ရဲတပ္ဖဲြ႕ကို ကယ္တင္ေပးပါ ( ဟာသ )

ဆားပုလင္းႏွင္းေမာင္

စုိေျပ စိတ္မေကာင္းပါ။ စုိေျပ႕ အမ်ဳိးေတာ္ေတာ္မ်ားမ်ားက ရဲတပ္ဖဲြ႕ထဲကျဖစ္သည္။ ကိုယ္တုိင္လည္း ရဲလုိင္းခန္းတြင္ အၾကာႀကီးေနဖူးသည္။ ဒီေတာ့ စုိေျပလည္း ရဲတပ္ဖဲြ႕ရဲ႕မိသားစု၀င္တစ္ေယာက္လုိပင္ျဖစ္ေန၏။

အခုအခါ ျပည္သူေတြက ရဲေတြကုိ ေလွာင္ေျပာင္ၾကသည္။ ရဲတပ္ဖဲြ႕၏ ေဖ့ဘုတ္စာမ်က္ႏွာတြင္ ဘာတင္တင္ ဟဟေတြေပးၾကသည္။ စီအုိင္ဒီကို ဆဲၾကသည္။ ဘာေၾကာင့္လည္း စံုစမ္းၾကည့္ေတာ့ ဗစ္တုိးရီးုယားအမႈေၾကာင့္ျဖစ္သည္။

တကယ္ေတာ့ ဗစ္တုိးရီးယားအမႈႏွင္တင္မဟုတ္။ အျခားအမႈမ်ားႏွင့္ ပတ္သက္၍လည္း ရဲတပ္ဖဲြ႕ကုိ ျပည္သူေတြက ေလွာင္ေျပာင္ေနၾကတာၾကာပါၿပီ။ ဒီေတာ့ စုိေျပ စိတ္မေကာင္းပါ။ ကုိယ့္မိသား၀င္ေတြကုိ ေလွာင္ေျပာင္ေနသလုိ။ ဆဲဆုိေနသလုိ ခံစားရသည္။

အခု ဗစ္တုိးရီးယားအမႈကေတာ့ ရဲတပ္ဖဲြ႕ကုိ အေလွာင္ဆံုးေပါ့။ လြန္ခဲ့သည့္ ႏွစ္လအခင္းျဖစ္ပြားသည္။ တစ္လလံုး သံသယရွိသူကို ဖမ္းၿပီးစစ္သည္။ ဒါေပမဲ့ မေပၚ။ ျပန္လႊတ္ေပးလုိက္ရသည္။ ျပည္သူေတြ ၀ုိင္းေအာ္သည္။ ဆႏၵေတြျပသည္။

အဲ့ေတာ့ ျပန္လႊတ္ေပးခဲ့သူကုိပင္ ျပန္ဖမ္းသည္။ တရားစဲြသည္။ ဗစ္တုိးရီးယားအမႈႏွင့္ ပတ္သက္လုိ႔ ကူညီေနသူတစ္ဦးကုိလည္း ရဲတပ္ဖဲြ႕ ဂုဏ္သကၡာက်သည္ဟုဆုိကာ ဖမ္းလုိက္ေသးသည္။ အာမခံရွိလုိ႔သာ ျပန္လြတ္တာ။ အာမခံသူသာ မရွိလွ်င္ အဲ့လူလည္း အခ်ဳပ္ထဲေရာက္ေနမွာ။ အမႈအတြက္ အလွဴေငြေတြ ေကာက္ထားတာကုိလည္း တားျမစ္သည္။ ဘဏ္စာရင္းကုိပင္ လွမ္းပိတ္ခုိင္းသည္။

ဒီေတာ့ ျပည္သူေတြက ဆဲၾကေတာ့သည္။ ေလွာင္ၾက၏။ ျပည္သူေတြကလည္း အက်င့္မေကာင္းၾက။ ရဲတပ္ဖဲြ႕ႏွင့္ စီအုိင္ဒီ၏ ငယ္က်ဳိးငယ္နာေတြကုိ ေဖာ္ၾကသည္။

စီအုိင္ဒီကုိင္လုိက္လွ်င္ အဲ့အမႈ တရားခံမမိေတာ့၊ လမ္းဆံုးၿပီဟု စြပ္စဲြၾကသည္။ စိမ္းလဲ့ကန္သာ ငါးေလာင္းၿပဳိင္လည္း မမိေသး။ မဂၤလာဒံုေလးေလာင္းၿပဳိင္လည္း ကုိယ့္ဟာကုိယ္သတ္တာျဖစ္သြားသည္။ ဟုိအမႈလည္း မမိ၊ ဒီအမႈလည္း မမိဆုိၿပီး ေလွာင္ၾကသည္။ ျပည္သူေတြကိုယ္တုိင္ဖမ္းေပးမွ မိမွာလား ဟုလည္း ေမးၾကသည္။

စိတ္မေကာင္းပါ။ ရဲတပ္ဖဲြ႕ကုိ ဒီလုိေတြ ေျပာေနတာ မခံစားႏုိင္။ စုိေျပတင္မဟုတ္။ ဆားပုလင္းႏွင္းေမာင္လည္း စိတ္ေကာင္းမည္မဟုတ္။ ကုိႏွင္းေမာင္က အင္းစိန္ စီအုိင္ဒီက မဟုတ္လား။ ဒီေတာ့ သူ႔တပ္ဖဲြ႕ကုိ ဆဲဆုိ ေလွာင္ေျပာင္ေနတာေတြကို ကုိႏွင္းေမာင္မ်ားသိလွ်င္ ေရာက္ရာေနရာက အေျပးျပန္လာမည္သာျဖစ္သည္။ ဆဲဆုိေလွာင္ေျပာင္ေနသည့္ ျပည္သူေတြကို တရားစဲြ ဖမ္းဆီးဖုိ႔ ျပန္လာမည္မဟုတ္။ တရားခံကုိသာ မိေအာင္ဖမ္းေပးဖုိ႔သာ ျပန္လာျခင္းျဖစ္ေပလိမ့္မည္။

ဆားပုလင္းႏွင္းေမာင္ဆုိတာ တစ္ႏုိင္ငံလံုးအသိ။ ခက္ခဲနက္နဲေသာ အမႈႀကီးမ်ားကုိ ေဖာ္ခဲ့သူ။ အဲ… မုဒိမ္းမႈကိုေတာ့ မလုိက္ဖူးဘူးထင္သည္။ လူဆုိးေတြကို မေၾကာက္။ အထက္လူႀကီးကိုလည္း ေၾကာက္သူမဟုတ္။ အထက္လူႀကီးကို ပမာပခန္႔လုပ္လြန္းလုိ႔ ဆားပုလင္းဆုိသည့္ လူဆုိးထိန္းရာထူးက မတက္။ နယ္ကုိလည္း ခဏခဏအပုိ႔ခံရသည္။ ဒါေပမဲ့ အမႈေတြျဖစ္လာလွ်င္ေတာ့ ဆားပုလင္းႏွင္းေမာင္ကို ျပန္ေခၚရစၿမဲ။

အခုေတာ့ စီအုိင္ဒီမွာ ဆားပုလင္းႏွင္းေမာင္မရွိ။ ဘယ္ေတြေရာက္ေနမွန္းမသိ။ ကုိႏွင္းေမာင္ စီအုိင္ဒီမွာ မရွိေတာ့တာ ေတာ္ေတာ္ဆုိးသည္။ ဘယ္ေရာက္လုိ႔ ေရာက္သြားမွန္းလည္းမသိ။ မသိဆုိ ဆားပုလင္းႏွင္းေမာင္အေၾကာင္းေရးခဲ့သည့္ ဆရာႀကီးမင္းသိခၤကလည္း ကုိႏွင္းေမာင္၏ ေနာက္ပုိင္းေန႔ရက္ေတြကို ေသခ်ာမေရးထား။ ေရႊဘုိဂတ္မွာလုိလုိ၊ ေခ်ာက္ဂတ္မွာလုိလုိ။ ရာထူးမတက္လုိ႔ စစ္ထဲပဲ၀င္သြားသလုိလုိ။ စစ္ထဲ၀င္ၿပီးမွ ရာထူးအျမင့္ႏွင့္ ရဲတပ္ဖဲြ႔ကို ျပန္လာဖုိ႔ေတြးသလားေတာ့မသိ။ ေလာေလာဆယ္ေတာ့ ဆားပုလင္းေပ်ာက္ေနသည္။ ငံျပာရည္ပုလင္းေတြလည္း မရွိေတာ့။

ရဲတပ္ဖဲြ႕၏ ဂုဏ္သိကၡာ။ စီအုိင္ဒီ၏ ဂုဏ္သိကၡာတုိ႔အတြက္ ဆားပုလင္းႏွင္းေမာင္ရွိမွျဖစ္ေတာ့မည္။ ဆားပုလင္းႏွင္းေမာင္ကုိ ျပန္ရွာရမည္။ ႏုိ႔မုိ႔ဆုိ မလြယ္။

တကယ္ေတာ့ စီအုိင္ဒီႏွင့္ ရဲတပ္ဖဲြ႕သည္ အခုမွ အဆဲခံရသည္မဟုတ္။ အခုမွ အေလွာင္ခံရသည္မဟုတ္။ အဂၤလိပ္လက္ထက္ကတည္းကပင္ ျပည္သူမ်ား၊ သတင္းစာမ်ားက ေလွာင္ၾကသည္။ တရားခံမမိေသးဘူး၊ ရဲတပ္ဖဲြ႕အိပ္ေပ်ာ္ေနၿပီလား။
စီအုိင္ဒီ ဘာလုပ္ေနလဲဟု ခဏခဏေရးၾကသည္။ ထုိအခါတြင္ ဆားပုလင္းႏွင္းေမာင္ကို ျပန္ေခၚရစၿမဲ။ ဆားပုလင္းႏွင္းေမာင္ေရာက္လာလွ်င္ တရားခံေပၚစၿမဲ။

ခဏခဏ နယ္ႏွင္ဒဏ္ေပးခံေသာ ကိုႏွင္းေမာင္။ အခု ဘယ္ေရာက္ေနၿပီနည္း။ ဆားပုလင္းႏွင္းေမာင္ႏွင့္ အရင္းႏွီးဆံုး အုိင္ပီေအာင္သင္းဆုိသည့္ ဆရာႀကီးမင္းသိခၤကလည္း မရွိရွာေတာ့။ အင္းစိန္ စီအုိင္ဒီ႐ုံးရွိ စာရြက္စာတမ္းေတြ သြားရွာၾကည့္ေသးသည္။ ဒါေပမဲ့ ဒုတိယကမၻာစစ္အတြင္းက မီးေလာင္ကုန္သျဖင့္ မရွိေတာ့ေပ။

ကုိႏွင္းေမာင္၏ သတင္းကား စံုးစံုးျမဳပ္ေနသည္။ ဘယ္မွာမွ ရွာမေတြ႔။

တကယ္ေတာ့ ကုိႏွင္းေမာင္သည္ စီအုိင္ဒီႏွင့္ ရဲတပ္ဖဲြ႕၏ ဂုဏ္သိကၡာျဖစ္သည္။ ကုိႏွင္းေမာင္ရွိမွ ဂုဏ္သိကၡာရွိမည္။ ကုိႏွင္းေမာင္မရွိေတာ့…..။

အင္းစိန္ စီအုိင္ဒီမွ စံုေထာက္မင္းႀကီး မစၥတာကရစ္ပင္က စံုေထာက္မ်ားကို ေခၚ၍’မင္းတုိ႔အားလံုး ျမည္းေတြလုိ ငပ်င္းေကာင္ေတြ၊ တစ္စက္ေလးမွ အသံုးမက်ဘူး။ အရင္အမႈေတြက မေပၚေသးဘူး။ ေနာက္အမႈေတြက ထပ္ျဖစ္ေနၿပီ‘ ဟု ေျပာလုိက္ေလ၏” ဟု ဆရာႀကီးမင္းသိခၤက ေရးသားထားေလ၏။

ေရးသားသူ – စုိေျပ ( ေလးစားမွုျဖင့္ ခရက္္စ္ဒစ္


#Unicode version

စိုပြေ စိတ်မကောင်းပါ။ စိုပြေ့ အမျိုးတော်တော်များများက ရဲတပ်ဖွဲ့ထဲကဖြစ်သည်။ ကိုယ်တိုင်လည်း ရဲလိုင်းခန်းတွင် အကြာကြီးနေဖူးသည်။ ဒီတော့ စိုပြေလည်း ရဲတပ်ဖွဲ့ရဲ့မိသားစုဝင်တစ်ယောက်လိုပင်ဖြစ်နေ၏။

အခုအခါ ပြည်သူတွေက ရဲတွေကို လှောင်ပြောင်ကြသည်။ ရဲတပ်ဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာတွင် ဘာတင်တင် ဟဟတွေပေးကြသည်။ စီအိုင်ဒီကို ဆဲကြသည်။ ဘာကြောင့်လည်း စုံစမ်းကြည့်တော့ ဗစ်တိုးရီးုယားအမှုကြောင့်ဖြစ်သည်။

တကယ်တော့ ဗစ်တိုးရီးယားအမှုနှင်တင်မဟုတ်။ အခြားအမှုများနှင့် ပတ်သက်၍လည်း ရဲတပ်ဖွဲ့ကို ပြည်သူတွေက လှောင်ပြောင်နေကြတာကြာပါပြီ။ ဒီတော့ စိုပြေ စိတ်မကောင်းပါ။ ကိုယ့်မိသားဝင်တွေကို လှောင်ပြောင်နေသလို။ ဆဲဆိုနေသလို ခံစားရသည်။

အခု ဗစ်တိုးရီးယားအမှုကတော့ ရဲတပ်ဖွဲ့ကို အလှောင်ဆုံးပေါ့။ လွန်ခဲ့သည့် နှစ်လအခင်းဖြစ်ပွားသည်။ တစ်လလုံး သံသယရှိသူကို ဖမ်းပြီးစစ်သည်။ ဒါပေမဲ့ မပေါ်။ ပြန်လွှတ်ပေးလိုက်ရသည်။ ပြည်သူတွေ ဝိုင်းအော်သည်။ ဆန္ဒတွေပြသည်။

အဲ့တော့ ပြန်လွှတ်ပေးခဲ့သူကိုပင် ပြန်ဖမ်းသည်။ တရားစွဲသည်။ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်လို့ ကူညီနေသူတစ်ဦးကိုလည်း ရဲတပ်ဖွဲ့ ဂုဏ်သက္ခာကျသည်ဟုဆိုကာ ဖမ်းလိုက်သေးသည်။ အာမခံရှိလို့သာ ပြန်လွတ်တာ။ အာမခံသူသာ မရှိလျှင် အဲ့လူလည်း အချုပ်ထဲရောက်နေမှာ။ အမှုအတွက် အလှူငွေတွေ ကောက်ထားတာကိုလည်း တားမြစ်သည်။ ဘဏ်စာရင်းကိုပင် လှမ်းပိတ်ခိုင်းသည်။

ဒီတော့ ပြည်သူတွေက ဆဲကြတော့သည်။ လှောင်ကြ၏။ ပြည်သူတွေကလည်း အကျင့်မကောင်းကြ။ ရဲတပ်ဖွဲ့နှင့် စီအိုင်ဒီ၏ ငယ်ကျိုးငယ်နာတွေကို ဖော်ကြသည်။

စီအိုင်ဒီကိုင်လိုက်လျှင် အဲ့အမှု တရားခံမမိတော့၊ လမ်းဆုံးပြီဟု စွပ်စွဲကြသည်။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လည်း မမိသေး။ မင်္ဂလာဒုံလေးလောင်းပြိုင်လည်း ကိုယ့်ဟာကိုယ်သတ်တာဖြစ်သွားသည်။ ဟိုအမှုလည်း မမိ၊ ဒီအမှုလည်း မမိဆိုပြီး လှောင်ကြသည်။ ပြည်သူတွေကိုယ်တိုင်ဖမ်းပေးမှ မိမှာလား ဟုလည်း မေးကြသည်။

စိတ်မကောင်းပါ။ ရဲတပ်ဖွဲ့ကို ဒီလိုတွေ ပြောနေတာ မခံစားနိုင်။ စိုပြေတင်မဟုတ်။ ဆားပုလင်းနှင်းမောင်လည်း စိတ်ကောင်းမည်မဟုတ်။ ကိုနှင်းမောင်က အင်းစိန် စီအိုင်ဒီက မဟုတ်လား။ ဒီတော့ သူ့တပ်ဖွဲ့ကို ဆဲဆို လှောင်ပြောင်နေတာတွေကို ကိုနှင်းမောင်များသိလျှင် ရောက်ရာနေရာက အပြေးပြန်လာမည်သာဖြစ်သည်။ ဆဲဆိုလှောင်ပြောင်နေသည့် ပြည်သူတွေကို တရားစွဲ ဖမ်းဆီးဖို့ ပြန်လာမည်မဟုတ်။ တရားခံကိုသာ မိအောင်ဖမ်းပေးဖို့သာ ပြန်လာခြင်းဖြစ်ပေလိမ့်မည်။

ဆားပုလင်းနှင်းမောင်ဆိုတာ တစ်နိုင်ငံလုံးအသိ။ ခက်ခဲနက်နဲသော အမှုကြီးများကို ဖော်ခဲ့သူ။ အဲ… မုဒိမ်းမှုကိုတော့ မလိုက်ဖူးဘူးထင်သည်။ လူဆိုးတွေကို မကြောက်။ အထက်လူကြီးကိုလည်း ကြောက်သူမဟုတ်။ အထက်လူကြီးကို ပမာပခန့်လုပ်လွန်းလို့ ဆားပုလင်းဆိုသည့် လူဆိုးထိန်းရာထူးက မတက်။ နယ်ကိုလည်း ခဏခဏအပို့ခံရသည်။ ဒါပေမဲ့ အမှုတွေဖြစ်လာလျှင်တော့ ဆားပုလင်းနှင်းမောင်ကို ပြန်ခေါ်ရစမြဲ။

အခုတော့ စီအိုင်ဒီမှာ ဆားပုလင်းနှင်းမောင်မရှိ။ ဘယ်တွေရောက်နေမှန်းမသိ။ ကိုနှင်းမောင် စီအိုင်ဒီမှာ မရှိတော့တာ တော်တော်ဆိုးသည်။ ဘယ်ရောက်လို့ ရောက်သွားမှန်းလည်းမသိ။ မသိဆို ဆားပုလင်းနှင်းမောင်အကြောင်းရေးခဲ့သည့် ဆရာကြီးမင်းသိင်္ခကလည်း ကိုနှင်းမောင်၏ နောက်ပိုင်းနေ့ရက်တွေကို သေချာမရေးထား။ ရွှေဘိုဂတ်မှာလိုလို၊ ချောက်ဂတ်မှာလိုလို။ ရာထူးမတက်လို့ စစ်ထဲပဲဝင်သွားသလိုလို။ စစ်ထဲဝင်ပြီးမှ ရာထူးအမြင့်နှင့် ရဲတပ်ဖွဲ့ကို ပြန်လာဖို့တွေးသလားတော့မသိ။ လောလောဆယ်တော့ ဆားပုလင်းပျောက်နေသည်။ ငံပြာရည်ပုလင်းတွေလည်း မရှိတော့။

ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ။ စီအိုင်ဒီ၏ ဂုဏ်သိက္ခာတို့အတွက် ဆားပုလင်းနှင်းမောင်ရှိမှဖြစ်တော့မည်။ ဆားပုလင်းနှင်းမောင်ကို ပြန်ရှာရမည်။ နို့မို့ဆို မလွယ်။

တကယ်တော့ စီအိုင်ဒီနှင့် ရဲတပ်ဖွဲ့သည် အခုမှ အဆဲခံရသည်မဟုတ်။ အခုမှ အလှောင်ခံရသည်မဟုတ်။ အင်္ဂလိပ်လက်ထက်ကတည်းကပင် ပြည်သူများ၊ သတင်းစာများက လှောင်ကြသည်။ တရားခံမမိသေးဘူး၊ ရဲတပ်ဖွဲ့အိပ်ပျော်နေပြီလား။
စီအိုင်ဒီ ဘာလုပ်နေလဲဟု ခဏခဏရေးကြသည်။ ထိုအခါတွင် ဆားပုလင်းနှင်းမောင်ကို ပြန်ခေါ်ရစမြဲ။ ဆားပုလင်းနှင်းမောင်ရောက်လာလျှင် တရားခံပေါ်စမြဲ။

ခဏခဏ နယ်နှင်ဒဏ်ပေးခံသော ကိုနှင်းမောင်။ အခု ဘယ်ရောက်နေပြီနည်း။ ဆားပုလင်းနှင်းမောင်နှင့် အရင်းနှီးဆုံး အိုင်ပီအောင်သင်းဆိုသည့် ဆရာကြီးမင်းသိင်္ခကလည်း မရှိရှာတော့။ အင်းစိန် စီအိုင်ဒီရုံးရှိ စာရွက်စာတမ်းတွေ သွားရှာကြည့်သေးသည်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အတွင်းက မီးလောင်ကုန်သဖြင့် မရှိတော့ပေ။

ကိုနှင်းမောင်၏ သတင်းကား စုံးစုံးမြုပ်နေသည်။ ဘယ်မှာမှ ရှာမတွေ့။

တကယ်တော့ ကိုနှင်းမောင်သည် စီအိုင်ဒီနှင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာဖြစ်သည်။ ကိုနှင်းမောင်ရှိမှ ဂုဏ်သိက္ခာရှိမည်။ ကိုနှင်းမောင်မရှိတော့…..။

အင်းစိန် စီအိုင်ဒီမှ စုံထောက်မင်းကြီး မစ္စတာကရစ်ပင်က စုံထောက်များကို ခေါ်၍’မင်းတို့အားလုံး မြည်းတွေလို ငပျင်းကောင်တွေ၊ တစ်စက်လေးမှ အသုံးမကျဘူး။ အရင်အမှုတွေက မပေါ်သေးဘူး။ နောက်အမှုတွေက ထပ်ဖြစ်နေပြီ‘ ဟု ပြောလိုက်လေ၏” ဟု ဆရာကြီးမင်းသိင်္ခက ရေးသားထားလေ၏။

ရေးသားသူ – စိုပြေ