ကမၻာ့ေဈးအႀကီးဆံုး Bugatti La Voiture Noire စူပါကားကို ဝယ္ယူလိုက္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို

Getty Images

တစ္ကမာၻလုံးမွာတစ္စီးတည္းသာရွိတယ္လို႔ေဖာ္ျပထားျခင္းခံရတဲ့ ဘူဂတ္တီ La Voiture Noire စူပါကားရဲ႕ ပိုင္ရွင္က ေပၚတူဂီေဘာလုံးအေက်ာ္အေမာ္ ခရစၥတီယာႏို ေရာ္နယ္ဒို (Christiano Ronaldo) ျဖစ္တယ္ဆိုတဲ့ သတင္းက လက္ရွိမွာ အေတာ္ေလးကို ပ်ံ႕ႏွံ႔လို႔ေနပါတယ္။

Getty Images

ဒီလိုသတင္းေတြ ပ်ံႏွံ႔ေနရတဲ့အေၾကာင္းကေတာ့ တစ္ကမာၻလုံးမွာတစ္စီးတည္းသာရွိၿပီး ၂၀၁၉ ဂ်ီနီဗာကားျပပြဲမွာ ပထမဦးဆုံးမိတ္ဆက္ျပသခဲ့တဲ့ ဘူဂတ္တီ La Voiture Noire ကားသစ္ကို ေရာ္နယ္ဒိုက ေပါင္ (၉. ၄၉) သန္းနဲ႔ ဝယ္ယူထားၿပီးျဖစ္တယ္လို႔ သတင္းဌာနတခ်ိဳ႕က အခိုင္အမာကို ေဖာ္ျပေနၾကလို႔ပါ။

Getty Images
Getty Images

ျပင္သစ္ဇိမ္ခံကားကုမၸဏီ ဘူဂတ္တီဟာ ကုမၸဏီတည္ေထာင္သက္ ႏွစ္ (၁၁၀) ျပည့္ေျမာက္တဲ့အထိမ္းအမွတ္အေနနဲ႔ ဒီကားကို တစ္ကမာၻလုံးမွာ တစ္စင္းတည္းပဲ ကန႔္သတ္ ထုတ္လုပ္ထားတာျဖစ္ၿပီး ၂၀၁၉ မတ္လအတြင္းကက်င္းပတဲ့ ဂ်ီနီဗာကားျပပြဲမွာ ကမာၻ႔ေဈးအႀကီးဆုံးကားျဖစ္ခဲ့တဲ့ La Voiture Noire ကားဟာ အခုအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုပိုင္ဆိုင္တဲ့ အဖိုးတန္ကားစာရင္းထဲကို ေရာက္ရွိလာခဲ့ပါၿပီ။

Getty Images

ကနဦးသတင္းေတြမွာတုန္းက ဒီကားကိုဝယ္ယူခဲ့သူဟာ ေဗာက္စ္ဝက္ဂြန္ကားကုမၸဏီရဲ႕ဥကၠဌေဟာင္း ဖာဒီနန္ ပီးခ်္ ျဖစ္ေၾကာင္းေဖာ္ျပခဲ့ၾကေပမဲ့ အခုလက္ရွိမွာေတာ့ ေပၚတူဂီေဘာလုံးအေက်ာ္အေမာ္ကသာ အမွန္တကယ္ဝယ္ယူပိုင္ဆိုင္ထားခဲ့သူျဖစ္တယ္လို႔ စပိန္သတင္းစာေတြက အက်ယ္တဝင့္ ေဖာ္ျပေနၾကျပန္ပါတယ္။

Getty Images

မီလ်ံနာအားကစားသမားေတြစာရင္းမွာပါဝင္သူတစ္ဦးျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ဒီလိုမ်ိဳးအဖိုးတန္ဇိမ္ခံကားေတြ၊ ၿပိဳင္ကားေတြကို ေဈးႀကီးေပးဝယ္ယူစုေဆာင္းေလ့ရွိသူျဖစ္တာေၾကာင့္ ဒီကားကို သူဝယ္လိုက္တယ္ဆိုတာဟာ အေတာ္ေလးျဖစ္ႏိုင္ေခ်ရွိတဲ့သတင္းလို႔ ယူဆလို႔ရေနပါတယ္။

Getty Images

ဘူဂတ္တီ La Voiture Noire ကားကို ၁၉၃၆ နဲ႔ ၁၉၃၈ အၾကားကာလမွာထုတ္လုပ္ခဲ့တဲ့ ဂႏၲဝင္ 57 C Atlantic ဘူဂတ္တီကားဒီဇိုင္းအေပၚအေျခခံၿပီး အဆင့္ျမႇင့္မြမ္းမံဖန္တီးထုတ္လုပ္ထားတာျဖစ္ကာ (၈. ဝ) လီတာ W16 တာဘိုအင္ဂ်င္ကိုတပ္ဆင္ေပးထားတာေၾကာင့္ တစ္နာရီကို မိုင္ (၂၆၀) ႏႈန္းထိေမာင္းႏွင္ႏိုင္တဲ့အတြက္ ၿပိဳင္စံရွားစူပါကားတစ္စီးလို႔သတ္မွတ္ျခင္းခံထားရပါတယ္။

Via: Yoyarlay


#Unicode Version

တစ်ကမ္ဘာလုံးမှာတစ်စီးတည်းသာရှိတယ်လို့ဖော်ပြထားခြင်းခံရတဲ့ ဘူဂတ်တီ La Voiture Noire စူပါကားရဲ့ ပိုင်ရှင်က ပေါ်တူဂီဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒို (Christiano Ronaldo) ဖြစ်တယ်ဆိုတဲ့ သတင်းက လက်ရှိမှာ အတော်လေးကို ပျံ့နှံ့လို့နေပါတယ်။

ဒီလိုသတင်းတွေ ပျံနှံ့နေရတဲ့အကြောင်းကတော့ တစ်ကမ္ဘာလုံးမှာတစ်စီးတည်းသာရှိပြီး ၂၀၁၉ ဂျီနီဗာကားပြပွဲမှာ ပထမဦးဆုံးမိတ်ဆက်ပြသခဲ့တဲ့ ဘူဂတ်တီ La Voiture Noire ကားသစ်ကို ရော်နယ်ဒိုက ပေါင် (၉. ၄၉) သန်းနဲ့ ဝယ်ယူထားပြီးဖြစ်တယ်လို့ သတင်းဌာနတချို့က အခိုင်အမာကို ဖော်ပြနေကြလို့ပါ။

ပြင်သစ်ဇိမ်ခံကားကုမ္ပဏီ ဘူဂတ်တီဟာ ကုမ္ပဏီတည်ထောင်သက် နှစ် (၁၁၀) ပြည့်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ ဒီကားကို တစ်ကမ္ဘာလုံးမှာ တစ်စင်းတည်းပဲ ကန့်သတ် ထုတ်လုပ်ထားတာဖြစ်ပြီး ၂၀၁၉ မတ်လအတွင်းကကျင်းပတဲ့ ဂျီနီဗာကားပြပွဲမှာ ကမ္ဘာ့ဈေးအကြီးဆုံးကားဖြစ်ခဲ့တဲ့ La Voiture Noire ကားဟာ အခုအချိန်မှာတော့ ရော်နယ်ဒိုပိုင်ဆိုင်တဲ့ အဖိုးတန်ကားစာရင်းထဲကို ရောက်ရှိလာခဲ့ပါပြီ။

ကနဦးသတင်းတွေမှာတုန်းက ဒီကားကိုဝယ်ယူခဲ့သူဟာ ဗောက်စ်ဝက်ဂွန်ကားကုမ္ပဏီရဲ့ဥက္ကဌဟောင်း ဖာဒီနန် ပီးချ် ဖြစ်ကြောင်းဖော်ပြခဲ့ကြပေမဲ့ အခုလက်ရှိမှာတော့ ပေါ်တူဂီဘောလုံးအကျော်အမော်ကသာ အမှန်တကယ်ဝယ်ယူပိုင်ဆိုင်ထားခဲ့သူဖြစ်တယ်လို့ စပိန်သတင်းစာတွေက အကျယ်တဝင့် ဖော်ပြနေကြပြန်ပါတယ်။

မီလျံနာအားကစားသမားတွေစာရင်းမှာပါဝင်သူတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီလိုမျိုးအဖိုးတန်ဇိမ်ခံကားတွေ၊ ပြိုင်ကားတွေကို ဈေးကြီးပေးဝယ်ယူစုဆောင်းလေ့ရှိသူဖြစ်တာကြောင့် ဒီကားကို သူဝယ်လိုက်တယ်ဆိုတာဟာ အတော်လေးဖြစ်နိုင်ချေရှိတဲ့သတင်းလို့ ယူဆလို့ရနေပါတယ်။

ဘူဂတ်တီ La Voiture Noire ကားကို ၁၉၃၆ နဲ့ ၁၉၃၈ အကြားကာလမှာထုတ်လုပ်ခဲ့တဲ့ ဂန္တဝင် 57 C Atlantic ဘူဂတ်တီကားဒီဇိုင်းအပေါ်အခြေခံပြီး အဆင့်မြှင့်မွမ်းမံဖန်တီးထုတ်လုပ်ထားတာဖြစ်ကာ (၈. ဝ) လီတာ W16 တာဘိုအင်ဂျင်ကိုတပ်ဆင်ပေးထားတာကြောင့် တစ်နာရီကို မိုင် (၂၆၀) နှုန်းထိမောင်းနှင်နိုင်တဲ့အတွက် ပြိုင်စံရှားစူပါကားတစ်စီးလို့သတ်မှတ်ခြင်းခံထားရပါတယ်။

Ref: “Ronaldo ‘buys world’s most expensive car’ – a £9.5million one-off Bugatti La Voiture Noire”