Sponsored

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြစ်ကြီးနားခရီးစဥ် (ပထမနေ့)တွင် ဘာသာရေးခေါင်းဆောင်များ၊ လူမျိုးစု အကြီးအကဲများနှင့် Palm Spring ဟိုတယ်တွင် နေ့လည်စာ အတူတကွ သုံးဆောင်ပြီး အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးသည်။

မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမသို့ ထွက်ခွာပြီး လူထုတွေ့ဆုံပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး၊ ပြည်သူများ၏ မေးမြန်းမှုများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။

Photo: Peacock News
Photo: Peacock News

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် KBC ဌာနချုပ်သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားခဲ့သည်။

Sponsored
Photo: Peacock News
Photo: Peacock News

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မနောကွင်းတွင် ပြုလုပ်မည့် (၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။

Photo: Peacock News
Sponsored

Leave a Comment

Your email address will not be published. Required fields are marked *