Sponsored

လာမယ့်တနင်္ဂနွေနေ့ မတ်လ ၂၂ ရက်နေ့မှစပြီး ထိုင်းအာဏာပိုင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ခြင်းကို တိုးမြှင့်လုပ်ဆောင်တဲ့အနေဖြင့် ပြည်ပမှဝင်ရောက်လာမည့် ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားအားလုံးကို ကျန်းမာရေးထောက်ခံစာ ပါရှိမှသာ ဝင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း တရားဝင်ကြေငြာလိုက် ပါပြီ။ ဒီကြေငြာချက်ကို ထိုင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လေကြောင်းလိုင်းတွေအားလုံးကို မတ်လ ၁၉ ရက်နေ့က အသိပေးကြေငြာလိုက်ခြင်းဖြစ်ကာ ထိုင်းနိုင်ငံကိုရောက်ရှိလာမယ့် မည်သူမဆို ကိုရိုနာဗိုင်းရပ်စ်ကင်းရှင်းကြောင်းဆေးစာကို ပြသနိုင်မှသာလျှင် နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

နိုင်ငံခြားသာေးတွနဲ့ ထိုင်းနိုင်ငံသားတွေဟာ Boardingn pass ရယူချိန်မှာ Airlines လက်မှတ်ကောင်တာတွေက လေယာဉ်ပေါ်တွင် တစ်ဦးနှင့်တစ်ဦး တက်နိုင်သမျှဝေးအောင် နေရာထိုင်ခင်းချပေးမှာဖြစ်ပြီး ထိုင်းလေဆိပ်က ထုတ်ပြန်တဲ့ T.8 ဖောင်မှာ ထိုင်းနိုင်ငံအတွင်းသင်နေထိုင်မယ့် လိပ်စာ အပြည့် အစုံကို ဖြည့်စွက်ပေးရမှာလည်း ဖြစ်ပါတယ်။ လေယာဉ်ပေါ်ရောက်ရှိချိန်မှာတော့ ထိုင်းနိုင်ငံကိုရောက်ရှိချိန်တွင် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး တတ်နိုင်သမျှကာကွယ်နိုင်အောင် ဆောင်ရန်/ရှောင်ရန်တွေကို Maskအပြည့်အစုံဝတ်ဆင်ထားတဲ့ လေယာဉ်အဖွဲ့သားတွေက ပြောပြပေးသွားမှာဖြစ်ကာ လေယာဉ်ပေါ်မျာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတစ်ချို့ကိုကန့်သတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Sponsored

ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသားအကြား ကွဲလွဲသွားမယ့် စစ်ဆေးနည်းကတော့ နိုင်ငံခြားသားတွေဟာ ဆိုက်ရောက်စစ်ဆေးမည့်နေရာတွင် လွန်ခဲ့တဲ့ ၇၂ နာရီအတွင်းသင်နေထိုင်ခဲ့တဲ့ တိုင်းပြည်က ထုတ်ပြန်တဲ့ ကျန်းမာရေးထောက် ခံစာ အပြင် ကျန်းမာရေးအာမခံလည်းပါရှိရမည်ဖြစ်ပါတယ်။ သင့်ကျန်းမာရေးအာမခံဟာ သင့်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ တစ်သိန်းထောက်ပံ့ပေးနိုင်တဲ့ ကျန်းမာရေးအာမခံမျိုးဖြစ်ရပါမည်။ သို့မဟုတ်ပါက နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပေးမည်မဟုတ်ပါ။ ထိုင်းနိုင်ငံသားတွေကတော့ ထိုင်းသံရုံးက ထုတ်ပေးထားတဲ့ ခရီးသွားခွင့်ထောက်ခံစာနဲ့ ခရီးသွားဖို့လုံလောက်တဲ့ကျန်းမာရေးအဆင့်ရှိကြောင်းဖော်ပြတဲ့ထောက်ခံစာကို နိုင်ငံအဝင်မှာပြသနိုင်ရမှာဖြစ်ပါတယ်။

@Getty image

ယခုလောလောဆယ် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂၇၂ ဦးရှိပြီဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းဝင်ရောက်လာသူတွေဟာ လိုအပ်သလို ခွဲခြားနေထိုင်ခြင်း၊ စောင့်ကြည့်စစ်ဆေးခံရခြင်းတွေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်ခံရမှာဖြစ်ပါတယ်။

Writer- ZWP
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *