Sponsored

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နှစ်စဉ်ထုတ်ပြန်သည့် ပြည်ပမှတင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့် ခုနှစ် အမိန့်ကြော်ငြာစာပါ သတ်မှတ်ချက်အတိုင်း တင်သွင်းခွင့်ပြုမည်ဟုဇန်နဝါရီလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ မော်တော်ယာဉ် တင်သွင်းခွင့်ကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ ဝန်ထမ်းများနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်း ကောင်းတံဆိပ် ရရှိသူများကို မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားခဲ့ပြီး ယခုအခါ အဆိုပါ အမိန့်ကြော်ငြာချက်ကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

ဆိပ်ကမ်းအရောက် ပေါက်စျေးများလည်း ထွက်ပေါ်ခဲ့ပြီး ကန့်ကွက်မှုများလည်း ရှိခဲ့သည်

အဆိုပါ ကားတင်သွင်းခွင့်ပါမစ် အမိန့်ကြော်ငြာချက် ထုတ်ပြန်ပြီး နောက်ပိုင်း ဆိပ်ကမ်းအရောက် ပေါက်စျေးများလည်း ထွက်ပေါ်ခဲ့ပြီး ကန့်ကွက်မှုများလည်း ရှိခဲ့သည်။

Sponsored

နိုင်ငံ့ဝန်ထမ်း အဆင်မြင့်အရာရှိ များကို အခွန်သက်သာခွင့်ဖြင့် ကား တင်သွင်းမှုပြုရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာ ပါက အဂတိလိုက်စားမှုဥပဒေနှင့် ငြိစွန်းခြင်းမရှိကြောင်း အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ  ၆ ရက်တွင် ပြောသည်။

ညွှန်ကြားရေးမှူးချုပ်နှင့်အထက် အဆင့်များ ကားတင်သွင်းခွင့်ပြုခြင်း

ကျွန်တော်ကြားတာတော့ ကား တင်သွင်းခွင့်နဲ့ပတ်သက်ပြီး အမိန့် ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အဲဒီအမိန့်ညွှန်ကြားချက်ကို လိုက်နာ ရမှာပါ။ များသောအားဖြင့် ထုတ်ပြန် ထားတဲ့အမိန့်ကို ဖောက်ဖျက်မယ်လို့ တော့မထင်ဘူး။ သူတို့ရဲ့ ရာထူး၊ ဂုဏ် သိက္ခာက အရေးကြီးပါတယ်။ ဥပမာ– တစ်နှစ်အတွင်း ပြန်မရောင်းရတာတို့၊ နှစ်နှစ်အတွင်းပြန်မရောင်းရတာတို့ ပေါ့။ ဝင်ငွေရလမ်းဆိုတာကလည်း သူတို့ရဲ့ရာထူးအဆင့်နဲ့ ဝင်ငွေပြနိုင်တဲ့ သူတွေပဲ လုပ်ထားတာပေါ့။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၃ (က) ၁ နဲ့ ၂ မှာ လာဘ်ပေးလာဘ်ယူခြင်း၊ တံစိုးလက်ဆောင်ရယူခြင်း ကိစ္စရပ် တွေမှာ အရေးယူလို့ရမယ်ပေါ့။ ဒုတိယ တစ်ချက် ၃ (က)၊ ၂ (က) နိုင်ငံတော်ပိုင် ဘဏ္ဍာငွေကြေးနဲ့ ပစ္စည်းတွေဆုံးရှုံးမှု ရှိရင် အဂတိလိုက်စားမှုနဲ့ ငြိစွန်းမှုရှိမှ သာ အရေးယူလို့ရပါတယ်။ ဒါကြောင့် အဲဒီနှစ်ချက်နဲ့ငြိစွန်းမှုရှိမှသာ အရေး ယူလို့ရတာဖြစ်တဲ့အတွက် ဝန်ကြီး ဌာနက သတ်မှတ်ထားတဲ့အမိန့်အတိုင်း လုပ်ဆောင်မယ်ဆိုရင်တော့ ဖောက် ဖျက်ကျူးလွန်တာမရှိပါဘူး”ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဇန်နဝါရီ ၆ ရက်တွင် မြန်မာတိုင်းမ် နေ့စဉ်သို့ပြောဆိုထားကြောင်း သိရပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *