Sponsored

နေပြည်တော် MICC 2 မှာ ဒီကနေ့မနက်ကျင်းပတဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားနေတဲ့ အချိန်မှာ ကျောင်းသားတချို့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အခမ်းအနားများကို မိမိအတွက် မိမိအဖွဲ့အတွက်၊ မိမိ တစ်ယောက်တည်း၏ အမြင်အတွက် အသုံးမချရန် မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Photo: Peacock News

နေပြည်တော်တွင် ယနေ့ ကျင်းပသည့် ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည် ဖော်ရေးနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်း ပြောကြားနေစဉ် ကျောင်းသားအချို့က ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မတ်တပ်ရပ်‌နေခဲ့ ခြင်းကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

Sponsored

ဒါတွေကို နောက်မှာ အချေအတင် ပြောနေလို့ အလကားပဲ။ ထောင်ပြတဲ့ဟာတွေကို ဒီကလည်း မြင်ကို မမြင်ရဘူး။ အဲတော့ ဒါက ဘာမှ ထိရောက်မှု ရှိတာ မဟုတ်ဘူး။ နောက်ပြီး အခမ်းအနားတွေကို ကိုယ့်အတွက် ကိုယ့်အဖွဲ့အတွက် ကိုယ့်တစ်ယောက်တည်းရဲ့ အမြင်အတွက် အသုံးမချပါနဲ့။ ဒါဟာ လုံးဝ ဖြစ်သင့်တဲ့ ကိစ္စ မဟုတ်ပါဘူး။ လူတိုင်း လူတိုင်းမှာ အခွင့်အရေး ရှိသလို တာဝန်ရှိတယ် ဆိုတာလည်း သိရပါလိမ့်မယ်။ စည်းကမ်း ဆိုတာလည်း ကိုယ့်စည်းကို ထိန်းရပါလိမ့်မယ်“ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Photo: DVB

အခမ်းအနား ခေတ္တရပ်နားချိန်တွင် ဝန်ကြီးဌာနမှ အကြီးအကဲ အချို့က ဆိုင်းဘုတ် ကိုင်ဆောင်ခဲ့ သူများကို တွေ့ဆုံ ညှိနှိုင်းမှု ပြုလုပ်ခဲ့သော်လည်း ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည်နှင့်သာ တွေ့ဆုံရန် တောင်းဆိုခဲ့ကြသည်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *