လာတဲ့ အိချောပို

သရုပ်ဆောင် အိချောပိုဟာ အနုပညာပညာပျိုးခင်းမှ စင်တင် မင်းသမီးတဦးဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ် အားပေးမှု ရရှိလာခဲ့ပြီး နောက်ပိုင်း ဇာတ်ကားများစွာကို ပီပြင်စွာ သရုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ “ကြွေ” ဇာတ်ကားမှာတော့ အဆိုတော် လွှမ်းပိုင်နဲ့ တွဲဖက်သရုပ်ဆောင်ထားပြီး “ကြွေ” ရုပ်ရှင်ကို ဇူလိုင် ၂၀ ရက် နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Via: The Irrawaddy