ရင္သားကင္ဆာ ကုသေပ်ာက္ကင္းတာ ၁၀ႏွစ္ေက်ာ္ၿပီျဖစ္တဲ့ ေဒၚစုျမတ္၀င္း

ေဒၚစုျမတ္ဝင္း

၂၀၀၇ ခုႏွစ္ ဇူလိုင္လတြင္ မုဒံုၿမိဳ႕ေန အသက္ ၃၇ႏွစ္အရြယ္ ေဒၚစုျမတ္၀င္း၏ ဘယ္ဘက္ရင္သားရွိ အက်ိတ္ကႀကီးၿပီး နာက်င္လာခဲ့သည္။ “ျဖစ္ေနတာေတာ့ၾကာၿပီ။ ဒါေပမဲ့ မျပျဖစ္ခဲ့ဘူး။ အက်ိတ္က ရွိတာေလးငါးႏွစ္ေလာက္ေတာင္ ရွိေနတာ။ အဲဒီရက္ေတြမွာ အဘြားေနမေကာင္းျဖစ္ေတာ့ ညဘက္အိပ္ေရးေတြပ်က္တယ္။ အဲဒီမွာစၿပီး အက်ိတ္က ေတာ္ေတာ္ႀကီးလာတဲ့အျပင္ နည္းနည္းကိုက္သလို ျဖစ္လာတယ္။ ဒါနဲ႔ ရန္ကုန္၊ ဗဟုိစည္ေဆး႐ံုက ခြဲစိတ္ဆရာ၀န္နဲ႔ ျပလိုက္တယ္။ ခြဲစိတ္ဆရာ၀န္က ခြဲရမယ္ဆိုတာနဲ႔ ခ်က္ခ်င္း ဘယ္ဘက္ရင္သားတစ္ခုလံုး ခြဲထုတ္လိုက္တယ္။ အသားစယူစစ္ေဆးလိုက္ေတာ့ ကင္ဆာအဆင့္(၂)လို႔ အေျဖထြက္ခဲ့ပါတယ္”ဟုေဒၚစုျမတ္၀င္းကဆိုသည္။

ဗဟိုစည္ေဆး႐ံုတြင္ ခြဲစိတ္ဆရာ၀န္ႀကီး ပါေမာကၡဦးထြန္းဦးႏွင့္ ဘယ္ဘက္ရင္သားကို ခြဲစိတ္မႈ ခံယူခဲ့ၿပီးေနာက္ ရင္သားကင္ဆာ အဆင့္(၂)ဟု သိသိခ်င္း ေဒၚစုျမတ္၀င္းသည္ ကင္ဆာေဆးသြင္းကုထံုးကို ခ်က္ခ်င္းခံယူခဲ့သည္။ “ကင္ဆာေဆးကို အလံုက သူရိန္ေဆးခန္းမွာ ၁၂ ႀကိမ္သြင္းရပါတယ္။ ေဆးသြင္းတဲ့ တစ္ရက္ပဲ အစားအေသာက္ ပ်က္ပါတယ္။ ေနာက္ေန႔ေတြက်ေတာ့ ကြၽန္မေနေကာင္းေနပါတယ္။ တစ္ခါတေလ ေဆးသြင္းတဲ့ ေလးရက္ျပည့္ၿပီဆိုတာနဲ႔ မုဒံုကိုျပန္တယ္။ အိမ္ေရာက္မွ နားတယ္။ ခံႏိုင္ရည္ရွိပါတယ္။ ေထြေထြထူးထူး ဘာမွမျဖစ္ပါဘူး။ ေဆးသြင္းတဲ့ ကာလတစ္ခ်ိန္နဲ႔ တစ္ခ်ိန္ၾကား ေဆးစစ္ရတာေတြကိုလည္း ျပဳလုပ္ရပါတယ္။ ဒါေပမဲ့ အကုန္လံုးကို ေအးေအးေဆးေဆးျဖတ္ေက်ာ္ႏုိင္ခဲ့ပါတယ္။ ကင္ဆာေဆးသြင္းတုန္းက ၀က္သား၊ အမဲသားေတာ့မစားပါဘူး။ ၾကက္သား၊ ငါး၊ အသီးအရြက္ စသျဖင့္ အစားအေသာက္ကို အကုန္စားပါတယ္

ကင္ဆာေဆးသြင္းကုထံုး ၁၂ ႀကိမ္ကို ခႏၶာကိုယ္ပံုမပ်က္ ေက်ာ္လႊားႏိုင္ခဲ့ျခင္းမွာ ဘာသာတရားေၾကာင့္ဟု ေဒၚစုျမတ္၀င္းက ထင္ျမင္ထားသည္။ “ကြၽန္မက တရားစခန္းေတြ ၀င္တဲ့အခါ၀င္တယ္။ ဘုရား၊ တရားမ်ားမ်ားလုပ္တယ္၊ တရားစာေတြရြတ္တယ္၊ အလွဴအတန္းေတြကိုလည္း ကိုယ္တတ္ႏိုင္သေလာက္လုပ္တယ္။ ဒါေတြေၾကာင့္မ်ား ကြၽန္မခံႏိုင္ရည္ရွိသလား မေျပာတတ္ပါဘူး။ သူမ်ားေတြနဲ႔ယွဥ္ရင္ေတာ့ ကြၽန္မပံုက လူနာပံုမေပါက္ခဲ့ပါဘူး . . ကင္ဆာေဆးသြင္းၿပီး ေနာက္ပိုင္းမွာ ၀ေတာင္၀လာေသးတယ္”ဟု ေဒၚစုျမတ္၀င္းက ၿပံဳးၿပံဳးရႊင္ရႊင္ ေျပာျပခဲ့သည္။

ကင္ဆာေဆးသြင္းကုထံုးၿပီးေနာက္ Tamoxifen ေဆးကို ငါးႏွစ္ေသာက္ရေၾကာင္း၊ ေနာက္ပိုင္းတြင္ ကင္ဆာကုထံုး၏ ေနာက္ဆက္တြဲဆိုးက်ဳိးတစ္ခုျဖစ္သည့္ အသည္းအဆီဖံုးျခင္းအတြက္ သမားေတာ္ႀကီး ပါေမာကၡဦးေန၀င္းႏွင့္ ဆက္လက္စစ္ေဆးကုသမႈ ခံယူရေၾကာင္း ေဒၚစုျမတ္၀င္းကေျပာသည္။ အပ်ဳိႀကီးျဖစ္ေသာ ေဒၚစုျမတ္၀င္း၏ ကင္ဆာကုသမႈ ခရီးလမ္းတြင္ မိဘေဆြမ်ဳိးအေပါင္းအသင္းမ်ား၊ ေမာင္ႏွမမ်ား၏ အားေပးကူညီေစာင့္ေရွာက္မႈကိုသာမက မုဒံုၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕တြင္ အႀကီးတန္းစာေရးအျဖစ္ တာ၀န္ထမ္းေဆာင္ေနသူ ေဒၚစုျမတ္၀င္းအတြက္ လုပ္ေဖာ္ကိုင္ဖက္မ်ား၏ နားလည္စာနာ ကူညီအားေပးမႈကိုလည္း အျပည့္အ၀ရရွိခဲ့သည္။

ကြၽန္မကင္ဆာကုေနတဲ့အခ်ိန္မွာ အလုပ္မပ်က္ရဘူး၊ ခြင့္မယူရဘူး စသျဖင့္ အထက္လူႀကီးေတြက လံုး၀မေျပာဘူး။ အစည္းအေ၀းတက္စရာရွိရင္ တက္ေပးတယ္၊ အေရးႀကီးကိစၥရွိရင္ တက္ေပးတယ္၊ က်န္တဲ့အခ်ိန္ေတြမွာ နားလည္မႈနဲ႔ပဲ အလုပ္လုပ္ရတယ္။ ကြၽန္မကလည္းေဆးသြင္းဖို႔ ရန္ကုန္တက္တဲ့ရက္ပဲ ခြင့္ယူရတယ္။ က်န္တဲ့ရက္ေတြမွာ ပံုမွန္ျပန္လုပ္ႏိုင္ပါတယ္” ဟု ေဒၚစုျမတ္၀င္းက ေျပာသည္။

ေဒၚစုျမတ္၀င္း ရင္သားကင္ဆာျဖစ္ရျခင္းမွာ မ်ဳိး႐ိုးေၾကာင့္ဟု ဆိုသည္။ “အေဖရဲ႕ အစ္ကိုအစ္ႀကီးဆံုး ဘႀကီးကလည္း ရင္သားကင္ဆာျဖစ္တယ္၊ အေဖရဲ႕ အစ္မအႀကီးဆံုး ႀကီးႀကီးကလည္း ရင္သားကင္ဆာျဖစ္တယ္၊ အေဖနဲ႔ အထက္ေအာက္ ညီမေဒၚေလးကလည္း ရင္သားကင္ဆာျဖစ္တယ္ . . ေဒၚေလးက အခုရန္ကုန္မွာ ေဆးကုေနဆဲပါ . . ေဆးသြင္းတာၿပီးသြားၿပီ၊ ေဆးေသာက္ေနပါတယ္။ ကင္ဆာမ်ဳိး႐ိုးရွိေတာ့ အက်ိတ္ျဖစ္တဲ့အတြက္ စိတ္ေတာ့ပူပါတယ္။ ဒါေပမဲ့ စစခ်င္းျဖစ္တဲ့အက်ိတ္က ေသးၿပီး ဘာလကၡဏာမွမျပေတာ့ စိုးရိမ္စရာမလိုဘူး ထင္ခဲ့တာ၊ အက်ိတ္ကႀကီးၿပီး ကိုက္လာေတာ့ ခ်က္ခ်င္းပဲသြားျပျဖစ္ခဲ့ပါတယ္” ဟု ေဒၚဆုျမတ္၀င္းက ေျပာျပခဲ့သည္။

ကင္ဆာလို႔ သိလိုက္ရတဲ့အခ်ိန္မွာ တစ္ခ်က္ေတာ့ စိတ္မေကာင္းျဖစ္လိုက္တယ္။ စိတ္ဓာတ္လည္း က်သြားပါတယ္။ ဒါေပမဲ့ ျဖစ္လာမွေတာ့ ဘာတတ္ႏိုင္မွာလဲ၊ ေဆးကုရမွာေပါ့လို႔ အားတင္းလိုက္တယ္။ ဒီလိုနဲ႔ ေဆးသြင္း၊ ေဆးေသာက္လုပ္ေတာ့လည္း ၿပီးသြားတာပါပဲ။ သိပ္လည္း ခံစားမေနေတာ့ပါဘူး။ တရားနဲ႔ပဲေျဖလိုက္ပါတယ္။ “ျဖစ္ခ်ိန္တန္လို႔ျဖစ္တယ္”လို႔ ေတြးလိုက္ပါတယ္”ဟု ေဒၚဆုျမတ္၀င္းက ကင္ဆာဟု သိသိခ်င္းစိတ္အားတင္း ရင္ဆိုင္ခဲ့ပံုကို ေျပာျပခဲ့သည္။

ကင္ဆာကုသမႈၿပီးဆံုးခ်ိန္တြင္ ေဒၚစုျမတ္၀င္းသည္ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ အစားအေသာက္မ်ားကို တတ္ႏိုင္သမွ် စားေသာက္ေလ့ရွိေၾကာင္း ေျပာျပခဲ့သည္။ “အစားအေသာက္ကေတာ့ ပံုမွန္ပဲစားေသာက္ပါတယ္။ တစ္ခါတေလ သူမ်ားေတြ အသုပ္ေတြ ဘာေတြစားတဲ့အခါ သန္႔ရွင္းတယ္ဆိုရင္ စားလိုက္တာပါပဲ။ ေရာဂါကိုေမ့ထားၿပီး သာမန္လူေကာင္းေတြ ေနထိုင္စားေသာက္သလိုပဲ ေနထိုင္စားေသာက္ျဖစ္ပါတယ္။ ဘာမွလည္း မျဖစ္ေတာ့ဘူးေလ . .ဒါေပမဲ့ သူမ်ားနဲ႔စာရင္ေတာ့ အပင္ပန္းမခံႏိုင္ဘူး။ ဒါကိုေတာ့ နည္းနည္းဂ႐ုစိုက္ရပါတယ္။ ဒီေတာ့လည္း ေနေကာင္းေနပါတယ္။

မုဒံုမွာ သႀကၤန္ဆိုရင္ ကြၽန္မ တရားစခန္း၀င္ပါတယ္။ အိမ္မွာလည္း ဘုရားရွိခိုးတယ္၊ ပဌာန္းေစတီတည္တယ္၊ ဆရာေတာ္ဘုရားႀကီးေတြရဲ႕ တရားေတြကိုနာတယ္၊ တရားမွတ္တယ္၊ ဒီလိုနဲ႔ စိတ္ခြန္အားရလာတယ္။ အလွဴအတန္းေတြကို တတ္ႏိုင္သမွ်လုပ္တယ္။ လွဴတာကို ႀကံဳတဲ့ေနရာေတြမွာ အဆင္ေျပရင္ေျပသလို လွဴပါတယ္။ ႏိုင္သေလာက္ ကုသိုလ္တရားေတြ လုပ္ေဆာင္ျဖစ္ပါတယ္

ယခုအခါ မုဒံုၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕တြင္ ဒုဦးစီးမွဴးအျဖစ္ တာ၀န္ထမ္းေဆာင္လ်က္ရွိေသာ ေဒၚစုျမတ္၀င္းသည္ မိသားစုႏွင့္အတူ က်န္းမာေပ်ာ္ရႊင္စြာ ေနထိုင္လ်က္ရွိပါသည္။ သို႔ျဖစ္ရာ အျခားကင္ဆာေ၀ဒနာရွင္မ်ား၊ ကင္ဆာကုသမႈ ခံယူေနသူမ်ားသို႔-

ကင္ဆာျဖစ္လာၿပီဆိုေတာ့ ဘာတတ္ႏိုင္မွာလဲ။ ျဖစ္တဲ့အေပၚမွာ ခံစားေနလို႔လည္း မထူးဘူးေလ၊ ကြၽန္မကေတာ့ ေျမာက္ဦးဆရာေတာ္ရဲ႕ ထိုင္တရားနာတယ္၊ ပါေမာကၡခ်ဳပ္ဆရာေတာ္ရဲ႕ တရားေတြနာတယ္ . . ဒီလိုနဲ႔ အာ႐ံုေတြ မပ်ံ႕လြင့္ေတာ့ဘူး၊ စိတ္သက္သာရာရတယ္။ ေရာဂါကိုေတာင္ သတိမထားမိေတာ့ဘူး . . ဒီလိုနဲ႔ပဲ ကင္ဆာကို ေက်ာ္လႊားႏိုင္ခဲ့တာပါ။ ဒါေၾကာင့္ တျခား ကင္ဆာေ၀ဒနာရွင္ေတြလည္း အားမငယ္ၾကပါနဲ႔ . . ကိုယ္ကိုးကြယ္ရာ ဘာသာတရားေလးေတြ၊ တတ္ႏိုင္သေလာက္ အလွဴအတန္းေလးေတြ လုပ္ရင္းနဲ႔ ကင္ဆာကုသမႈကို ေအးေအးေဆးေဆး ေက်ာ္လႊားႏိုင္မွာပါ”ဟု ေဒၚစုျမတ္၀င္းက သူ႔အေတြ႕အႀကံဳကို အေျခခံလ်က္ အျခားကင္ဆာေ၀ဒနာရွင္မ်ားကို အားေပးစကား ေျပာၾကားလိုက္ပါသည္။

Source: HealthyLifeJounal


#Unicode Version

၂၀၀၇ ခုနှစ် ဇူလိုင်လတွင် မုဒုံမြို့နေ အသက် ၃၇နှစ်အရွယ် ဒေါ်စုမြတ်ဝင်း၏ ဘယ်ဘက်ရင်သားရှိ အကျိတ်ကကြီးပြီး နာကျင်လာခဲ့သည်။ “ဖြစ်နေတာတော့ကြာပြီ။ ဒါပေမဲ့ မပြဖြစ်ခဲ့ဘူး။ အကျိတ်က ရှိတာလေးငါးနှစ်လောက်တောင် ရှိနေတာ။ အဲဒီရက်တွေမှာ အဘွားနေမကောင်းဖြစ်တော့ ညဘက်အိပ်ရေးတွေပျက်တယ်။ အဲဒီမှာစပြီး အကျိတ်က တော်တော်ကြီးလာတဲ့အပြင် နည်းနည်းကိုက်သလို ဖြစ်လာတယ်။ ဒါနဲ့ ရန်ကုန်၊ ဗဟိုစည်ဆေးရုံက ခွဲစိတ်ဆရာဝန်နဲ့ ပြလိုက်တယ်။ ခွဲစိတ်ဆရာဝန်က ခွဲရမယ်ဆိုတာနဲ့ ချက်ချင်း ဘယ်ဘက်ရင်သားတစ်ခုလုံး ခွဲထုတ်လိုက်တယ်။ အသားစယူစစ်ဆေးလိုက်တော့ ကင်ဆာအဆင့်(၂)လို့ အဖြေထွက်ခဲ့ပါတယ်”ဟုဒေါ်စုမြတ်ဝင်းကဆိုသည်။

ဗဟိုစည်ဆေးရုံတွင် ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးထွန်းဦးနှင့် ဘယ်ဘက်ရင်သားကို ခွဲစိတ်မှု ခံယူခဲ့ပြီးနောက် ရင်သားကင်ဆာ အဆင့်(၂)ဟု သိသိချင်း ဒေါ်စုမြတ်ဝင်းသည် ကင်ဆာဆေးသွင်းကုထုံးကို ချက်ချင်းခံယူခဲ့သည်။ “ကင်ဆာဆေးကို အလုံက သူရိန်ဆေးခန်းမှာ ၁၂ ကြိမ်သွင်းရပါတယ်။ ဆေးသွင်းတဲ့ တစ်ရက်ပဲ အစားအသောက် ပျက်ပါတယ်။ နောက်နေ့တွေကျတော့ ကျွန်မနေကောင်းနေပါတယ်။ တစ်ခါတလေ ဆေးသွင်းတဲ့ လေးရက်ပြည့်ပြီဆိုတာနဲ့ မုဒုံကိုပြန်တယ်။ အိမ်ရောက်မှ နားတယ်။ ခံနိုင်ရည်ရှိပါတယ်။ ထွေထွေထူးထူး ဘာမှမဖြစ်ပါဘူး။ ဆေးသွင်းတဲ့ ကာလတစ်ချိန်နဲ့ တစ်ချိန်ကြား ဆေးစစ်ရတာတွေကိုလည်း ပြုလုပ်ရပါတယ်။ ဒါပေမဲ့ အကုန်လုံးကို အေးအေးဆေးဆေးဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ကင်ဆာဆေးသွင်းတုန်းက ဝက်သား၊ အမဲသားတော့မစားပါဘူး။ ကြက်သား၊ ငါး၊ အသီးအရွက် စသဖြင့် အစားအသောက်ကို အကုန်စားပါတယ်

ကင်ဆာဆေးသွင်းကုထုံး ၁၂ ကြိမ်ကို ခန္ဓာကိုယ်ပုံမပျက် ကျော်လွှားနိုင်ခဲ့ခြင်းမှာ ဘာသာတရားကြောင့်ဟု ဒေါ်စုမြတ်ဝင်းက ထင်မြင်ထားသည်။ “ကျွန်မက တရားစခန်းတွေ ဝင်တဲ့အခါဝင်တယ်။ ဘုရား၊ တရားများများလုပ်တယ်၊ တရားစာတွေရွတ်တယ်၊ အလှူအတန်းတွေကိုလည်း ကိုယ်တတ်နိုင်သလောက်လုပ်တယ်။ ဒါတွေကြောင့်များ ကျွန်မခံနိုင်ရည်ရှိသလား မပြောတတ်ပါဘူး။ သူများတွေနဲ့ယှဉ်ရင်တော့ ကျွန်မပုံက လူနာပုံမပေါက်ခဲ့ပါဘူး . . ကင်ဆာဆေးသွင်းပြီး နောက်ပိုင်းမှာ ဝတောင်ဝလာသေးတယ်”ဟု ဒေါ်စုမြတ်ဝင်းက ပြုံးပြုံးရွှင်ရွှင် ပြောပြခဲ့သည်။

ကင်ဆာဆေးသွင်းကုထုံးပြီးနောက် Tamoxifen ဆေးကို ငါးနှစ်သောက်ရကြောင်း၊ နောက်ပိုင်းတွင် ကင်ဆာကုထုံး၏ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်သည့် အသည်းအဆီဖုံးခြင်းအတွက် သမားတော်ကြီး ပါမောက္ခဦးနေဝင်းနှင့် ဆက်လက်စစ်ဆေးကုသမှု ခံယူရကြောင်း ဒေါ်စုမြတ်ဝင်းကပြောသည်။ အပျိုကြီးဖြစ်သော ဒေါ်စုမြတ်ဝင်း၏ ကင်ဆာကုသမှု ခရီးလမ်းတွင် မိဘဆွေမျိုးအပေါင်းအသင်းများ၊ မောင်နှမများ၏ အားပေးကူညီစောင့်ရှောက်မှုကိုသာမက မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် အကြီးတန်းစာရေးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်စုမြတ်ဝင်းအတွက် လုပ်ဖော်ကိုင်ဖက်များ၏ နားလည်စာနာ ကူညီအားပေးမှုကိုလည်း အပြည့်အဝရရှိခဲ့သည်။

ကျွန်မကင်ဆာကုနေတဲ့အချိန်မှာ အလုပ်မပျက်ရဘူး၊ ခွင့်မယူရဘူး စသဖြင့် အထက်လူကြီးတွေက လုံးဝမပြောဘူး။ အစည်းအဝေးတက်စရာရှိရင် တက်ပေးတယ်၊ အရေးကြီးကိစ္စရှိရင် တက်ပေးတယ်၊ ကျန်တဲ့အချိန်တွေမှာ နားလည်မှုနဲ့ပဲ အလုပ်လုပ်ရတယ်။ ကျွန်မကလည်းဆေးသွင်းဖို့ ရန်ကုန်တက်တဲ့ရက်ပဲ ခွင့်ယူရတယ်။ ကျန်တဲ့ရက်တွေမှာ ပုံမှန်ပြန်လုပ်နိုင်ပါတယ်” ဟု ဒေါ်စုမြတ်ဝင်းက ပြောသည်။

ဒေါ်စုမြတ်ဝင်း ရင်သားကင်ဆာဖြစ်ရခြင်းမှာ မျိုးရိုးကြောင့်ဟု ဆိုသည်။ “အဖေရဲ့ အစ်ကိုအစ်ကြီးဆုံး ဘကြီးကလည်း ရင်သားကင်ဆာဖြစ်တယ်၊ အဖေရဲ့ အစ်မအကြီးဆုံး ကြီးကြီးကလည်း ရင်သားကင်ဆာဖြစ်တယ်၊ အဖေနဲ့ အထက်အောက် ညီမဒေါ်လေးကလည်း ရင်သားကင်ဆာဖြစ်တယ် . . ဒေါ်လေးက အခုရန်ကုန်မှာ ဆေးကုနေဆဲပါ . . ဆေးသွင်းတာပြီးသွားပြီ၊ ဆေးသောက်နေပါတယ်။ ကင်ဆာမျိုးရိုးရှိတော့ အကျိတ်ဖြစ်တဲ့အတွက် စိတ်တော့ပူပါတယ်။ ဒါပေမဲ့ စစချင်းဖြစ်တဲ့အကျိတ်က သေးပြီး ဘာလက္ခဏာမှမပြတော့ စိုးရိမ်စရာမလိုဘူး ထင်ခဲ့တာ၊ အကျိတ်ကကြီးပြီး ကိုက်လာတော့ ချက်ချင်းပဲသွားပြဖြစ်ခဲ့ပါတယ်” ဟု ဒေါ်ဆုမြတ်ဝင်းက ပြောပြခဲ့သည်။

ကင်ဆာလို့ သိလိုက်ရတဲ့အချိန်မှာ တစ်ချက်တော့ စိတ်မကောင်းဖြစ်လိုက်တယ်။ စိတ်ဓာတ်လည်း ကျသွားပါတယ်။ ဒါပေမဲ့ ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲ၊ ဆေးကုရမှာပေါ့လို့ အားတင်းလိုက်တယ်။ ဒီလိုနဲ့ ဆေးသွင်း၊ ဆေးသောက်လုပ်တော့လည်း ပြီးသွားတာပါပဲ။ သိပ်လည်း ခံစားမနေတော့ပါဘူး။ တရားနဲ့ပဲဖြေလိုက်ပါတယ်။ “ဖြစ်ချိန်တန်လို့ဖြစ်တယ်”လို့ တွေးလိုက်ပါတယ်”ဟု ဒေါ်ဆုမြတ်ဝင်းက ကင်ဆာဟု သိသိချင်းစိတ်အားတင်း ရင်ဆိုင်ခဲ့ပုံကို ပြောပြခဲ့သည်။

ကင်ဆာကုသမှုပြီးဆုံးချိန်တွင် ဒေါ်စုမြတ်ဝင်းသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို တတ်နိုင်သမျှ စားသောက်လေ့ရှိကြောင်း ပြောပြခဲ့သည်။ “အစားအသောက်ကတော့ ပုံမှန်ပဲစားသောက်ပါတယ်။ တစ်ခါတလေ သူများတွေ အသုပ်တွေ ဘာတွေစားတဲ့အခါ သန့်ရှင်းတယ်ဆိုရင် စားလိုက်တာပါပဲ။ ရောဂါကိုမေ့ထားပြီး သာမန်လူကောင်းတွေ နေထိုင်စားသောက်သလိုပဲ နေထိုင်စားသောက်ဖြစ်ပါတယ်။ ဘာမှလည်း မဖြစ်တော့ဘူးလေ . .ဒါပေမဲ့ သူများနဲ့စာရင်တော့ အပင်ပန်းမခံနိုင်ဘူး။ ဒါကိုတော့ နည်းနည်းဂရုစိုက်ရပါတယ်။ ဒီတော့လည်း နေကောင်းနေပါတယ်။

မုဒုံမှာ သြင်္ကန်ဆိုရင် ကျွန်မ တရားစခန်းဝင်ပါတယ်။ အိမ်မှာလည်း ဘုရားရှိခိုးတယ်၊ ပဌာန်းစေတီတည်တယ်၊ ဆရာတော်ဘုရားကြီးတွေရဲ့ တရားတွေကိုနာတယ်၊ တရားမှတ်တယ်၊ ဒီလိုနဲ့ စိတ်ခွန်အားရလာတယ်။ အလှူအတန်းတွေကို တတ်နိုင်သမျှလုပ်တယ်။ လှူတာကို ကြုံတဲ့နေရာတွေမှာ အဆင်ပြေရင်ပြေသလို လှူပါတယ်။ နိုင်သလောက် ကုသိုလ်တရားတွေ လုပ်ဆောင်ဖြစ်ပါတယ်

ယခုအခါ မုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် ဒုဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါ်စုမြတ်ဝင်းသည် မိသားစုနှင့်အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပါသည်။ သို့ဖြစ်ရာ အခြားကင်ဆာဝေဒနာရှင်များ၊ ကင်ဆာကုသမှု ခံယူနေသူများသို့-

ကင်ဆာဖြစ်လာပြီဆိုတော့ ဘာတတ်နိုင်မှာလဲ။ ဖြစ်တဲ့အပေါ်မှာ ခံစားနေလို့လည်း မထူးဘူးလေ၊ ကျွန်မကတော့ မြောက်ဦးဆရာတော်ရဲ့ ထိုင်တရားနာတယ်၊ ပါမောက္ခချုပ်ဆရာတော်ရဲ့ တရားတွေနာတယ် . . ဒီလိုနဲ့ အာရုံတွေ မပျံ့လွင့်တော့ဘူး၊ စိတ်သက်သာရာရတယ်။ ရောဂါကိုတောင် သတိမထားမိတော့ဘူး . . ဒီလိုနဲ့ပဲ ကင်ဆာကို ကျော်လွှားနိုင်ခဲ့တာပါ။ ဒါကြောင့် တခြား ကင်ဆာဝေဒနာရှင်တွေလည်း အားမငယ်ကြပါနဲ့ . . ကိုယ်ကိုးကွယ်ရာ ဘာသာတရားလေးတွေ၊ တတ်နိုင်သလောက် အလှူအတန်းလေးတွေ လုပ်ရင်းနဲ့ ကင်ဆာကုသမှုကို အေးအေးဆေးဆေး ကျော်လွှားနိုင်မှာပါ”ဟု ဒေါ်စုမြတ်ဝင်းက သူ့အတွေ့အကြုံကို အခြေခံလျက် အခြားကင်ဆာဝေဒနာရှင်များကို အားပေးစကား ပြောကြားလိုက်ပါသည်။

Source: HealthyLifeJounal