Sponsored

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့ ဇလုံတောင်တော်ကို ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီအချိန်က သွားရောက် ဖူးမြော်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ရဟတ်ယာဉ်နဲ့ ဇလုံတောင်တော်ကို ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီအချိန်က လာရောက်ဖူးမြော်ခဲ့ပါတယ်။

Photo: MSCO

ဇလုံတောင် သာသနာပြုဆရာတော်အား လှူဖွယ်ဝထ္ထုတွေ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဇလုံတောင်တော်အား ပန်း ဆီးမီး ရေချမ်းတွေနဲ့ ကပ်လှူပူဇော်ခဲ့ပါတယ်။

Sponsored
Photo: MSCO

ဒီနောက် မွန်လွဲ ၁ နာရီ ၁၀ မိနစ်မှာ ရဟတ်ယာဉ်နဲ့ ဗန်းမောက်မြို့ ကို ဆက်လက် ထွက်ခွာခဲ့ပြီး ဗန်းမောက်မြို့ မြို့တော်ခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပါတယ်။

Photo: MSCO

ကိုကိုလင်း (အင်းတော်)

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *