ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ပြင်သစ်ဂန္ဓဝင်ဘောလုံးသမား Youri Djorkaeff မြန်မာနိုင်ငံသို့ လာရောက်မည်

@Twitter

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏တောင်းဆိုချက်အရ ပြင်သစ်ဂန္ဓဝင်ဘောလုံးသမား Youri Djorkaeff သည် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့လာရောက်ကာ မြန်မာဘောလုံးအသင်း အာရှတွင်ပြန် လည် ဦးမော့လာစေရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဟု သိရသည်။

@Twitter

ယူရီဂျော်ကာအက်ဖ် Youri Djorkaeff သည် ၎င်း၏ Twitter အကောင့်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံနှုတ်ဆက်စကားပြောနေသောပုံကိုတင်ထားပြီး New Project Coming Soon… ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။

ယူရီဂျော်ကာအက်ဖ် Youri Djorkaeff သည် ပြင်သစ်လက် ရွေးစင်အသင်းအတွက် ၈၂ ပွဲကစား ၂၈ ဂိုးသွင်းယူပေး
ခဲ့သူဖြစ်ပြီး မိုနာကို၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ကိုင်ဇာစလော့တန်၊ ဘောလ်တန်၊ ဘလက်ဘန်းတို့ကဲ့သို့ကလပ် များတွင်သာမက မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဒ်ဘူူူးလ်တွင်ပါကစားခဲ့ဖူးသူ ဖြစ်သည်။

@Twitter

ယူရီဂျော်ကာအက်ဖ် Youri Djorkaeff မှာ လက်ရှိရီးရဲလ်နည်းပြ ဇီဒန်းနှင့်ခေတ်ပြိုင်ကစားသမားဖြစ်ပြီး အင်္ဂလန်တွင်
ကျင်းပခဲ့သည့် ယူရို ၉၆ မှစတင်နာမည်ကျော်ခဲ့ကာ ပြင်သစ်အသင်းနှင့်အတူ ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၀၀၊ ၂၀၀၁ ဖီဖာကွန်ဖက်ဒရေးရှင်းချန်ပီယံဖလားများရယူခဲ့ဖူူးသလို ကစားခဲ့သည့် ကလပ်များနှင့်လည်း အောင်မြင်မှု့ရခဲ့သူဖြစ်သည်။

@Twitter

“ဆိုဖီ” အမည်ရဇနီးသည်နှင့် သားသမီး ၃ ဦး၏ ဖခင်ဖြစ်သည့် ယူရီဂျော်ကာအက်ဖ် Youri Djorkaeff မှာ အင်္ဂလန် တွင်ကစားခဲ့စဉ်က အာမေးနီယားတွင် ဘောလုံးကျောင်းတစ်ခုဖွင့်ပေးခဲ့ဖူူးသည်။ လက်ရှိအချိန်တွင်လည်း Youri Djorkaeff Foundation ကိုတည်ထောင်ထားကာ ဘောလုံးဖွံ့ဖြိုးမှု့လုပ်ငန်းများကို ဆောင်ရွက်နေသူဖြစ်သည်။