အီတလီစီးရီးေအမွာ က်န္တဲ့ကစားသမားအားလံုးထက္ ဝင္ေငြသံုးစပိုရေနတဲ့ စီေရာ္နယ္ဒုိ

Getty Images

ဂ်ဴဗင္တပ္အသင္းတုိက္စစ္မွဴး စီေရာ္နယ္ဒုိကေတာ့ အီတလီစီးရီေအမွာ ၀င္ေငြ အေကာင္းဆုံး ကစားသမားအျဖစ္ ထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။ ေရာ္နယ္ဒုိ ဦးေဆာင္ေနတဲ့ ပုံစံက ဒုတိယေနရာက ၀င္ေငြအေကာင္းဆုံးကစားသမားထက္ ၄ဆခန္႔ ပုိမုိမ်ားျပားေနတာျဖစ္ၿပီး စီးရီးေအမွာ ၿပဳိင္ဘက္ကင္းတဲ့ ၀င္ေငြရရွိေနတာျဖစ္ပါတယ္။

Getty Images

စီေရာ္နယ္ဒုိဟာ အခြန္ေဆာင္ၿပီးေနာက္ တစ္ႏွစ္ကုိ စုစုေပါင္း၀င္ေငြ ေပါင္၂၈သန္းအထိရရွိေနတာ ျဖစ္ပါတယ္။ဒုတိယေနရာမွာေတာ့ အသင္းေဖာ္ေနာက္ခံလူ ဒီလစ္က တစ္ႏွစ္ကုိ ေပါင္၇.၂သန္း၀င္ ေငြရရွိေနတာျဖစ္ပါတယ္။ဒါေၾကာင့္ စီေရာ္နယ္ဒုိနဲ႔ ဒုတိယေနရာက ဒီလစ္ၾကားမွာ ၄ဆ ေလာက္ကြာ ဟခ်က္ ႀကီးမားေနတာျဖစ္ပါတယ္။

Getty Images

စီေရာ္နယ္ဒုိအေနနဲ႔ စီးရီးေအမွာ ၿပဳိင္ဘက္ကင္းတဲ့ ၀င္ေငြရရွိေနတာက လုပ္လစာ ထက္ Nike နဲ႔ စပြန္ဆာစာခ်ဳပ္ကေနရရွိတဲ့၀င္ေငြဟာလည္း ေပါင္၁၄.၆၈ သန္းရရွိေနတာကအဓိကအခ်က္ျဖစ္ ခဲ့ပါတယ္။ တတိယ၀င္ေငြအေကာင္းဆုံး ကစာသမားကေတာ့အင္တာမီလန္တုိက္စစ္မွဴးလူကာကူ ျဖစ္ၿပီး တစ္ႏွစ္ကုိ ေပါင္၆.၇သန္းရရွိေနတာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္တုိက္စစ္မွဴး ဟီဂြာအင္ဟာ လည္း တစ္ႏွစ္၀င္ေငြေပါင္၆.၇သန္းရရွိေနၿပီး အသင္းေဖာ္တုိက္စစ္မွဴးဒီဘားလားက ေပါင္၆.၅သန္း၀င္ေငြ ရရွိ ေနတာျဖစ္ပါတယ္။

Getty Images

စီးရီးေအရဲ့ ၀င္ေငြအေကာင္းဆုံးထိပ္တန္းကစားသမား ၁၀ဦးစာရင္းမွာ ဂ်ဴဗင္တပ္အသင္းက ၉ဦး အထိပါ၀င္ၿပီးအင္တာမီလန္က လူကာကူတစ္ဦးပဲ တျခားၿပဳိင္ဘက္အသင္းက ကစားသမားျဖစ္ခဲ့ တာပါ။ ဂ်ဴဗင္တပ္အသင္းဟာ တျခားကစားသမားေတြျဖစ္တဲ့ ရမ္ေဆး၊ရာဘီယူး၊ပီဂ်ာနစ္၊ေဒါက္ ဂလက္ေကာ္စတာ၊မန္ဇူကစ္၊ခီဒီယာ စတဲ့ ကစားသမားေတြဟာလည္း တစ္ႏွစ္၀င္ေငြ ေပါင္၆သန္း ၀န္းက်င္ရရွိေနၾကတာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အသင္းဟာ ကစားသမားေတြရဲ့လုပ္ခအျဖစ္ တစ္ႏွစ္ ကုိ ေပါင္၂၆၄သန္းေပးေခ်ေနရတယ္လုိ႔သိရပါတယ္။

Getty Images

Jack ( Sports Reader )


#Unicode version

ဂျူဗင်တပ်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုကတော့ အီတလီစီးရီအေမှာ ဝင်ငွေ အကောင်းဆုံး ကစားသမားအဖြစ် ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ရော်နယ်ဒို ဦးဆောင်နေတဲ့ ပုံစံက ဒုတိယနေရာက ဝင်ငွေအကောင်းဆုံးကစားသမားထက် ၄ဆခန့် ပိုမိုများပြားနေတာဖြစ်ပြီး စီးရီးအေမှာ ပြိုင်ဘက်ကင်းတဲ့ ဝင်ငွေရရှိနေတာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ အခွန်ဆောင်ပြီးနောက် တစ်နှစ်ကို စုစုပေါင်းဝင်ငွေ ပေါင်၂၈သန်းအထိရရှိနေတာ ဖြစ်ပါတယ်။ဒုတိယနေရာမှာတော့ အသင်းဖော်နောက်ခံလူ ဒီလစ်က တစ်နှစ်ကို ပေါင်၇.၂သန်းဝင် ငွေရရှိနေတာဖြစ်ပါတယ်။ဒါကြောင့် စီရော်နယ်ဒိုနဲ့ ဒုတိယနေရာက ဒီလစ်ကြားမှာ ၄ဆ လောက်ကွာ ဟချက် ကြီးမားနေတာဖြစ်ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ စီးရီးအေမှာ ပြိုင်ဘက်ကင်းတဲ့ ဝင်ငွေရရှိနေတာက လုပ်လစာ ထက် Nike နဲ့ စပွန်ဆာစာချုပ်ကနေရရှိတဲ့ဝင်ငွေဟာလည်း ပေါင်၁၄.၆၈ သန်းရရှိနေတာကအဓိကအချက်ဖြစ် ခဲ့ပါတယ်။ တတိယဝင်ငွေအကောင်းဆုံး ကစာသမားကတော့အင်တာမီလန်တိုက်စစ်မှူးလူကာကူ ဖြစ်ပြီး တစ်နှစ်ကို ပေါင်၆.၇သန်းရရှိနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂွာအင်ဟာ လည်း တစ်နှစ်ဝင်ငွေပေါင်၆.၇သန်းရရှိနေပြီး အသင်းဖော်တိုက်စစ်မှူးဒီဘားလားက ပေါင်၆.၅သန်းဝင်ငွေ ရရှိ နေတာဖြစ်ပါတယ်။

စီးရီးအေရဲ့ ဝင်ငွေအကောင်းဆုံးထိပ်တန်းကစားသမား ၁၀ဦးစာရင်းမှာ ဂျူဗင်တပ်အသင်းက ၉ဦး အထိပါဝင်ပြီးအင်တာမီလန်က လူကာကူတစ်ဦးပဲ တခြားပြိုင်ဘက်အသင်းက ကစားသမားဖြစ်ခဲ့ တာပါ။ ဂျူဗင်တပ်အသင်းဟာ တခြားကစားသမားတွေဖြစ်တဲ့ ရမ်ဆေး၊ရာဘီယူး၊ပီဂျာနစ်၊ဒေါက် ဂလက်ကော်စတာ၊မန်ဇူကစ်၊ခီဒီယာ စတဲ့ ကစားသမားတွေဟာလည်း တစ်နှစ်ဝင်ငွေ ပေါင်၆သန်း ဝန်းကျင်ရရှိနေကြတာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ကစားသမားတွေရဲ့လုပ်ခအဖြစ် တစ်နှစ် ကို ပေါင်၂၆၄သန်းပေးချေနေရတယ်လို့သိရပါတယ်။

Jack ( Sports Reader )