Sponsored

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုသည် ဒီနေ့ ဖေဖော်ဝါရီလ ၆ရက်နေ့ မနက်ပိုင်းက မင်းဘူးခရိုင်တရားရုံးကို လာပြီးသက်သေထွက်ဆိုပေးသွားတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ပြောတာက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု ကုလားကုန်းကျေးရွာနေ ရွာသူရွာသားတစ်ချို့ကို မင်းထက်ကြွယ်စက်သုံးဆီဆိုင်ပိုင်ရှင်က သူ့အကျိုးစီးပွားကိုဖျက်ဆီးတယ်၊ နှောက်ယှက်တယ်ဆိုပြီး တရားစွဲဆိုထားလို့ တရားအစွဲခံရတဲ့ရွာသူရွာသားတွေဘက်ကနေ သက်သေထွက်ဆိုပေးဖို့ လာရောက်တာဖြစ်တယ်လို့ မကွေးဂျာနယ်ကို ပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို

အခုကျေးရွာပြည်သူဘက်က သက်သေလိုက်ပေးရတဲ့အကြောင်းအရင်းက ပန့်ဆိုင်ဖွင်ထားတဲ့လုပ်ငန်းရှင်က သူ့မှာတရားဝင်သိုလှောင်ခွင့်၊ ရောင်းချခွင့်မရှိသေးဘူး၊ ဆောက်ခွင့်မရှိသေးဘဲနဲ့ ပန့်ဆိုင်ဆောက်နေတာကို မီးရေးထင်းရေးကြောက်ရလို့ ကုလားကုန်းကျေးရွာပြည်သူတွေက လက်မှတ်ရေးထိုးပြီး ဆောင်လုပ်ခွင့်မပေးဖို့ စာတင်တောင်းဆိုထားတယ်၊ ကျွန်တော်ကလည်း ပန့်ဆိုင်ဆောက်ဖို့ ထောက်ခံပေးမထားဘူး၊ သူတို့ကဆက်ဆောက်တယ်၊ သက်ဆိုင်ရာတွေက အဆင့်ဆင့်တားတယ်၊ ရေနံနဲ့ပစ္စည်းရောင်းဝယ်ရေး တိုင်းမန်နေဂျာကတားတယ်၊ ဆက်ဆောက်တယ် ပြီးတော့သူက ကန့်ကွက်တဲ့ ဒေသခံတွေကို ဒီလိုတရားစွဲဆိုတော့ ခံရတဲ့ရွာသူရွာသားတွေက သက်သေလိုက်ပေးဖို့ခေါ်လို့ အခုလို့လာရောက် သက်သေထွက်ဆိုပေးတာပါလို့ ပြောပါတယ်။

Sponsored

ဖြစ်စဥ်က ပွင့်ဖြူမြို့နယ် ကုလားကုန်းကျေးရွာမှာ မင်းထက်ကြွယ်စက်သုံးဆီဆိုင်ဆောက်လုပ်တာကို ဒေသခံတစ်ချို့က ကန့်ကွက်လို့ ဆောက်လုပ်နေတာကိုရပ်လိုက်ရတဲ့အတွက်စက်သုံးဆီဆိုင်ဆောက်လုပ်နေတဲ့ပိုင်ရှင်က ဦးမင်းနိင်က သူနစ်နာပါတယ်ဆိုပြီး ဦးဆောင်ကန့်ကွက်တဲ့ ဦးဇော်ဝင်းနဲ့ ဦးသောင်းရွှေတို့ကို မင်းဘူးခရိုင်တရားရုံးမှာကျပ်သိန်း(သုံးရာရှစ်ဆယ်)ကျော်ရလိုမှုနဲ့ တရားမကြီး အမှတ်(၁/၂၀၁၈)နဲ့ အမှုဖွင့်ထားကြောင်း မင်းဘူးခရိုင်တရားရုံး ခရိုင်တရားသူကြီးတာဝန်ကိုယာယီတာဝန်ယူထားရတဲ့ ဒုခရိုင်တရားသူကြီးဒေါ်ခင်ဌေးမော်က ပြောပါတယ်။

မင်းဘူးခရိုင်တရားရုံး

အဲ့ဒီအမှုနဲ့ပါတ်သက်ပြီး တရားလိုဘက်မှလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သန္တာလင်းကို ဆက်သွယ်မေးမြန်ရာ ဖြေကြာလိုခြင်းမရှိဘူးလို့ပြောပါတယ်။

Source: U Than Win Naing Fb

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *