၂၀၁၈ ရဲ့ ချစ်​စရာအ​ကောင်းဆုံး ကမ္ဘာ​ကျော်​စုံတွဲများ

ဘယ်လိုတောင် ချစ်ဖို့ကောင်းကြတာလဲ မေး… 

၂၀၁၈ ဟာချစ်​စရာ​ကောင်းတဲ့ကမ္ဘာ​ကျော်​စုံတွဲအချို့နဲ့စတင်​ခဲ့ပါတယ်​။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး နေတတ်ကြတဲ့ သူတို့ကို ကြည့်ရတာ ချစ်စရာ၊ ကြည်နူးစရာပါ။ ဒီဆောင်းပါးမှာတော့ ချစ်​စရာ​ကောင်းတဲ့ ကမ္ဘာ​ကျော်​ဆယ်​လီ အတွဲ (၆) တွဲကို​ဖော်​ပြထားပါတယ်​။

၁။ Daryl Sabara နဲ့ Meghan Trainor


Meghan Trainor ဟာ Spy Kids ထဲမှာ ပါဝင်ခဲ့တဲ့ က​လေးသရုပ်​​ဆောင်​တစ်​​ယောက်​ဆီက ချစ်​ခွင့်​ပန်​ခြင်းခံလိုက်​ရတဲ့အချိန်​မှာ အတိုင်းမသိဝမ်းသာခဲ့ရပါတယ်​တဲ့။ သူတို့ဟာတစ်​​ယောက်​​ပေါ်တစ်​​ယောက်​နားလည်​မှုရှိကြပြီး Meghan ဟာ သူတို့ရဲ့အချစ်​​တွေကမ္ဘာကို သိ​စေချင်​တဲ့သူတစ်​​ယောက်​ပါ။ ဒါ​ပေမဲ့ သူ့ကိုဘယ်​လိုချစ်​ခွင့်​ပန်​ခဲ့တယ်ဆိုတာကိုတော့ သူလုံးဝမမှတ်​မိ​တော့ပါဘူး။

‘Tonight Show’ ဆိုတဲ့ ရှိုးတစ်​ခုမှာ သူမထင်​မှတ်​ထားတဲ့ အဲ့လို ​မေးခွန်​မျိုး​မေးခံလိုက်​ရတဲ့အချိန်​မှာ သူအ​တော်​​ကြောင်​သွားဖူးပါတယ်​။ သူမရဲ့ Instagram ကို​လေ့လာကြည့်ပါ။  သူတို့ရဲ့ဆက်​ဆံ​ရေးဟာ မိန်းက​လေးအများစုလိုချင်​ကြတဲ့အချစ်​​ရေးမျိုးပေါ့။ သူတို့နှစ်​​ယောက်​ဟာ တစ်​​ယောက်​နဲ့ တစ်​​ယောက် ​အပြန်​အလှန်​စ​နောက်​​နေကြပြီး သာယာ​နေကြတဲ့ဓာတ်​ပုံ​တွေလဲအများကြီးတင်​ထားပါတယ်​။ ခုဆိုရင်​လက်​ထပ်​ဖို့ကိစ္စကို နှစ်​ဘက်​လုံးဝန်​ခံပြီးကြတဲ့အချိန်​မှာ Meghan ဟာသူ့ရဲ့လက်​ထပ်​လက်​စွပ်​အတွက်​အရမ်း​ပျော်​ရွှင်​​နေပါတယ်​။

၂။ Tom Holland နဲ့ Zendaya


ဒီအရမ်းချစ်​ကြတဲ့ချစ်​သူနှစ်​​ယောက်​က​တော့ တစ်နှစ်ကျော်ချစ်ခြင်းကို လျှို့ဝှက်​ထားကြသူတွေပါ။ Spiderman:Homecoming မှာသူတို့​တွေ့ဆုံကြပြီးကတည်းက ဒိတ်​​နေကြတယ်​လို့သတင်းထွက်​လာပါတယ်​။ Zendaya က Tom ဟာ သူ့ရဲ့အခင်​ရဆုံး သူငယ်​ချင်းတစ်​​ယောက်​ဖြစ်​လို့ အတူ​တွေ့မြင်​ရတာဖြစ်​ပြီး Twitter မှာအဆက်​အသွယ်​ရှိ​နေတာပါလို့​ပြောပါတယ်​။ သူတို့နှစ်​​ယောက်​အတူရှိရင်​အရမ်းလိုက်​ဖက်​ပါတယ်​။ ကိုယ်​​ရေးကိုယ်​တာ အ​ကြောင်းပြချက်​အချို့​တွေ​ကြောင့်​ သူတို့ရဲ့ဆက်​ဆံ​ရေးကိုချမပြပါဘူး။ ဒါ​ပေမဲ့ သူတို့ရဲ့သူငယ်​ချင်းဆက်​ဆံ​ရေးက သဲလွန်​စ​ပေး​နေသလိုပါပဲ။ ဘာပဲဖြစ်​ဖြစ်​ အဆင်​​ပြေ​ချော​မွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။ အ​ကောင်းဆုံးကို​ပဲ မျှော်​လင့်ကြတာ​ပေါ့။

၃။ Liam Hemsworth နှင့်​ Miley Cyrus

Relationship တစ်​ခုဟာရုပ်​ရည်​ကိုပဲ ကြည့်​တယ်​ လို့ ယူဆရင်​ ဒီအတွဲကိုကြည့်ပါ။ သူတို့ဟာ မတူညီတဲ့ဘဝနှစ်​ခုကို relationship တစ်​ခုရ​အောင်​ဖန်​တီးခဲ့တာပါ။ အမြဲဆန့်​ကျင်​ဘက်​ဖြစ်​​နေခဲ့​သော်​လဲ ​စေ့စပ်​တဲ့ထိပါစီစဉ်​ထားကြပါတယ်​။ ဒါ​ပေမဲ့ ၂၀၁၃ခုနှစ်မှာ ဆန့်ကျင်ဘက်တွေနဲ့ သူတို့ရဲ့ အချစ်ရေး အဆုံးသတ်ခဲ့ပါတယ်​။
သူတို့နှစ်​​ယောက်​လုံး လိုအပ်​တာက တစ်​​ယောက်​နဲ့တစ်​​ယောက် ​အချိန်​​ပေးနိုင်​ဖို့ပါပဲ။ နှစ်​​တွေအကြာကြီး ခွဲခွာခဲ့ကြပြီး နှစ်​​ယောက်​လုံးနားလည်​သွားတဲ့အချိန်​ ၂၀၁၇ မှာ သူတို့ကို အတူတကွပြန်​မြင်​ခဲ့ရပါတယ်​။ Liam ရဲ့မိသားစု​တွေက Miley ကို သူ့​ဘေးမှာပြန်​မြင်​​တွေ့ရတာ အလွန်​ဝမ်းသား​ကြောင်း ​ဖော်​ပြခဲ့ပါတယ်​။ Liam အတွက် ​သူမသာ တစ်​​ယောက်​တည်း​သောမိန်းက​လေးပါပဲ.. သူတို့တွေရဲ့ အချစ်က စစ်မှန်တယ်ဆိုတာကို အလုပ်နဲ့သက်သေပြခဲ့တဲ့ ချစ်သူနှစ်ဦးပေါ့..

 

၎။ Ed Sheeran နှင့်​ Cherry Seaborn

‘Perfect’ သီချင်းကိုသီဆိုခဲ့တဲ့အဆို​တော်​ က​နောက်​ဆုံးမှာ Cherry Seaborn ကို ချစ်​ခွင့်​ပန်​ခဲ့ပြီးတရားဝင်​​စေ့စပ်​ထားပြီးကြပါပြီ။ ၂၀၁၈ကို ချစ်ခြင်းတွေနဲ့ ကြည်နူးချောမွေ့စွာ စတင်ခဲ့ကြတာပေါ့။ ဒီဇာတ်လမ်းလေးကတော့ အထက်​တန်း​ကျောင်းသားဘဝတည်းက တစ်​ဘက်​သက်​သ​ဘောကျခဲ့တာက စပါတယ်​။ Cherry က​ဟော်​ကီ ကို သ​ဘောကျပြီး Ed က​တော့သီချင်းဆိုရတာ သ​ဘောကျပါတယ်​။ ဒါ​ပေမဲ့ ဒါတွေက အချစ်နဲ့မှ မဆိုင်လေ.. အခက်အခဲတွေကတော့ သူတို့ရဲ့ချစ်​ခြင်းကိုမတားဆီးနိုင်​ခဲ့ပါဘူး။ Cherry က US ရဲ့​ဟော်​ကီပညာရှင်​ဖြစ်​လာပြီး Ed ​ကြောင့်​ အင်္ဂလန်​သို့​ပြောင်း​ရွှေ့​နေထိုင်​ခဲ့ပါတယ်​။ ကဲ အခု​တော့ Ed အတွက်​ perfect ဖြစ်​တဲ့ မိန်းက​လေးတစ်​​ယောက်​ရဲ့ shape ကိုသိသွားကြပြီ​ပေါ့။

၅။  Gal Gadot နှင့်​ Yaron Versano


တကယ်​​တော့ လူ​တော်​​တော်​များများဟာ WonderWoman ထဲက သရုပ်​​ဆောင်​မင်းသမီးက အိမ်​​ထောင်​ရှိပြီး အရမ်းချစ်​ဖို့​ကောင်းတဲ့ သမီး​လေးရထားတယ်​ဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်… ဒါပေမဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကိုတော့ သိနိုင်ကြမယ် မထင်ပါဘူး။ Gadot ထက်​ ၁၀နှစ်​ငယ်​တဲ့ Yaron ဟာ ​အောင်​မြင်​တဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​တစ်​​ယောက်​ပါ။ သူတို့နှစ်​​ယောက်​ရဲ့အချစ်​​တွေ​ပေါက်​ဖွားလာတဲ့အချိန်​က​တော့ ၂၀၀၆ရဲ့ ပါတီတစ်ခုမှာပါ။ အဲ့ဒါပြီးတဲ့​နောက်​ ဒုတိယအကြိမ်​ ဒိတ်​လုပ်​တဲ့အချိန်​မှာပဲ Yaron ကချစ်​ခွင့်​ပန်​ဖို့ စီစဉ်​ထားခဲ့ပါတယ်​။ မကြာ​သေးခင်​အချိန်​တုန်းကပဲ Golden Globe ဆု​ပေးပွဲကို နှစ်​​ယောက်​အတူတူ တက်​​ရောက်​ခဲ့ပါတယ်​။ သူတို့ရဲ့ Instagram က​တော့ အရမ်းချစ်​ဖို့​ကောင်းတဲ့သူတို့ရဲ့ကိုယ်​ပိုင်​ဘဝ​လေးနဲ့ပြည့်​နှက်​​နေတာ​ပေါ့။

၆။ Hugh Jackman နဲ့ Debora-Lee Furness

သူတို့နှစ်​​ယောက်​ ၁၃ နှစ်​ကြာကွဲသွားပြီး ၁၉၉၅မှာ Furness ကဘယ်​သရုပ်​​ဆောင်​နဲ့မှ ထပ်​မတွဲ​တော့ဘူးလို့ အပြတ်​ငြင်းဆိုခဲ့ပါတယ်​။ ဒါ​ပေမဲ့ ကံကြမ္မာ အ​ပြောင်းအလဲ​ကြောင့် Deb ကို Hugh နဲ့အတူ ‘Corelli’ ဆိုတဲ့ TV ဆီးရီးမှာထပ်​မြင်​​တွေ့ခဲ့ရပါတယ်​။လွန်​ခဲ့တဲ့ ၂၂ နှစ်​မှာ Hugh နဲ့ Deb တို့ဟာလက်​ထပ်​ပြီးအချိန်​​တော်​​တော်​ကြာအထိ​ပျော်​ရွှင်​စွာဖြတ်​သန်းခဲ့ကြပါတယ်​။ တကယ့်​အချစ်​စစ်​ဆိုတာ ဒီလိုနှစ်​​တွေအကြာကြီး​ဝေးသွားကြတာ​တောင်​ တစ်​​ယောက်​ကိုတစ်​​ယောက်​မ​မေ့နိုင်​ကြ​သေးဘူးလို့ သက်သေပြလိုက်သလိုပါပဲ။
‘Les Miserablesin’ အတွက်​ Comedy Golden Globe ကချီးမြင့်​တဲ့ဆုကို Hugh လက်​ခံပြီး​နောက်​ သူ့ဇနီးကသူ့​ဘေးမှာရှိ​နေ​ပေးခဲ့တာကို ဂုဏ်​ယူမဆုံးဖြစ်​​နေခဲ့ပါတယ်​။သူတည်​ရှိ​နေရခြင်းက Deb ​ကြောင့်ဆိုတာ ​ပြောပြခဲ့ပါတယ်​။
လူကြီးလူ​ကောင်းတွေရဲ့ နောက်ကွယ်မှာ မိန်းမကောင်းတွေလည်း ရှိတယ်ဆိုတာမျိုးပေါ့..

ကျွန်​​တော်​တို့အားလုံးလည်း ဒီလို အချစ်မျိုးတွေ လိုအပ်တယ်မဟုတ်လား။

Min Thu (The Lifestyle Myanmar )

Reference : Gorgeous