Sponsored

ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒို ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ် ရပ်တည်နေသူဖြစ် ပါတယ်။ ဘောလုံးကနေ ရရှိတဲ့ လုပ်ခနဲ့ ဆုကြေးတွေအပြင် ကွင်းပြင်ပမှာလည်းကြေငြာတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကနေတစ်ဆင့် ဝင်ငွေအများအပြားရရှိနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ချစ်သူဖြစ်သူ စပိန်မော်လ်ဒယ် ဂျော့ဂျီနာ ရိုဒရီဂွက်ဇ်ကိုတော့ တစ်လကို ပေါင် ၈သောင်း အထိ ဖောဖောသီသီ သုံးစွဲခွင့်ပြုထားတယ်လို့ The Sun သတင်းစာကဖော်ပြသွားခဲ့ပါတယ်။

@TheSun

စီရော်နယ်ဒိုဟာ တစ်နှစ်ကို လုပ်ခပေါင် ၂၈သန်းအထိရရှိနေသူဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူ ဂျော့ဂျီနာ ကလေးတစ်ဦးရယူထားပြီး စီရော်နယ်ဒိုမှာ အမွှာကလေး၂ဦး၊ သားကြီးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာ တို့လည်းရှိပါတယ်။ စီရော်နယ်ဒိုကို ကွင်းထဲမှာ စိတ်အေးလက်အေးခြေစွမ်းပြသနိုင်ဖို့အတွက် ဂျော် ဂျီနာက အိမ်တွင်းကိစ္စတွေကို ဦးဆောင်စီမံခန့်ခွဲရတာဖြစ်ပါတယ်။

Sponsored
@TheSun

သတင်းတွေအရတော့ ရော်နယ်ဒိုဟာ ဂျော့ဂျီနာအနေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဖောဖော သီသီ အသုံးပြုနိုင်ဖို့အတွက် တစ်လကို ပေါင် ၈သောင်း ထောက်ပံ့ပေးထားတာဖြစ်ပြီး တခြားအသုံးစ ာရိတ်တွေကိုလည်း သီးသန့်ပေးတယ်လို့ဆိုပါတယ်။စီရော်နယ်ဒိုနဲ့ ဂျော့ဂျီနာတို့ဟာ အားလပ်ရက်တွေ မှာ ဇိမ်ခံရွက်လှေတွေ၊ စျေးကြီး စားသောက်ဆိုင်တွေနဲ့ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်တွေကိုပဲ အသုံးပြု ဝတ်ဆင်လေ့ရှိတယ်လို့လည်းသိရပါတယ်။

@TheSun

စီရော်နယ်ဒိုရဲ့ ၃၅နှစ်ပြည့်မွေးနေ့မှာဆိုရင် ဂျော်ဂျီနာကို ပေါင်၉သောင်း ၃ထောင်တန် မာစီးဒီးဝက်စ် ဂွန် ကားတစ်စီးကိုလည်း ဂျော့ဂျီနာက လက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ဂျော့ဂျီနာဟာ အာဂျင်တီးနား လူမျိုးဘောလုံးသမားဖခင်နဲ့ စပိန်မိခင်တို့ကနေ စပိန်မြောက်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့ တာဖြစ်ပြီး ငယ်စဉ်က ဆင်းရဲချို့တဲ့စွာနဲ့ နေထိုင်လာခဲ့ရတယ်လို့ဆိုပါတယ်။

Jack ( Sports Reader )
Source: The Sun

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *