Sponsored

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပျံ့နှံ့ဖြစ်ပွားနေတဲ့ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့မှ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ရန်ကုန်ရှိ ဆေးရုံ ၂ ခုမှာ သီးသန့် ခွဲခြားထားရှိပြီး ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၈ ရက် မနေ့မနက်ပိုင်းက ကိုရီးယားသမ္မတနိုင်ငံကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ လေယာဉ်တစီးပေါ်မှာ ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသား ၁၃ ဦး လိုက်ပါလာကြောင်း လေယာဉ်မှူးကြီးက သတင်းပေးပို့ခဲ့တာလို့ ဆိုပါတယ်။

ဝေဘာဂီအထူးကုဆေးရုံကြီး

သူတို့ဟာ ဖျားနာတာနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ မတွေ့ရှိရတဲ့အပြင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာ မရှိပေမယ့် ရောဂါဖြစ်ပွားမှု မြင့်မားနေတဲ့ ဒယ်ဂူးမြို့ကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ရှိလို့ သူတို့အထဲက ၁၀ ဦးကို တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ကျန် ၃ ဦးကိုတော့ ဝေဘာဂီအထူးကုဆေးရုံကြီးကို ပို့ဆောင်လိုက်တာပါ။

Sponsored

အဆိုပါ မြန်မာ ၁၃ ဦးကို ၁၄ ရက်ကြာ ခွဲခြားထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်ကာ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက သတင်းထုတ်ပြန်ပါတယ်။

Daegu

မြန်မာပြည်တွင်းရှိ ဆေးရုံတွေမှ စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူနေသူ ၆ ဦး ဟာလည်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ပေးပို့လာတဲ့ ဓာတ်ခွဲအဖြေတွေအရ COVID-19 ရောဂါပိုး မရှိဘူးလို့လည်း ဆိုပါတယ်။

စောင့်ကြည့်လူနာတဦးကို ကုသပေးခဲ့တဲ့ မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနက လက်ထောက်ဆရာဝန်၊ အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးဟာလည်း မတ်လ ၇ ရက်ကစပြီး ဖျားခြင်း၊ အာသီးရောင်ခြင်းဝေဒနာတွေ ခံစားခဲ့ရလို့ ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုခံယူနေရပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၈ ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *