Sponsored

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ သောက်ကံကျေးရွာနေ အလယ်တန်းပြကျောင်းဆရာမတဦးသည် မတ်(၁၁)ရက်နေ့ ညနေ ၃ နာရီခန့်က ၆၇/ယ-၆၂၃၀ HONDA 100 အမျိုးအစား အစိမ်းရောင်ဆိုင်ကယ်ဖြင့် ခင်ဦး-အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲစောင့်ပြီးအပြန်

အလယ်သျှို၊ အိုင်ပေါက်ကြီးနှင့် သောက်ကံလမ်းသုံးခွဆုံ၌ ဆိုင်ကယ်တစီးနှင့် နှာခေါင်းစီးတပ်ထားသော အမည်မသိလူငယ်(၃)ဦးက လူကိုရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားကြောင်း သတင်းရရှိသည်။

အရိုက်ခံရသော အလယ်တန်းပြကျောင်းဆရာမ ဒေါ်ယဉ်ယဉ်အေးသည် ဒဏ်ရာများပြင်းထန်စွာရရှိထားသဖြင့် ရွှေဘိုပြည်သူ့ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့အတွင်း လူနာအဖြစ်လွှဲပြောင်းကုသလျက်ရှိကြောင်း၊

Sponsored

တရားခံ(၃)ဦးအား အမြန်ဖမ်းဆီးရမိရေးအတွက် ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့နှင့် ရွှေဘိုခရိုင်ရဲတပ်ဖွဲ့တို့ချိတ်ဆက်၍ အပူတပြင်းဆောက်ရွက်နေကြောင်း သိရသည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *