Sponsored

အသက် ၃၅နှစ်အရွယ် ဝေလအဆိုတော် Duffy ဟာ သူမရဲ့ ရင်နှင့်ဖွယ်အတိတ်ကို ပရိတ်သတ်ကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ ရက်ပေါင်းများစွာ ချုပ်နှောင်ခံခဲ့ရကာ အလိုမတူပဲ လိင်ဆက်ဆံခံခဲ့ရတာပါ။ ဒီသတင်းထွက်ပေါ်လာပြီးနောက်မှာတော့ Duffy ရဲ့ ပရိတ်သတ်တွေဟာ သူမကို အားပေးမှုတွေ နှစ်သိမ့်မှုတွေ အမြောက်အများပြုလုပ်ပေးခဲ့ကြပါတယ်။

@Instagram

နာမည်အရင်း Aimee Anne Duffy ဟာ သူမဟာ ဆေးခတ်ခံခဲ့ရကာ ရက်ပေါင်းများစွာဖမ်းဆီးခံခဲ့ရပြီး ထိုအတော်အတွင်း မုဒိမ်းလည်းအကျင့်ခံခဲ့ရပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူမဟာ ဒီဝန်ခံချက်ကို သူမရဲ့ Instagram စာမျက်နှာမှာ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ သူမက ” ကျွန်မ ဒီစာကိုရေးဖို့ ဘယ်လောက်တောင်စိတ်ပိုင်းဖြတ် ကြိုးစားခဲ့ရတယ်ဆိုတာ သင်တို့ခန့်မှန်းနိုင်မှာပါ။ စာကိုရေးမယ်လုပ်လိုက်တိုင်း ထိုအကြောင်းတွေက ကျွန်မကို ထိုးနှက်နေတယ်” လို့ ဖော်ပြခဲ့ပါတယ်။ ” အခုအချိန်မှာတော့ ကျွနိမ အသေးစိတ်ဘာမှာရှင်းပြနိုင်မှာမဟုတ်တဲ့အတွက် နားလည်ပေးစေလိုပါတယ်လို့လည်း ပါရှိပါတယ်။

@Instagram

ကျွန်မ ပီးခဲ့တဲ့နွေရာသီက ဘာလို့ပျောက်သွားခဲ့လဲ ဆိုတာ သင်တို့သိရင်အံ့သြဆုံးမှာ မဟုတ်ပါဘူး၊ သတင်းသမားတစ်ယောက်ဆက်သွယ်လာခဲ့ပြီး ကျွနိမဆီသူရောက်လာခဲ့ပါတယ်။ ကျွန်မလည်းသူ့ကို အကုန်ဖွင့်ဟခဲ့ပါတယ်။ သူဟာ အရမ်းကြင်နာတတ်တဲ့သူပါ။ တကယ်တော့ကျွန်မ ဆေးမိခဲ့တယ် အချုပ်နှောင်ခံံခဲ့ရတယ် မုဒိမ်းကျင့်ခံခဲ့ရတာပါ။ ဒါပေမဲ့ခုတော့ အခြေအနေတွေတည်ငြိမ်ဖို့ကြိုးစားနေပါတယ်။ အချိန်တော့ယူခဲ့ရပါတယ်။ ကျွန်မ လွန်ခဲ့တဲ့ဆယ်စုနှစ်က အောင်မြင်မှုလေးတွေပြန်ရချင်မိတယ် ။ အခုလောလောဆယ် ကျွန်မ ပရိသတ်အရှေ့မထွက်ဖြစ်တာက ကျွန်မရဲ့ ခံစားနေရမှုတွေကို မမြင်စေ ချင်လို့ပါ။ ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်။ နှလုံးသားနဲ့ခံစားသီဆိုဖို့ င့ါမှာ ပျက်ဆီးကြေမွနေတဲ့ နှလုံးသားတစ်စုံပဲရှိတယ်။ ဒါပေမဲ့ အချိန်ကကုစားလာတဲ့အတွက် ပြန်လည် နိုးထဖို့ ဖြစ်လာခဲ့ပါပြီ ” လို့လည်း ရေးသားထားပါတယ်။

Sponsored
@Instagram

သူမရဲ့ပရိသတ်တွေကတော့ ဖွင့်ဟနိုင်ခဲ့တဲ့ သူမရဲ့ ရဲရင့်မှုကိုလေးစားကြောင်း ၊ သူမနဲ့ထပ်တူခံစားရပါကြောင်း၊ အမြန်ဆုံးသက်သာပါစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။

Writer – ZWP ( The Lifestyle Myanmar )
Source – Mirror

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *