Line Walker−2 ရဲ႕ အတုယူစရာအခ်က္မ်ား ေျပာၾကားရင္း ျမန္မာႏုိင္ငံကလူေတြရဲ႕ အေတြးအေခၚေတြက ဆင္းရဲႏံုခ်ာတယ္ဟု ေဒၚေဆြဇင္ထိုက္ေျပာ

ေဒၚေဆြဇင္ထိုက္

Line Walker−2 ႐ုပ္ရွင္ ျမန္မာႏိုင္ငံ၌ ႐ိုက္ကူးစဥ္က ကန္႔ သတ္ထားသည့္ ဇာတ္ဝင္ခန္းမ်ား ကို ကြန္ပ်ဴတာအထူးျပဳလုပ္ခ်က္ ျဖင့္ ဖန္တီးထားသည္မွာ အတုယူ စရာေကာင္းေၾကာင္း ေဒၚေဆြဇင္ ထိုက္က ေျပာသည္။

ဟယ္လီေကာ္ပတာေမာင္း လို႔မရဘူး။ ဒ႐ုန္းေမာင္းလို႔မရ ဘူး။ အဲဒါေတြကို CGI နဲ႔ျဖစ္ ေအာင္ လုပ္သြားတယ္’’ ဟု ၎ ကေျပာသည္။

ယင္းဇာတ္ကားကို ေဖေဖာ္ ဝါရီက ျမန္မာႏိုင္ငံတြင္ လာ ေရာက္႐ိုက္ကူးၿပီး ေရႊတိဂံုေစတီ အပါအဝင္ ဆူးေလအနီးဝန္းက်င္ ေနရာမ်ား၌ ႐ိုက္ကူးခဲ့သည္။

‘ျမန္မာ၊ ျမန္မာဆိုၿပီးဒိုင္ယာ ေလာ့ခ္ေတြမွာ မၾကာခဏပါပါ တယ္။ တကယ္႐ိုက္တဲ့ အဓိကအ ခန္းကေတာ့ Ending ကိုမေရာက္ ခင္ Pre-Ending ဆင္းန္မွာေတာ့ ေတာ္ေတာ္ေလးပါပါတယ္’’ ဟု ေဒၚေဆြဇင္ထိုက္က ေျပာသည္။

ယင္းဇာတ္ကားကို ၾသဂုတ္ ၈ ရက္တြင္ ႏိုင္ငံတကာႏွင့္ျမန္မာ ႏိုင္ငံ၌ တစ္ၿပိဳင္တည္း ႐ံုတင္ျပသ ခဲ့သည္။

Line Walker 2

‘ေက်နပ္ပါတယ္။ ဘာမွမရွိ တာထက္စာရင္ တစ္ခုခုရလိုက္ တာ ေက်နပ္ပါတယ္။ ေလာဘ ေတာ့သိပ္မႀကီးပါဘူး။ ေနာက္ တစ္ေခါက္က်ရင္ ဒီထက္ပိုပါတဲ့ ဇာတ္လမ္းမ်ိဳး ရွာမွာေပါ့’’ ဟု Line Walker-2 ႐ုပ္ရွင္ႏွင့္ပတ္ သက္၍ ေဒၚေဆြဇင္ထိုက္ကေျပာ သည္။

ျမန္မာႏိုင္ငံတြင္ ျပည္ပက ႐ုပ္ရွင္ လာေရာက္႐ိုက္ကူးသည့္ အခ်ိန္ ႐ိုက္ကြင္းပံုႏွင့္ ဗီဒီယိုမ်ား ႐ိုက္ကူး၍ အြန္လိုင္းျပန္လည္မွ် ေဝျခင္းသည္ အခက္အခဲတစ္ခု ျဖစ္ခဲ့ေၾကာင္း ၎ကဆိုသည္။

‘‘မူပိုင္ခြင့္နဲ႔ပတ္သက္တာက ေတာ့ မ်က္ႏွာပ်က္ရတယ္။ သူ ႐ိုက္တဲ့ကားထဲမွာ ထည့္ျပမယ့္အ ခန္းကို တင္လိုက္တာဆိုေတာ့’’ ဟု Line Walker-2 ႐ုပ္ရွင္႐ိုက္ ကူးစဥ္က အေတြ႕အႀကံဳကို ေဒၚေဆြဇင္ထိုက္က ေျပာသည္။

Source: 7daydaily

Line Walker 2 နဲ႔ ပတ္သက္ၿပီးေတာ့လည္း အန္တီဂေရစ့္က “ ျမန္မာရဲ႕ Location ေတြက ကၽြန္မေမွ်ာ္လင့္သလိုပါပဲ ပါတာကိုေတြ႕ရပါတယ္။ ဒီအတြက္လည္းပဲ ကၽြန္မေရးတို႔ကို ေက်းဇူးတင္ပါတယ္။ ေနာက္ကၽြန္မတို႔ဆီက သ႐ုပ္ေဆာင္ေတြကိုလည္းပဲ ေတြ႔ရပါတယ္။ ပါလာခဲ့တဲ့ သ႐ုပ္ေဆာင္ေတြကလည္းပဲ တန္းဝင္လုပ္ထားတာေတြ ေတြ႔ရပါတယ္ ။ဒီအတြက္ေၾကာင့္မို႔ ဝမ္းသာပါတယ္။ ဒီလိုမ်ိဳးကားဟာ ႏိုင္ငံတကာကိုသြားတဲ့ အခါမွာ ကၽြန္မတို႔က တြယ္လိုက္ရတာေပါ့ေနာ္ ။ အဲ့ဒီအခါက်ေတာ့မွာ ႏုိင္ငံတကာရဲ႕ ျဖန္႔ခ်ိေရးကိုလုပ္ေနတဲ့ Distributor Agency ေတြကေတြ႔သြားမွာေပါ့ေနာ္ ။ အ့ဲ Agency ေတြနဲ႔ ခ်ိတ္ဆက္မိေအာင္လို႔ ဒီဇာတ္ကားေလးကို ျဖစ္ေအာင္ ကူညီျဖစ္တာပါ ။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

အန္တီဂေရစ့္က Lin Walker 2 ႐ိုက္ကူးစဥ္ကေဝဖန္အမႈေတြ႐ိွခဲ့တဲ့အေပၚမွာ “ ပြဲကေတာ့ဆူမယ္နဲ႔ တူတယ္ ။ ဆင္းရဲျခင္းသံုးမ်ိဳး႐ိွတယ္ ဆင္းရဲတာ ငတ္မြတ္တယ္ဆိုရင္ စားစရာကို ကုိယ္စားတဲ့အထဲက တဝက္ခဲြၿပီး ေကၽြးလို႔ရတယ္။ ဆင္းရလို႔ ႏြမ္းပါတယ္ ဆိုရင္ ဝတ္စရာနဲ႔ ေနစရာနဲ႕ အဆင့္အတန္းမမီဆိုရင္လည္း ဘာျဖစ္လဲ မီးမ႐ိွရင္ ဖေယာင္းတိုင္နဲ႔ ထြန္းေနလိုက္ ေပါ့ Electronic cooker မ႐ိွရင္လည္း ထင္းမီးနဲ႔ခ်က္စားဒီလိုမ်ိုဳးလည္းပဲ Content လုပ္လို႔ရတယ္ ။ တစ္ေယာက္နဲ႔တစ္ေယာက္မွ်ေဝလို႔ရတယ္။ ဆင္းရဲ တဲ့ထဲမွာ ႏွစ္ခုၿပီးသြားရင္အဆိုးဆံုးကေတာ့ ဆင္းရဲ ႏံုခ်ာတာပဲ အေတြးေတြကဆင္းရဲလြန္းတဲ့အခါက်ေတာ့ လူေတြကႏံုၿပီးေတာ့ အျဖစ္ပ်က္ေတြအကုန္လံုးက ခ်ာသြားတာ အဲ့ဒီလိုမ်ိဳးျဖစ္တာေတာ့ ေ႐ွာင္ရမယ္ ။ ပြဲကေတာ့ဆူေတာ့မယ္ ထင္တယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။


#Unicode Version

Line Walker−2 ရုပ်ရှင် မြန်မာနိုင်ငံ၌ ရိုက်ကူးစဉ်က ကန့် သတ်ထားသည့် ဇာတ်ဝင်ခန်းများ ကို ကွန်ပျူတာအထူးပြုလုပ်ချက် ဖြင့် ဖန်တီးထားသည်မှာ အတုယူ စရာကောင်းကြောင်း ဒေါ်ဆွေဇင် ထိုက်က ပြောသည်။

ဟယ်လီကော်ပတာမောင်း လို့မရဘူး။ ဒရုန်းမောင်းလို့မရ ဘူး။ အဲဒါတွေကို CGI နဲ့ဖြစ် အောင် လုပ်သွားတယ်’’ ဟု ၎င်း ကပြောသည်။

ယင်းဇာတ်ကားကို ဖေဖော် ဝါရီက မြန်မာနိုင်ငံတွင် လာ ရောက်ရိုက်ကူးပြီး ရွှေတိဂုံစေတီ အပါအဝင် ဆူးလေအနီးဝန်းကျင် နေရာများ၌ ရိုက်ကူးခဲ့သည်။

‘မြန်မာ၊ မြန်မာဆိုပြီးဒိုင်ယာ လော့ခ်တွေမှာ မကြာခဏပါပါ တယ်။ တကယ်ရိုက်တဲ့ အဓိကအ ခန်းကတော့ Ending ကိုမရောက် ခင် Pre-Ending ဆင်းန်မှာတော့ တော်တော်လေးပါပါတယ်’’ ဟု ဒေါ်ဆွေဇင်ထိုက်က ပြောသည်။

ယင်းဇာတ်ကားကို သြဂုတ် ၈ ရက်တွင် နိုင်ငံတကာနှင့်မြန်မာ နိုင်ငံ၌ တစ်ပြိုင်တည်း ရုံတင်ပြသ ခဲ့သည်။

‘ကျေနပ်ပါတယ်။ ဘာမှမရှိ တာထက်စာရင် တစ်ခုခုရလိုက် တာ ကျေနပ်ပါတယ်။ လောဘ တော့သိပ်မကြီးပါဘူး။ နောက် တစ်ခေါက်ကျရင် ဒီထက်ပိုပါတဲ့ ဇာတ်လမ်းမျိုး ရှာမှာပေါ့’’ ဟု Line Walker-2 ရုပ်ရှင်နှင့်ပတ် သက်၍ ဒေါ်ဆွေဇင်ထိုက်ကပြော သည်။

မြန်မာနိုင်ငံတွင် ပြည်ပက ရုပ်ရှင် လာရောက်ရိုက်ကူးသည့် အချိန် ရိုက်ကွင်းပုံနှင့် ဗီဒီယိုများ ရိုက်ကူး၍ အွန်လိုင်းပြန်လည်မျှ ဝေခြင်းသည် အခက်အခဲတစ်ခု ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘မူပိုင်ခွင့်နဲ့ပတ်သက်တာက တော့ မျက်နှာပျက်ရတယ်။ သူ ရိုက်တဲ့ကားထဲမှာ ထည့်ပြမယ့်အ ခန်းကို တင်လိုက်တာဆိုတော့’’ ဟု Line Walker-2 ရုပ်ရှင်ရိုက် ကူးစဉ်က အတွေ့အကြုံကို ဒေါ်ဆွေဇင်ထိုက်က ပြောသည်။

Source: 7daydaily

Line Walker 2 နဲ့ ပတ်သက်ပြီးတော့လည်း အန်တီဂရေစ့်က “ ြမန်မာရဲ့ Location တွေက ကျွန်မမျှော်လင့်သလိုပါပဲ ပါတာကိုတွေ့ရပါတယ်။ ဒီအတွက်လည်းပဲ ကျွန်မရေးတို့ကို ကျေးဇူးတင်ပါတယ်။ နောက်ကျွန်မတို့ဆီက သရုပ်ဆောင်တွေကိုလည်းပဲ တွေ့ရပါတယ်။ ပါလာခဲ့တဲ့ သရုပ်ဆောင်တွေကလည်းပဲ တန်းဝင်လုပ်ထားတာတွေ တွေ့ရပါတယ် ။ဒီအတွက်ကြောင့်မို့ ဝမ်းသာပါတယ်။ ဒီလိုမျိုးကားဟာ နိုင်ငံတကာကိုသွားတဲ့ အခါမှာ ကျွန်မတို့က တွယ်လိုက်ရတာပေါ့နော် ။ အဲ့ဒီအခါကျတော့မှာ နိုင်ငံတကာရဲ့ ဖြန့်ချိရေးကိုလုပ်နေတဲ့ Distributor Agency တွေကတွေ့သွားမှာပေါ့နော် ။ အဲ့ Agency တွေနဲ့ ချိတ်ဆက်မိအောင်လို့ ဒီဇာတ်ကားလေးကို ဖြစ်အောင် ကူညီဖြစ်တာပါ ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အန်တီဂရေစ့်က Lin Walker 2 ရိုက်ကူးစဉ်ကဝေဖန်အမှုတွေရှိခဲ့တဲ့အပေါ်မှာ “ ပွဲကတော့ဆူမယ်နဲ့ တူတယ် ။ ဆင်းရဲခြင်းသုံးမျိုးရှိတယ် ဆင်းရဲတာ ငတ်မွတ်တယ်ဆိုရင် စားစရာကို ကိုယ်စားတဲ့အထဲက တဝက်ခွဲပြီး ကျွေးလို့ရတယ်။ ဆင်းရလို့ နွမ်းပါတယ် ဆိုရင် ဝတ်စရာနဲ့ နေစရာနဲ့ အဆင့်အတန်းမမီဆိုရင်လည်း ဘာဖြစ်လဲ မီးမရှိရင် ဖယောင်းတိုင်နဲ့ ထွန်းနေလိုက် ပေါ့ Electronic cooker မရှိရင်လည်း ထင်းမီးနဲ့ချက်စားဒီလိုမျိုုးလည်းပဲ Content လုပ်လို့ရတယ် ။ တစ်ယောက်နဲ့တစ်ယောက်မျှဝေလို့ရတယ်။ ဆင်းရဲ တဲ့ထဲမှာ နှစ်ခုပြီးသွားရင်အဆိုးဆုံးကတော့ ဆင်းရဲ နုံချာတာပဲ အတွေးတွေကဆင်းရဲလွန်းတဲ့အခါကျတော့ လူတွေကနုံပြီးတော့ အဖြစ်ပျက်တွေအကုန်လုံးက ချာသွားတာ အဲ့ဒီလိုမျိုးဖြစ်တာတော့ ရှောင်ရမယ် ။ ပွဲကတော့ဆူတော့မယ် ထင်တယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။