မန္ယူအတြက္ ျပန္ကစားခြင့္ရမယ့္အေရးကုိ စိတ္လႈပ္ရွားရင္ခုန္ေနတဲ့ ေဒးဗစ္ဘက္ဟမ္း

Getty Images

မန္ယူအသင္းရဲ႕ ဂႏၳ၀င္ကစားသမားေဟာင္းျဖစ္ၿပီး အေက်ာ္ၾကားဆံုး ေက်ာနံပါတ္ ၇ ပိုင္ရွင္လည္းျဖစ္ခဲ့တဲ့ ေဒးဗစ္ဘက္ဟမ္းဟာ ၁၉၉၉ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲအမွတ္တရအျဖစ္ အသင္းေဟာင္းနဲ႔အတူ ျပန္လည္ကစားခြင့္ရမယ့္အေရးအေပၚ စိတ္လႈပ္ရွားရင္ခုန္ေနတယ္လုိ႔႔ ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

Getty Images

၁၉၉၉ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲဲမွာ ဘုိင္ယန္ျမဴးနစ္နဲ႔ မန္ယူတုိ႔ဆံုေတြ႕ခဲ့ၿပီး မန္ယူဟာ ပြဲခ်ိန္အေစာပိုင္းမွာကတည္းက ၁-၀ နဲ႔ရံႈးနိမ့္ေနခဲ့ေပမယ့္ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုေရာက္မွ ရွရမ္ဂမ္၊ ဆုိးလ္ရွားတုိ႔ရဲ႕သြင္းဂိုးေတြေၾကာင့္ ၂-၁ နဲ႔အႏုိင္ျပန္ရကာ သမုိင္း၀င္တဲ့ေအာင္ပြဲျဖစ္ခဲ့တာပါ။

Getty Images

အဲဒီရာသီက မန္ယူအသင္းရဲ႕ ဖလားသံုးလံုးေအာင္ျမင္မႈဟာ ကလပ္သမုိင္းတစ္ေလွ်ာက္ အထင္ကရလည္းျဖစ္ခဲ့ပါတယ္။ လာမယ့္ေမ ၂၆ ရက္ေန႔ဟာ မန္ယူအတြက္ ၉၉ ဖိုင္နယ္ေအာင္ပြဲ ႏွစ္ ၂၀ တိတိျပည့္တဲ့ေန႔ျဖစ္ၿပီး အဲဒီေန႔မွာ မန္ယူဂႏၳ၀င္အသင္းနဲ႔ ဘုိင္ယန္ဂႏၳ၀င္အသင္းတုိ႔ အိုးလ္ထရက္ဖုိ႔ဒ္မွာ ရန္ပံုေငြပြဲအျဖစ္ အမွတ္တရျပန္လည္ယွဥ္ၿပိဳင္ၾကမွာပါ။

Getty Images

အဲဒီပြဲစဥ္မွာ မန္ယူဂႏၳ၀င္အသင္းအတြက္ပါ၀င္ကစားေပမယ့္ ဘက္ဟမ္းက ”အိုးလ္ထရက္ဖုိ႔ဒ္ကို ျပန္လည္လာေရာက္ဖုိ႔အတြက္ ကၽြန္ေတာ္အရမ္းကိုစိတ္လႈပ္ရွားေနပါတယ္။ ၁၉၉၉ ဟာ ကၽြန္ေတာ္တုိ႔အားလံုးအတြက္ ႀကီးက်ယ္ခမ္းနားတဲ့ႏွစ္တစ္ႏွစ္ျဖစ္ၿပီး ဒါကို ျပန္လည္ပံုေဖာ္ခဲ့တာက အရမ္းထူးျခားပါတယ္။ အသင္းနဲ႔အတူ ျပန္လည္စံုစည္းခြင့္ရၿပီး နည္ျပႀကီးရဲ႕လက္ေအာက္မွာ ျပန္ကစားခြင့္ရတာက ကၽြန္ေတာ္အတြက္ေရာ၊ ပရိသတ္ေတြအတြက္ပါ သိပ္ကိုႀကီးက်ယ္ပါတယ္။ အဲဒီအတြက္ ကၽြန္ေတာ္မေစာင့္ႏုိင္ေလာက္ေအာင္ျဖစ္ေနပါၿပီ”လုိ႔ ဖြင့္ဟခဲ့ပါတယ္။

Getty Images

အဲဒီပြဲစဥ္မွာ မန္ယူဂႏၳ၀င္အသင္းကို နည္းျပႀကီးဆာအဲလက္စ္ဖာဂူဆန္က တာ၀န္ယူကိုင္တြယ္ေပးမွာျဖစ္ၿပီး ဘက္ဟမ္းနဲဲ႔အတူ ပီတာရွမုိက္ကယ္၊ ဂ်ပ္စတမ္း၊ ဒင္းနစ္အာ၀င္၊ ဂယ္ရီနဗီးလ္၊ ဖီးလ္နဗီးလ္၊ ေပါလ္စခိုးလ္၊ နစ္ကီဘတ္တုိ႔လည္းပါ၀င္ကစားေပမယ့္လု႔ိ သိရပါတယ္။

Via: Daily Number One


#Unicode version

မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းဖြစ်ပြီး အကျော်ကြားဆုံး ကျောနံပါတ် ၇ ပိုင်ရှင်လည်းဖြစ်ခဲ့တဲ့ ဒေးဗစ်ဘက်ဟမ်းဟာ ၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲအမှတ်တရအဖြစ် အသင်းဟောင်းနဲ့အတူ ပြန်လည်ကစားခွင့်ရမယ့်အရေးအပေါ် စိတ်လှုပ်ရှားရင်ခုန်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Getty Images

၁၉၉၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ မန်ယူတို့ဆုံတွေ့ခဲ့ပြီး မန်ယူဟာ ပွဲချိန်အစောပိုင်းမှာကတည်းက ၁-၀ နဲ့ရှုံးနိမ့်နေခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုရောက်မှ ရှရမ်ဂမ်၊ ဆိုးလ်ရှားတို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၁ နဲ့အနိုင်ပြန်ရကာ သမိုင်းဝင်တဲ့အောင်ပွဲဖြစ်ခဲ့တာပါ။

Getty Images

အဲဒီရာသီက မန်ယူအသင်းရဲ့ ဖလားသုံးလုံးအောင်မြင်မှုဟာ ကလပ်သမိုင်းတစ်လျှောက် အထင်ကရလည်းဖြစ်ခဲ့ပါတယ်။ လာမယ့်မေ ၂၆ ရက်နေ့ဟာ မန်ယူအတွက် ၉၉ ဖိုင်နယ်အောင်ပွဲ နှစ် ၂၀ တိတိပြည့်တဲ့နေ့ဖြစ်ပြီး အဲဒီနေ့မှာ မန်ယူဂန္ထဝင်အသင်းနဲ့ ဘိုင်ယန်ဂန္ထဝင်အသင်းတို့ အိုးလ်ထရက်ဖို့ဒ်မှာ ရန်ပုံငွေပွဲအဖြစ် အမှတ်တရပြန်လည်ယှဉ်ပြိုင်ကြမှာပါ။

Getty Images

အဲဒီပွဲစဉ်မှာ မန်ယူဂန္ထဝင်အသင်းအတွက်ပါဝင်ကစားပေမယ့် ဘက်ဟမ်းက ”အိုးလ်ထရက်ဖို့ဒ်ကို ပြန်လည်လာရောက်ဖို့အတွက် ကျွန်တော်အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ ၁၉၉၉ ဟာ ကျွန်တော်တို့အားလုံးအတွက် ကြီးကျယ်ခမ်းနားတဲ့နှစ်တစ်နှစ်ဖြစ်ပြီး ဒါကို ပြန်လည်ပုံဖော်ခဲ့တာက အရမ်းထူးခြားပါတယ်။ အသင်းနဲ့အတူ ပြန်လည်စုံစည်းခွင့်ရပြီး နည်ပြကြီးရဲ့လက်အောက်မှာ ပြန်ကစားခွင့်ရတာက ကျွန်တော်အတွက်ရော၊ ပရိသတ်တွေအတွက်ပါ သိပ်ကိုကြီးကျယ်ပါတယ်။ အဲဒီအတွက် ကျွန်တော်မစောင့်နိုင်လောက်အောင်ဖြစ်နေပါပြီ”လို့ ဖွင့်ဟခဲ့ပါတယ်။

Getty Images

အဲဒီပွဲစဉ်မှာ မန်ယူဂန္ထဝင်အသင်းကို နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်က တာဝန်ယူကိုင်တွယ်ပေးမှာဖြစ်ပြီး ဘက်ဟမ်းနဲ့အတူ ပီတာရှမိုက်ကယ်၊ ဂျပ်စတမ်း၊ ဒင်းနစ်အာဝင်၊ ဂယ်ရီနဗီးလ်၊ ဖီးလ်နဗီးလ်၊ ပေါလ်စခိုးလ်၊ နစ်ကီဘတ်တို့လည်းပါဝင်ကစားပေမယ့်လု့ိ သိရပါတယ်။

Via: Daily Number One