Sponsored

တနင်္လာနေ့ရရှိတဲ့သတင်းအရ စင်ကာပူနိုင်ငံသား ဆရာဝန်တစ်ယောက်ဟာ ရည်စားဟောင်းကိုအခန်းထဲထည့်ပြီး လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ရာမှာ ကောင်မလေးက ငြင်းဆိုတဲ့အတွက် အကြမ်းဖက်မှုတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်ခံရသူအမျိုးသမီးဟာ မျက်နှာနဲ့ လက်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီးး ဦးနှောက်သွေးယိုတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်ကစဉ်ကလျားဖြစ်စဉ်ကိုလည်း ခံစားနေရတယ်လို့ ဆေးအဖြေရသိရပါတယ်။ အသက် ၃၅နှစ်အရွယ် Teo Shun Jie ဟာ သူ့လုပ်ရပ်နဲ့ပတ်သတ်ပြီးတော့လည်း ဝန်ခံခဲ့ပါတယ်။

(Photo: TODAY/Raj Nadarajan)

သူ့ရဲ့ အမှုလိုက်အရာရှိကတော့ Teo ဟာ အရက်အနည်းငယ်မူးနေတဲ့အတွက် စိတ်ပုံမှန်မဟုတ်နေပဲ ယခုလို ဖြစ်သွားဖို့အတွက်လည်းမရည်ရွယ်ကြောင်းကာကွယ်ပြောဆိုခဲ့ပေမယ့်လဲ တရားရုံးက ပယ်ချခဲ့ပါတယ်။ Teo ဟာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၇ ရက်နေ့မှာ သူ့ချစ်သူ အသက် ၂၇နှစ်အရွယ် Rachel Lim En Hui နဲ့အတူ သူရဲ့ တိုက်ခန်းရှိရာ Redhill ကိုသွားရောက်ခဲ့ပါတယ်။ အချိန်က ညဖက်ဖြစ်ပြီး ညစာအတူစားပြီး ပြန်ခဲ့တာပါ။ သူတို့ဟာ အရက်အနည်းငယ်နဲ့ သီးချင်းဆိုတာတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။

Sponsored

အိမ်ရောက်တာနဲ့ Teo ဟာ သူ့အိပ်ခန်းထဲမှာ ကောင်မလေးကို လိင်ဆက်ဆံဖို့ ပြောဆိုခဲ့ပါတယ်။ သူမက ပင်ပန်းနေတဲ့အတွက် မလုပ်ချင်ကြောင်းပြောပေမယ့် Teo က သူမရဲ့ ဘောင်းဘီကိုဆွဲချွတ်ကာ မလှုပ်မရှက် လှဲနေတဲ့ သူမအထဲကို ထိုးထဲ့လိုက်ပါတယ်တဲ့။ ထိုအချိန်မှာ သူမက Teo ကို ” ရှင်အမြဲအဲလိုပဲ။ ရှင်လုပ်ချင်တာပဲသိတယ် ကျွန်မဘက်ကို ဘယ်တော့မှ မကြည့်ဘူးလို့ ” ပြောချိန်မှာ တော့ Teo ဟာသူမကို စတင်နှိပ်စပ်ပါတော့တယ်။ အခန်းပိတ်နှိပ်စက်တာဖြစ်ပြီး တခြားအခန်းက Teo အဖေနိုးလာပြီးရဲခေါ်တော့မှ ရပ်သွားခဲ့တာဖြစ်ပါတယ်။

(Photo: TODAY/Raj Nadarajan)

သူရဲ့ ရှေ့နေတွေကတော့ Teo ဟာ စိတ်ပုံမှန်မဖြစ်နေတဲ့အတွက် ရည်ရွယ်ချက်မရှိပဲကျူးလွန်မိခဲ့တာပါလို့ အကြိမ်ကြိမ်လျောက်လဲခဲ့ပေမယ့် ရုံးတော်က ပယ်ချခဲ့ပါတယ်။ မှုခင်းဆရာဝန်ရဲ့စစ်ဆေးချက်အရ အခင်းဖြစ်တဲ့နေ့မနက် ၄နာရီအချိန် Teo ရဲ့ သွေးကိုစစ်ဆေးခဲ့ရာမှာတော့ သွေးတွင်း အရက်ပါဝင်မှုဟာ 165 ကနေ 225 mg/dl ရှိပြီး ဒါဟာ အရမ်းကြီးများမနေဘူးလို့ဆိုပါတယ်။ လူတစ်ယောက်ဟာ သွေးထဲမှာ အရက်ပါဝင်မှု 300mg/dl ရှိမှာသာ စိတ်လွတ်သွားတတ်တယ်လို့လဲ တရားရုံးကဆိုပါတယ်။ Teo ကတော့ အခင်းဖြစ်ခဲ့တဲ့အချိန်ကို သူသေချာမမှတ်မိဘူးလို့လည်း ဆိုပါတယ်။

သို့ပေမယ့် Teo အဖေနဲ့ ရဲအရာရှိအခန်းထဲကို ဝင်ရောက်ချိန်မှာ သူဟာ ပုံမှန်အခြေအနေမှာရှိနေလို့ ထိုအချိန်က သူ့ကို အရက်အလွန်အကျွံ့သောက်သုံးမှုနဲ့ အမှုမစွဲခဲ့ပါဘူး။ ဒါ့အပြင် အိမ်ကိုကားမောင်းပြန်လာနိုင်မှု နဲ့ အခန်းထဲဝင်ပြီး လိင်ဆက်ဆံဖို့ပြင်ဆင်တာတွေကို ကြည့်ခြင်းအားဖြင့်လည်း သူဟာ ပုံမှန် လူတစ်ယောက်လိုပါပဲလို့ ပြောပါတယ်။

Teo က သူ့ကောင်မလေးက သူကားမောင်းနေချိန် ပါးစပ်နဲ့ အာသာဖြေမှုပြုပေးခဲ့ရုံမက အခန်းထဲမှာလည်း လိင်ဆက်ဆံခဲ့တယ်လို့ပြောပြီး အကြမ်းဖက်တာမျိုးမရှိဘူးလို့ ပြောပါတယ်။ Teo ရဲ့ အမှုကို April 17 ရက်နေ့မှာ ပြန်လည်ကြားနာသွားမှာလဲဖြစ်ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *