အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့ ဓမ္မဗိမ္မာန်ဖွင့်ပွဲ တက်ရောက်

ဓါတ်ပုံ - ဘုန်းနေ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နိုဝင်ဘာ(၉)ရက်တွင် မိုးကုတ်မြို့ မြို့မရပ်ရှိ ညောင်သုံးပင် ပရိယတ္တိ သာမဏေကျော်ကျောင်းတိုက် အတွင်း အသစ်တည်ဆောက်ထားသည့် ရှင်အပါးတစ်ထောင် ဓမ္မဗိမ္မာန်တော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည်ပိုင်းတွင် မိုးကုတ်မြို့မိဖြို့ဖ (၁၅)ဦးနှင့် ေ တွ့ဆုံကာ စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။

ဓါတ်ပုံ – ဘုန်းနေ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့သို့ ရောက်ရှိနေချိန်တွင် ဒေသခံအချို့က ကျောက်မျက်လုပ်ကွက်နေရာ သတ်မှတ်ချထားပေးမှု မကျေနပ်ကြောင်း ဆိုင်းဘုတ်ကိုင်ကာ ဆန္ဒပြခဲ့သည်။

မိုးကုတ်ဒေသခံ (၅)ဦးသည် ကျောက်မျက်လုပ်ကွက် ချထားပေးရာတွင် ဒေသခံများ၏ သဘေားထားရယူရန်၊ ကျောက်မျက်လုပ်ကွက်များ တရားမျှတစွာ ချထားပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အောင်မြင်စေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြောင်း စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မိုးကုတ်မြို့ အရှေ့ပိုင်း မင်းတံတားအနီးတွင် ဆန္ဒပြနေခြင်းဖြစ်သည်။

ဓါတ်ပုံ – ဘုန်းနေ

ကျောက်မျက်ဥပဒေသစ်သည် ဒေသခံများအတွက် အကျိုးမပြုကြောင်းနှင့် ကျောက်မျက်လုပ်ကွက် ချထားပေးမှုအပေါ် မကျေနပ်ကြောင်း ဒေသခံများ၏ သဘောထားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိရှိစေရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟု ဆိုင်းဘုတ်ကိုင် ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခင်သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၄ ခုနှစ်အတွင်းကလည်း မိုးကုတ်မြို့သို့ ရောက်ရှိခဲ့သည်။

၎င်းသည် ယင်းအချိန်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲအတွက် မိုးကုတ်မြို့သို့ သွားရောက်ခဲ့ကာ လက်ရှိသမ္မတ ဦးဝင်းမြင့်နှင့်အတူ သွားရောက်ခဲ့ခြင်းဖြစ်သည်။