Sponsored

ပေါ်တူဂီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ ကွင်းပြင်ပမှာ အောင်မြင်မူမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ လူမူကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့အင်စတာဂရမ် အကောင့်မှာ ဖော်လိုဝါ (Follower) သန်း၂၀၀ အထိရောက်ရှိသွားခဲ့ပြီး ကမ္ဘာပေါ်မှာ ဖော်လိုဝါ အများ ဆုံးလူသားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Getty Images

နာမည်ကြီးအနုပညာရှင်တွဖြစ်ကြတဲ့ ဘီယွန်ဆေး၊ကင်ကာဒက်ရှ်ယန် တို့ထက် တောင် များပြားတဲ့ ပရိသတ်တွေရှိခဲ့တာဖြစ်ပြီး ဘောလုံးသမားတွေထဲကဆိုရင်တော့ အဓိကပြိုင်ဘက်မက်ဆီထက် တောင် ၁၄၁သန်း ဖော်လိုဝါ အရေအတွက် ပိုများခဲ့တာဖြစ်ပါတယ်။

Sponsored
Getty Images

လီယွန်နယ်မက်ဆီဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၄၁သန်းရှိပြီး တတိယ ဖော်လိုဝါအများဆုံးကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူးနေမာ က ၁၃၂သန်း အရေအတွက်ရှိနေတာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ သူ့ရဲ့ မိသား စုအတွင်းရေးကိစ္စတွေအစ အင်စတာဂရမ်မှာ တင်လေ့ရှိတာကြောင့်လည်း ဖော်လိုဝါအရေ အတွက် အများဆုံး လူသားဖြစ်လာခဲ့တာဖြစ်ပါတယ်။

Getty Images

သုတေသနကုမ္ပဏီတွေရဲ့အဆိုအရတော့ စီရော်နယ်ဒိုအနေနဲ့ အင်စတာဂရမ်မှာ ပု့ိစ်တစ်ခုတင်ရင် ပဲ ပေါင်၇သိန်း၈သောင်းကျော်ဝင်ငွေရရှိနေတယ်လို့လည်းသိရပါတယ်။အင်စတာဂရမ် တရားဝင် အကောင့်ကတော့ ဖော်လိုဝါ သန်း၃၃၀ ရှိ ပြီး စီရော်နယ်ဒိုက သန်း၂၀၀၊အမေရိကန်ပေါ့ပ် အဆိုတော် အက်ရီယန်နာဂရန်ဒီ က ဖော်လိုဝါ ၁၇၃သန်းနဲ့ လူသားတွေထဲမှာဒုတိယလိုက်နေတာဖြစ်ပါတယ်။

Getty Images

အဲဒီနောက် ရုပ်ရှင်မင်းသားကြီး ဂျွန်ဆင်(သန်း၁၇၀)၊အဆိုတော် ဆလီနာဂိုမက်ဇ်(၁၆၇သန်း)၊ကိုင်လီ ဂျင်နာ(၁၅၉သန်း)၊ကင်ကာဒက်ရှ်ယန်( ၁၅၉သန်း)၊လီယွန်နယ်မက်ဆီ ( ၁၄၁သန်း) အဆိုတော် ဘီယွန်ဆေး(၁၃၉)သန်း၊ နေမာက ၁၃၂သန်း အသီးသီး ဖော်လိုဝါ အရေအတွက် ရှိကြ တယ်လို့သိရပါတယ်။

Getty Images

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *