Sponsored

ပြည်ပက ဝင်ရောက်လာတဲ့ ခရီးသွားတွေ၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို ကိုဗစ်၁၉ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်နေရာတွေမှာ ထားရှိဖို့ နေရာအခက်အခဲတွေ ဖြစ်နေပါတယ်။

အစိုးရက ဝေဘာဂီဆေးရုံ၊ သိမ်ဖြူအားကစားကွင်းနဲ့ လှည်းကူးကျန်းမာရေးစင်တာတွေမှာ စီစဉ်ထားပေမယ့် အဲဒီမှာလည်း နေရာမလုံလောက်မှုတွေရှိနေတယ်လို့ ကိုယ်တိုင်စောင့်ကြည့်ခံနေသူတွေက ပြောကြားပါတယ်။

ဆရာတော် အရှင်ဆေကိန္ဒရဲ့ ဆေကိန္ဒာရာမကျောင်းတိုက်

လတ်တလောမှာတော့ မှော်ဘီက ဆရာတော် အရှင်ဆေကိန္ဒရဲ့ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ကိုဗစ်၁၉ စောင့်ကြည့်သူ ၄၀၀ ကျော်ကို တာဝန်ယူနေရာချထားပေးပါတယ်။

Sponsored

အခုတော့ ကိုဗစ်၁၉ ကြောင့် ပိတ်ထားတဲ့ တရားစခန်းတွေ၊ ရိပ်သာတွေကို အသုံးပြုခွင့်ပေးမယ်လို့ တရားရိပ်သာဦးစီးကျောင်းတိုက်ဆရာတော်ကြီး တချို့က လူမှုကွန်ရက်မှာ တင်ထားတာတွေ့ရပါတယ်။

တရားစခန်းတွေ၊ ရိပ်သာတွေကို အသုံးပြုခွင့်ပေးမယ်

တောင်ဒဂုံမြို့နယ်ထဲက လေးထောင့်ကန်မှာ ရှိတဲ့ သီရိဂုဏ်ဝေဓမ္မဗိမာန်မှာ နှစ်ယောက်ခန်း အခန်း ၆၀၊ ၃ ယောက်ခန်း ၃၃ ခန်း နဲ့ တရားစခန်းမို့ သီးခြားအခန်းတွေရှိပြီး အကူညီတောင်းခံပါက ကူညီဖို့အသင့်ရှိတယ်လို့ အဲဒီကျောင်းတိုက်ရဲ့ ဦးစီးနာယ ဆရာတော်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

နောက်ပြီး စီးပွားရေးလုပ်ငန်းရှင်တချို့ကလည်း သူတို့ဟိုတယ်တွေကို အသင့်ပြင်ထားပြီး လိုအပ်တဲ့စားသောက်ကုန်တွေ၊ ဝန်ထမ်းတွေကအစ ပြင်ဆင်ပေးထားမယ်လို့ ကြေညာတာတွေလည်း တွေ့လာရပါတယ်။
KK Myanmar လုပ်ငန်းစုက နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ သူတို့ရဲ့ ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တွေကို လိုအပ်သလို အသုံးပြုနိုင်အောင် စီစဉ်ထားပြီး သက်ဆိုင်ရာက လိုအပ်ရင် အချိန်မရွေး ဆက်သွယ်ဖို့ ပြောကြားထားပါတယ်။

Facebook

AYA Bank သင်တန်းကျောင်း အဆောက်အဦနဲ့ MFF အမျိုးသားဘောလုံး အကယ်ဒမီတို့မှာ ကိုရိုနာဗိုင်းရပ်စ် Covid 19 စောင့်ကြပ် ကြည့်ရှုခံရသူတွေ ထားရှိသွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်း

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ AYA Bank တို့၏ အဆောက်အဦတွေ ဖြစ်တဲ့ တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းနဲ့ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့မှာ ပြည်ပကနေ ပြန်လည်ရောက်ရှိလာမယ့် Covid 19 စောင့်ကြပ်ကြည့်ရှုခံမယ့်သူတွေကို မတ် ၂၂ ရက်နေ့ညနေက စတင်ကာ ထားရှိနိုင်ဖို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ ဦးဇော်ဇော်နဲ့ ဧရာဝတီ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်း

ဒါ့အပြင် ဧရာဝတီဘဏ်ဖောင်ဒေးရှင်းနဲ့ ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းမှာလည်း နေရာတွေပြင်ဆင်ထားတယ်လို့ သက်ဆိုင်ရာဖေ့စ်ဘွတ်စာမျက်နှာတွေက ရေးသားထားကြတာတွေ့ရပါတယ်။

ဓာတ်ပုံ-ဧရာဝတီဖောင်ဒေးရှင်း၊ U Pyinya Siha Biwintha၊ MOHS

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *