Sponsored

မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်အစုအဖွဲ့ တစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်ပတ်က အသင်းအမူ ဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ရဲ့အိမ်ကို လာရောက်တိုက်ခိုက် ခဲ့ကြတာဖြစ်ပါတယ်။

အက်ဒ်ဝုဒ်ရဲ့ အိမ်ထဲ ကို မီးရှူးမီးပန်းတွေ၊မီးခိုးဗုံးတွေ ပစ်သွင်းခဲ့ကြတာကြောင့် အိမ်ဝန်းအတွင်းမှာ မီးခိုးနဲ့ မီး တောက် တွေ ပျံ့ကျဲသွားခဲ့ရပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ရတာဖြစ်ပါတယ်။အဆိုပါဖြစ်ရပ်အပြီး ၅ရက် အကြာမှာယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူနိုက်တက်နဲ့ ဝုဗ်အသင်းပွဲစဉ်မှာတော့ ပုံမှန်လာရောက်ကြည့်ရူ လေ့ရှိသည့် အက်ဒ်ဝုဒ်ရောက်မလာခဲ့တာဖြစ်ပါတယ်။

Getty Images

မန်ယူနိုက်တက် အရာရှိချုပ် အက်ဒ်ဝုဒ် ထိုင်လေ့ရှိတဲ့ ပွဲကြည့်စင်က ထိုင်ခုံဟာလည်း လစ်လပ်လျက်ရှိ နေတာကိုတွေ့ရပြီး အက်ဒ်ဝုဒ် ရောက်မလာခဲ့တဲ့အတွက် အသင်းပရိသတ်တွေစီစဉ်ထားတဲ့ဆန္ဒပြမူ တစ်ခုဟာလည်းဖြစ်မြောက်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

Sponsored

အက်ဒ်ဝုဒ်ဟာ သူ့ရဲ့အိမ်တိုက်ခိုက်ခံခဲ့ရပြီး နောက် မှာတော့ ကာလကြာရှည်စိတ်ဝင်စားခဲ့တဲ့ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဝေဖန်မူတွေရှိနေခဲ့တဲ့တိုက်စစ်ပိုင်းအတွက်လည်း ဝက်ဖို့ဒ် တိုက်စစ်မှူးဟောင်းဖြစ်သူ အီဂါလိုကို ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ရာသီကုန် အထိအငှားစာချုပ် နဲ့ ခေါ်ယူပေးခဲ့တာဖြစ်ပါတယ်။

Getty Images
Getty Images

ယူနိုက်တက်ပရိသတ်တွေဟာ ပွဲချိန် ၆၈မိနစ်အရောက်မှာ အက်ဒ်ဝုဒ်ကို ကွင်းထဲကနေပဲ မက်တပ်ရပ် ပြီးဆန္ဒပြဖို့ ပြင်ဆင်ထားကြတာဖြစ်ပေမယ့် အက်ဒ်ဝုဒ်ရောက်မလာခဲ့တဲ့အတွက် အစီအစဉ်လည်း ပျက် ပြယ်ခဲ့ရပါတယ်။ နည်းပြဆိုးလ်ရှားကတော့ ဆန္ဒပြမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် လည်း အကောင်းဆုံးအားပေးမူတွေပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေကို ပွဲအပြီးမှာချီးကျူး သွားခဲ့ ပါတယ်။”ပွဲမတိုင်ခင်ကပြောဆိုမူတချို့ရှိခဲ့ပေမယ့်လည်းပရိသတ်တွေဟာ မယုံကြည်နိုင်စ ရာပါပဲ။ သူတို့ အမှန်တကယ် ကောင်းမွန်ခဲ့ပြီး ဖိအားတွေကို ဖန်တီးနိုင်ခဲ့တယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပရိသတ်တွေဆိုတာ ပြသခဲ့တယ်” လို့ ဆိုးလ်ရှားကချီးကျူးခဲ့ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *