Sponsored

အစိုးရအနေဖြင့် အများပြည်သူအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများ၊ဈေးများနှင့် အရောင်းစင်တာများကို ပိတ်သိမ်းရန် အစီအစဉ်မရှိကြောင်းနှင့် ရိက္ခာပြတ်လပ်နိုင်သည့် အလားအလာမရှိ ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

COVID-19 ရောဂါ အခြေအနေနှင့်ပတ်သက်၍ ယနေ့ညနေတွင် နိုင်ငံပိုင်ရုပ်သံမှ တစ်ဆင့် မိန့်ခွန်း ပြောကြာရာ၌ ၎င်းက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ကူးစက်ခံရသူနှစ်ဦးတွေ့တယ်လို့ သတင်းထွက်လာတာနဲ့တစ်ပြိုင်တည်း ရိက္ခာတွေ၊ဆေးတွေ အလု အယက်ထွက် ဝယ်သူတွေလည်းရှိပါတယ်။ ရိက္ခာပြတ်နိုင်တဲ့အလားအလာမရှိပါဘူး။ လူအုပ်ထဲသွားတိုး ဝယ်လို့ ရောဂါကူးမယ့် အလားအလာက ပိုပြီးတော့များပါတယ်“ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Sponsored

လက်ရှိတွင် COVID-19 ရောဂါကူးစက်ခံရသူနှစ်ဦးတွေ့ရှိသော်လည်း ပြည်သူများအနေဖြင့် ကြောက် လန့်တုန်လှုပ်ခြင်းမရှိဘဲ သတိကြီးစွာဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရဌာနများမှ ညွှန်ကြားချက်များကို လိုက်နာရန်လိုကြောင်း ၎င်းကတိုက်တွန်းသည်။

ရောဂါကူးစက်ခံရသူတစ်ဦးတွေ့ရှိထားသော တီးတိန်မြို့တွင် ပြည်သူအချို့သည် အစိုးရိမ်လွန်ကာ မြို့မှ ထွက်ခွာနေကြောင်းသိရှိရပြီး ထိုသို့ပြုလုပ်ခြင်းသည် မည်သူ့ကိုမျှ အကျိုးမပြုနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်က သတိပေးသည်။

တကယ်ပဲ ရောဂါပိုးရှိနေပြီဆိုရင် ဘယ်သွားသွား ကိုယ်နဲ့အတူပါသွားမှာပါပဲ၊ကိုယ့်ရပ်ရွာမှာ ကျန်းမာ ရေးဌာနကိုသွားပြီး အစစ်ခံပါ။ လိုအပ်တဲ့ ကုသမှုခံယူပါ။ ကိုယ့်စိုးရိမ်စိတ်ကြောင့် အများကို ကူးစက်ပျံ့နှံ့ တာမျိုးမဖြစ်ပါစေနဲ့“ဟု ၎င်းကပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ COVID-19 သည် ထိန်းချုပ်နိုင်သည့် ရောဂါဖြစ်ပြီး ရောဂါကြောင့် ကွယ်လွန်သူများသည် ရောဂါအခံရှိသူများ၊ကိုယ်ခံအားနည်းသူများနှင့် ကုသမှုခံယူရန် နောက်ကျသူများ ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းသည်။

အရေးကြီးတဲ့အချက်ကတော့ စောစီးစွာ ဆေးကုသမှုခံယူနိုင်ရေးပဲဖြစ်ပါတယ်။ ရောဂါလက္ခဏာ တွေပေါ်လာပြီလို့ထင်စရာဖြစ်လာတာနဲ့ချက်ချင်း နေ့မရွှေ့ညမရွှေ့အနီးဆုံးကျန်းမာရေးဌာနကို သွားစေချင်ပါ တယ်” ဟု ၎င်းက တိုက်တွန်းသည်။

လက်ရှိကာလအတွင်း ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ အစုလိုက်အပြုံလိုက် နေရပ်ပြန်လာနေသည့် မြန်မာ လုပ်သားများအနေဖြင့်လည်း သတ်မှတ်ချက်များအတိုင်း အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ပြန်ရောက်လာသူများအနေနဲ့ တာဝန်သိ တာဝန်ရှိစွာနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်စေလိုပါတယ်။ မြန်မာနိုင်ငံ တွင်းသို့ ပြန်ရောက်လာသူများအနေနဲ့ စိုးရိမ်စိတ်ကြောင့် ပုန်းကွယ်ရှောင်တိမ်းခြင်းမပြုကြဖို့ အရေး ကြီးပါတယ်“ဟု ၎င်းက ပြောသည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *