ေဒၚေအာင္ဆန္းစုၾကည္နဲ ့သက္ေတာ္ေစာင့္ေတြ တြဲ႐ိုက္တဲ့ပံု ၾကည့္ၿပီးစိတ္မေကာင္းျဖစ္မိ

ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ သူမရဲ႕ သက္ေတာ္ေစာင့္မ်ား

အေမနဲ႔ သက္ေတာ္ေစာင့္ေတြ တြဲ႐ိုက္တဲ့ပံု ၾကည့္ၿပီး အေတာ္စိတ္မေကာင္းျဖစ္သြားတယ္ ။ အေမ့ေဘးက SWAT တံဆိပ္တပ္ထားတဲ့ လက္နက္ကိုင္ သက္ေတာ္ေစာင့္ႏွစ္ေယာက္ ကိုင္ထားတဲ့ AK 47 ေသနတ္ေတြက ေဆးေရာင္ေတြလြင့္ၿပီး ျမင္မေကာင္း ရႈမေကာင္း ျဖစ္ေနၿပီ၊ အေရးအေၾကာင္းဆိုပစ္ရင္ေတာင္ က်ည္ထြက္ပါ့မလား စိုးရိမ္မိတယ္ ။

SWAT အဓိပါယ္က (Special Weapons And Tactics) ပါ။ အေကာင္းဆံုး လက္နက္နဲ႔ စစ္ဗ်ဴဟာေတြ ကၽြမ္းက်င္တဲ့အဖြဲ႕တဲ့ လူေတြကိုေတာ့ အေမ့အေပၚမွာထားတဲ့ ေစတနာကို ယံုတာေၾကာင့္ ေျပာစရာမရွိေပမယ့္ ဒါလား ျမန္မာႏိုင္ငံရဲ႕ အေကာင္းဆံုးလက္နက္ ဆိုတာလို႔ေတာ့ ေမးလိုက္ခ်င္ပါတယ္ ။

AK 47 ဆိုတာ ၁၉၄၆ ခုႏွစ္ကတည္းက ဆိုဗီယက္ျပည္ေထာင္စုက ဒီဇိုင္းဆြဲၿပီး ၁၉၄၉ ခုႏွစ္မွာထဲက စတင္အသံုးျပဳေနတဲ့ လက္နက္ပါ၊ ယေန႔အခ်ိန္ထိ အသံုးျပဳေနဆဲ လက္နက္ေကာင္း တစ္ခု ျဖစ္ေပမယ့္ ႏိုင္ငံတကာက ဘယ္သက္ေတာ္ေစာင့္မွ အသံုးမျပဳေတာ့တာ ဆယ္စုႏွစ္ေပါင္း ၾကာပါၿပီ ။

ေဒၚေအာင္ဆန္းစုၾကည္

ႏိုင္ငံတကာက ေခါင္းေဆာင္ေတြ စစ္ဗိုလ္ခ်ဳပ္ေတြ ျမန္မာႏိုင္ငံကိုေရာက္ရင္ အတိုင္ပင္ခံပုဂၢိဳလ္ကို အရင္ဆံုး လာေတြ႕ၾကသလို ကမာၻ႕မီဒီယာေတြမွာ လည္း အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ပံုေတြကို အသားေပး ေဖာ္ျပေနၾကတာပါ၊ ဒီလို ႏိုင္ငံေခါင္းေဆာင္ တစ္ေယာက္ကို ကာကြယ္ေစာင့္ေရွာက္ရမယ့္ အေရးပါတဲ့ အဖြဲ႕ကို ဒီလို လက္နက္မ်ဳိးေတြနဲ႔ ေတြ႕လိုက္ရေတာ့ ႏိုင္ငံတကာက အေတာ္ အံ့ၾသၾကမွာပါ ။

ခုလို ႏိုင္ငံေတာ္ရဲ႕ အေရးႀကီးဆံုးပုဂိၢဳလ္အဂၤါစင္ အဆင့္ နံပါတ္ ၂ ကို ေစာင့္ေရွာက္တဲ့ ျမန္မာႏိုင္ငံက SWAT ဆိုတဲ့ အဖြဲ႕ရဲ႕ အေကာင္းဆံုး လက္နက္က ဒါပဲ ရွိလား ဒါမွမဟုတ္ တမင္မထုတ္ေပးတာလား
ဆိုတာကေတာ့ ျပည္ထဲေရးကို ေမးခြန္းထုတ္စရာ ျဖစ္ေစပါတယ္၊ နိုင္ငံတကာကို မဆိုထားနဲ႔ အိမ္နိီးခ်င္း ထိုင္းနိုင္ငံက သာမာန္ရဲတစ္ေယာက္ကိုင္တဲ့ လက္နက္ေလာက္ေတာင္ အဆင့္မရိွတာပါ ။

အတိုင္ပင္ခံ အနားက လူေလး ၁၀ ေယာက္ေလာက္ကို နိုင္ငံတကာနဲ႔တန္းတူ အေကာင္းဆံုးေတြ မဆင္ေပးနိုင္ရင္ေတာင္မွ မီးက်ဳိးေမာင္းပ်က္နဲ႔ ပစ္စလတ္ခတ္ မလုပ္ပါနဲ႔ သူတို႔ ေစာင့္ေရွာက္ေနတာ တိုင္းျပည္နဲ႔ ျပည္သူ သန္း ၅၀ အတြက္ အနာဂတ္ႀကီးပါ။

ေရးသားသူ -Ko Zarni Tike


#Unicode Version

အမေနဲ့ သက်တော်စောင့်တွေ တွဲရိုက်တဲ့ပုံ ကြည့်ပြီး အတော်စိတ်မကောင်းဖြစ်သွားတယ် ။ အမေ့ဘေးက SWAT တံဆိပ်တပ်ထားတဲ့ လက်နက်ကိုင် သက်တော်စောင့်နှစ်ယောက် ကိုင်ထားတဲ့ AK 47 သေနတ်တွေက ဆေးရောင်တွေလွင့်ပြီး မြင်မကောင်း ရှုမကောင်း ဖြစ်နေပြီ၊ အရေးအကြောင်းဆိုပစ်ရင်တောင် ကျည်ထွက်ပါ့မလား စိုးရိမ်မိတယ် ။

SWAT အဓိပါယ်က (Special Weapons And Tactics) ပါ။ အကောင်းဆုံး လက်နက်နဲ့ စစ်ဗျူဟာတွေ ကျွမ်းကျင်တဲ့အဖွဲ့တဲ့ လူတွေကိုတော့ အမေ့အပေါ်မှာထားတဲ့ စေတနာကို ယုံတာကြောင့် ပြောစရာမရှိပေမယ့် ဒါလား မြန်မာနိုင်ငံရဲ့ အကောင်းဆုံးလက်နက် ဆိုတာလို့တော့ မေးလိုက်ချင်ပါတယ် ။

AK 47 ဆိုတာ ၁၉၄၆ ခုနှစ်ကတည်းက ဆိုဗီယက်ပြည်ထောင်စုက ဒီဇိုင်းဆွဲပြီး ၁၉၄၉ ခုနှစ်မှာထဲက စတင်အသုံးပြုနေတဲ့ လက်နက်ပါ၊ ယနေ့အချိန်ထိ အသုံးပြုနေဆဲ လက်နက်ကောင်း တစ်ခု ဖြစ်ပေမယ့် နိုင်ငံတကာက ဘယ်သက်တော်စောင့်မှ အသုံးမပြုတော့တာ ဆယ်စုနှစ်ပေါင်း ကြာပါပြီ ။

ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတကာက ခေါင်းဆောင်တွေ စစ်ဗိုလ်ချုပ်တွေ မြန်မာနိုင်ငံကိုရောက်ရင် အတိုင်ပင်ခံပုဂ္ဂိုလ်ကို အရင်ဆုံး လာတွေ့ကြသလို ကမ္ဘာ့မီဒီယာတွေမှာ လည်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပုံတွေကို အသားပေး ဖော်ပြနေကြတာပါ၊ ဒီလို နိုင်ငံခေါင်းဆောင် တစ်ယောက်ကို ကာကွယ်စောင့်ရှောက်ရမယ့် အရေးပါတဲ့ အဖွဲ့ကို ဒီလို လက်နက်မျိုးတွေနဲ့ တွေ့လိုက်ရတော့ နိုင်ငံတကာက အတော် အံ့သြကြမှာပါ ။

ခုလို နိုင်ငံတော်ရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်အင်္ဂါစင် အဆင့် နံပါတ် ၂ ကို စောင့်ရှောက်တဲ့ မြန်မာနိုင်ငံက SWAT ဆိုတဲ့ အဖွဲ့ရဲ့ အကောင်းဆုံး လက်နက်က ဒါပဲ ရှိလား ဒါမှမဟုတ် တမင်မထုတ်ပေးတာလား
ဆိုတာကတော့ ပြည်ထဲရေးကို မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်၊ နိုင်ငံတကာကို မဆိုထားနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက သာမာန်ရဲတစ်ယောက်ကိုင်တဲ့ လက်နက်လောက်တောင် အဆင့်မရှိတာပါ ။

အတိုင်ပင်ခံ အနားက လူလေး ၁၀ ယောက်လောက်ကို နိုင်ငံတကာနဲ့တန်းတူ အကောင်းဆုံးတွေ မဆင်ပေးနိုင်ရင်တောင်မှ မီးကျိုးမောင်းပျက်နဲ့ ပစ်စလတ်ခတ် မလုပ်ပါနဲ့ သူတို့ စောင့်ရှောက်နေတာ တိုင်းပြည်နဲ့ ပြည်သူ သန်း ၅၀ အတွက် အနာဂတ်ကြီးပါ။

ရေးသားသူ -Ko Zarni Tike