စာေမးပြဲေအာင္လိုပါက က်ပ္ ေျခာက္သိန္း ေပးရန္ ေတာင္းခံခဲ့သည္ဟု ဒဂုံတကၠသိုလ္ ေနာက္ဆုံးႏွစ္ ေက်ာင္းသူႏွစ္ဦးက တိုင္ၾကားခဲ့သည့္အတြက္ ဒဂုံတကၠသိုလ္မွ ပါေမာကၡ ( ဌာနမႉး) တစ္ဦးႏွင့္ ဆရာမ တစ္ဦး စုံခုံဖြဲ႕စစ္ေဆးခံရ

ဒဂုံတကၠသိုလ္

ဒဂုံတကၠသိုလ္တြင္ တက္ေရာက္ေနသည့္ ေနာက္ဆုံးႏွစ္ ေက်ာင္းသူႏွစ္ဦးထံမွ စာေမးပြဲေအာင္စာရင္းတြင္ ပါခ်င္ပါက ေငြက်ပ္ ေျခာက္သိန္းေပးရန္ ေတာင္းခံခဲ့သည္ဟုဆိုကာ ဒဂုံတကၠသိုလ္မွ ပါေမာကၡ (ဌာနမႉး) တစ္ဦးႏွင့္ ဆရာမ တစ္ဦးကို ကာယကံရွင္ ေက်ာင္းသူႏွစ္ဦးက အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ႏွင့္ ပညာေရးဝန္ႀကီးဌာနသို႔ တိုင္ၾကားခဲ့သည့္အတြက္ တိုင္ၾကားခံရသည့္ ပညာေရးဝန္ထမ္း ႏွစ္ဦးကို စုံခုံဖြဲ႕ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ဒဂုံတကၠသိုလ္မွ ပါေမာကၡ (ဌာနမႉး)ႏွင့္ ဆရာမတစ္ဦးတို႔ လာဘ္ေငြ ေတာင္းခံခဲ့သည္ႏွင့္ ပတ္သက္ၿပီး ကာယကံရွင္ ေက်ာင္းသူႏွစ္ဦးက ၿပီးခဲ့သည့္ ဒီဇင္ဘာ ၅ ရက္က တိုင္ၾကားခဲ့ျခင္း ျဖစ္ကာ တိုင္ၾကားမႈကို စုံခုံဖြဲ႕ စစ္ေဆးခဲ့ၿပီး အစီရင္ခံစာ တင္ျပရန္သာ က်န္ရွိေတာ့ေၾကာင္း အဆိုပါျဖစ္စဥ္တြင္ ပါဝင္ အစစ္ေဆးခံခဲ့ရသည့္ ဒဂုံတကၠသိုလ္ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ ေက်ာင္းသားတစ္ဦးက The Daily Eleven သတင္းစာ သို႔ ေျပာၾကားသည္။

ပထမဦးဆုံး ေက်ာင္းသူႏွစ္ဦးက ကြၽန္ေတာ္တို႔ ေက်ာင္းသားသမဂၢနဲ႔ ဆရာမ်ားသမဂၢကို လာေဆြးေႏြးတာေပါ့။ ဒီလိုကိစၥေလးေတြ ရွိလို႔ တိုင္ခ်င္လို႔ေပါ့ေနာ္။ ကြၽန္ေတာ္တို႔က အႀကံေပး ေဆြးေႏြးေပးပါတယ္။ တိုင္တာက သူတို႔ပဲ တိုင္တာပါ။ အဲ့ဒါနဲ႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္နဲ႔ ပညာေရးဝန္ႀကီးဌာနကို တိုင္လိုက္တာပါ။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၅ ရက္က တိုင္စာပို႔တာေပါ့။ အဲဒါနဲ႔ စုံခုံဖြဲ႕ၿပီး စစ္ေဆးတာေပါ့ေနာ္။ အတိုင္ခံရတဲ့ ဌာနမႉးရဲ႕ ဌာနက ဆရာဆရာမေတြေရာ၊ ေက်ာင္းသားေက်ာင္းသူေတြေရာ ကြၽန္ေတာ္တို႔ သမဂၢအဖြဲ႕ဝင္ေတြေရာ အကုန္လုံးကို စစ္တာေပါ့။ အခုေတာ့ စစ္ေဆးတဲ့အဆင့္ ၿပီးသြားပါၿပီ။ စုံစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ အစီရင္ခံစာပဲ က်န္ေတာ့ပါတယ္” ဟု ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ ေက်ာင္းသားတစ္ဦးက ေျပာၾကားသည္။

တိုင္ၾကားခဲ့သည့္ ေက်ာင္းသူႏွစ္ဦးမွာ ဒဂုံတကၠသိုလ္တြင္ ေနာက္ဆုံးႏွစ္ တက္ေရာက္ေနသည့္ ေက်ာင္းသူႏွစ္ဦးျဖစ္ၿပီး ေတာင္းခံသည့္ လာဘ္ေငြကို မေပးခဲ့ဘဲ ၎တို႔မွာ စာေမးပြဲတြင္ က်ရႈံးခဲ့ေၾကာင္း ေက်ာင္းသားတစ္ဦးက ေျပာၾကားသည္။

“ေက်ာင္းသူႏွစ္ဦးက Day တက္တဲ့ ေနာက္ဆုံးႏွစ္ ေက်ာင္းသူႏွစ္ဦးေပါ့။ သူတို႔က ေတာင္းတဲ့ေငြကို မေပးလိုက္ဘူး။ စာေမးပြဲမွာလည္း သူတို႔က်တယ္။ က်တဲ့အတြက္ ဒီလိုမ်ိဳး တိုင္တာေပါ့။ ကြၽန္ေတာ္တို႔ ေျပာခ်င္တာက ေအာင္တာ၊ က်တာက တစ္ပိုင္းေပါ့။ လာဘ္ေငြေတာင္းတာက တစ္ပိုင္း။ ကြၽန္ေတာ္တို႔ ဒဂုံတကၠသိုလ္မွာ ဒီလိုမ်ိဳး ပညာေရးဝန္ထမ္းေတြက အဂတိလိုက္စားတာမ်ိဳး မရွိေစခ်င္ဘူး။ ဒီအတြက္ ကြၽန္ေတာ္တို႔က ျပတ္ျပတ္သားသား ရွင္းလင္းဖို႔အတြက္ လုပ္ေဆာင္ေနပါတယ္။ အဂတိလိုက္စားတဲ့သူ တခ်ိဳ႕ေၾကာင့္ မွန္မွန္ကန္ကန္ ဆရာ/ဆရာမေတြရဲ႕ ဂုဏ္သိကၡာလည္း က်ဆင္းႏိုင္ပါတယ္” ဟု ၎က ဆိုသည္။

အဂတိလိုက္စားမႈျဖင့္ တိုင္ၾကားခံရသည့္ ဒဂုံတကၠသိုလ္မွ ပါေမာကၡႏွင့္ ဆရာမ တစ္ဦးတို႔ကို စစ္ေဆးသည့္ စုံစမ္းစစ္ေဆးေရးအဖြဲ႕တြင္ ပုသိမ္တကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒၚစီစီလွဘူး၊ ရန္ကုန္တကၠသိုလ္ ဒုတိယ ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ေက်ာ္ တို႔ ပါဝင္ေၾကာင္း သိရသည္။

စုံစမ္းစစ္ေဆးမႈမွာ ၿပီးဆုံးၿပီျဖစ္ကာ အစီရင္ခံစာေပၚ မူတည္ၿပီး သက္ဆိုင္ရာမွ အေရးယူသင့္ မယူသင့္ ဆုံးျဖတ္မည္ ျဖစ္ေၾကာင္း ဒဂုံတကၠသိုလ္မွ အမည္မေဖာ္လိုသူ ဆရာတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

Via: Eleven Media


#Unicode version

ဒဂုံတက္ကသိုလ်တွင် တက်ရောက်နေသည့် နောက်ဆုံးနှစ် ကျောင်းသူနှစ်ဦးထံမှ စာမေးပွဲအောင်စာရင်းတွင် ပါချင်ပါက ငွေကျပ် ခြောက်သိန်းပေးရန် တောင်းခံခဲ့သည်ဟုဆိုကာ ဒဂုံတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး) တစ်ဦးနှင့် ဆရာမ တစ်ဦးကို ကာယကံရှင် ကျောင်းသူနှစ်ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သည့်အတွက် တိုင်ကြားခံရသည့် ပညာရေးဝန်ထမ်း နှစ်ဦးကို စုံခုံဖွဲ့ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံတက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)နှင့် ဆရာမတစ်ဦးတို့ လာဘ်ငွေ တောင်းခံခဲ့သည်နှင့် ပတ်သက်ပြီး ကာယကံရှင် ကျောင်းသူနှစ်ဦးက ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က တိုင်ကြားခဲ့ခြင်း ဖြစ်ကာ တိုင်ကြားမှုကို စုံခုံဖွဲ့ စစ်ဆေးခဲ့ပြီး အစီရင်ခံစာ တင်ပြရန်သာ ကျန်ရှိတော့ကြောင်း အဆိုပါဖြစ်စဉ်တွင် ပါဝင် အစစ်ဆေးခံခဲ့ရသည့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားတစ်ဦးက The Daily Eleven သတင်းစာ သို့ ပြောကြားသည်။

ပထမဦးဆုံး ကျောင်းသူနှစ်ဦးက ကျွန်တော်တို့ ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂကို လာဆွေးနွေးတာပေါ့။ ဒီလိုကိစ္စလေးတွေ ရှိလို့ တိုင်ချင်လို့ပေါ့နော်။ ကျွန်တော်တို့က အကြံပေး ဆွေးနွေးပေးပါတယ်။ တိုင်တာက သူတို့ပဲ တိုင်တာပါ။ အဲ့ဒါနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ပညာရေးဝန်ကြီးဌာနကို တိုင်လိုက်တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က တိုင်စာပို့တာပေါ့။ အဲဒါနဲ့ စုံခုံဖွဲ့ပြီး စစ်ဆေးတာပေါ့နော်။ အတိုင်ခံရတဲ့ ဌာနမှူးရဲ့ ဌာနက ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေရော ကျွန်တော်တို့ သမဂ္ဂအဖွဲ့ဝင်တွေရော အကုန်လုံးကို စစ်တာပေါ့။ အခုတော့ စစ်ဆေးတဲ့အဆင့် ပြီးသွားပါပြီ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာပဲ ကျန်တော့ပါတယ်” ဟု ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားတစ်ဦးက ပြောကြားသည်။

တိုင်ကြားခဲ့သည့် ကျောင်းသူနှစ်ဦးမှာ ဒဂုံတက္ကသိုလ်တွင် နောက်ဆုံးနှစ် တက်ရောက်နေသည့် ကျောင်းသူနှစ်ဦးဖြစ်ပြီး တောင်းခံသည့် လာဘ်ငွေကို မပေးခဲ့ဘဲ ၎င်းတို့မှာ စာမေးပွဲတွင် ကျရှုံးခဲ့ကြောင်း ကျောင်းသားတစ်ဦးက ပြောကြားသည်။

“ကျောင်းသူနှစ်ဦးက Day တက်တဲ့ နောက်ဆုံးနှစ် ကျောင်းသူနှစ်ဦးပေါ့။ သူတို့က တောင်းတဲ့ငွေကို မပေးလိုက်ဘူး။ စာမေးပွဲမှာလည်း သူတို့ကျတယ်။ ကျတဲ့အတွက် ဒီလိုမျိုး တိုင်တာပေါ့။ ကျွန်တော်တို့ ပြောချင်တာက အောင်တာ၊ ကျတာက တစ်ပိုင်းပေါ့။ လာဘ်ငွေတောင်းတာက တစ်ပိုင်း။ ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာ ဒီလိုမျိုး ပညာရေးဝန်ထမ်းတွေက အဂတိလိုက်စားတာမျိုး မရှိစေချင်ဘူး။ ဒီအတွက် ကျွန်တော်တို့က ပြတ်ပြတ်သားသား ရှင်းလင်းဖို့အတွက် လုပ်ဆောင်နေပါတယ်။ အဂတိလိုက်စားတဲ့သူ တချို့ကြောင့် မှန်မှန်ကန်ကန် ဆရာ/ဆရာမတွေရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံရသည့် ဒဂုံတက္ကသိုလ်မှ ပါမောက္ခနှင့် ဆရာမ တစ်ဦးတို့ကို စစ်ဆေးသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါ်စီစီလှဘူး၊ ရန်ကုန်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအောင်ကျော် တို့ ပါဝင်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုမှာ ပြီးဆုံးပြီဖြစ်ကာ အစီရင်ခံစာပေါ် မူတည်ပြီး သက်ဆိုင်ရာမှ အရေးယူသင့် မယူသင့် ဆုံးဖြတ်မည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ အမည်မဖော်လိုသူ ဆရာတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

Via: Eleven Media