Sponsored

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မနီလာမြို့တော်ကို ပိတ်ချလိုက်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

@EPA

သမ္မတဒူတာတေးက နိုင်ငံပိုင်ရုပ်သံကတစ်ဆင့် မိန့်ခွန်း ပြောကြားရာမှာ အခုလို ကြေညာခဲ့တာပါ။ ကျောင်းတွေကို (၁)လတာ ပိတ်ပင်ဖို့၊ လူစုလူဝေး မပြုလုပ်ဖို့နဲ့ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ နိုင်ငံတွေက ပြည်ပနိုင်ငံသားတွေကို နိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်ဖို့ ထုတ်ပြန်လိုက်တာပါ။

ဒီလုပ်ဆောင်ချက်တွေဟာ ဘယ်အချိန်မှာ စတင်အကျုံးဝင် သက်ရောက်နိုင် တယ်ဆိုတာ မသိပေမဲ့ မနီလာမြို့တော်မှာတော့ တနင်္ဂနွေနေ့က စတင်ပြီး အကျုံးဝင်သက်ရောက် လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Sponsored
@EPA

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ (၅၀)ကျော် ရှိပြီး သေဆုံးသူ(၅)ဦးအထိ မြင့်တက်လာတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *