Sponsored

COVID-19 ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကို ဇီဝလက်နက်အဖြစ်အသုံးပြုပြန့်ပွားစေပြီး သူတို့နိုင်ငံရဲ့ဆုံးရှုံးမှုတွေအတွက် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံအား ဒေါ်လာ ၂၀ ထရီလီယံအားလျော်ကြေးအဖြစ်ပေးရမယ်လို့ အမေရိကန်ကလွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ရှေ့နေ လယ်ရီကလေးမင်း (Larry Klayman) က ပြောဆိုလိုက်တာပါ။

ရှေ့နေ လယ်ရီကလေးမင်

တရုတ်နိုင်ငံကို စွပ်စွဲထားတဲ့ အဆိုပါအချက်တွေကို အမေရိကန်နိုင်ငံမှာရှိတဲ့ တက္ကဆက်ပြည်နယ်တရားရုံးမှာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဇီဝလက်နက်အသုံးမပြုရန် တစ်နိုင်ငံနှင့်တစ်နိုင်ငံသဘောတူညီချက်တွေကို တရုတ်နိုင်ငံကလိုက်နာမယ်လို့ကတိပြုထားပြီး ယခုကဲ့သို့ရောဂါကူးစက်ပြန့်ပွားစေခြင်းသည် နိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်းဖြစ်တယ်လို့ လယ်ရီကလေးမင်း က ထပ်ဆင့်ပြောကြားပါသေးတယ်။

ဒါ့အပြင် Larry Klayman က တရုတ်နိုင်ငံဟာ ရန်သူတော်နိုင်ငံတွေ (အထူးသဖြင့် အမေရိက) ကို တမင်တိုက်ခိုက်ပျက်စီးစေရန်ရည်ရွယ်ချက်နဲ့ဗိုင်းရပ်စ်ကို မွေးမြူခဲ့တယ် ထုတ်လွှတ်ပြန့်ပွားစေခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် Coviဗိုင်းရပ်စ်အတွက် တာဝန်ရှိတဲ့ တရုတ်အစိုးရ၊ တရုတ်စစ်တပ်၊ ဝူဟန်ရောဂါဗေဒအင်စတီကျူနဲ့ ညွှန်ကြားရေးမှူး Shi Zhengli တရုတ်စစ်တပ်၏ဗိုလ်ချုပ် Chen Wei တို့ကိုတရားစွဲဆိုခဲ့တာပါ။

Sponsored

ဒါဟာ အမေရိကန်အစိုးရက တရားဝင်တရားစွဲဆိုထားခြင်းမဟုတ်သေးပဲ လွှတ်တော်အမတ် နဲ့ရှေ့နေတစ်ချို့က တရားရုံးမှာစွဲဆိုထားတာဖြစ်ပြီး လျော်ကြေးကိုလည်း ထရီလီယံ ၂၀တောင်းထားတာပါ။ တရားလိုတွေက Corona Virusဟာ တရုတ်အာဏာပိုင်တွေကပြုလုပ်ထားတဲ့ ဇီဝလက်နက်လို့စွပ်စွဲထားပြီး တရုတ်ကြောင့်နိုင်ငံပေါင်းများစွာ ဒုက္ခရောက်ကြတယ်လို့လည်းဆိုပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန့်မြို့မှာ စတင်ဗဟိုပြုကာဖြစ်ပွားခဲ့သော COVID-19 ဗိုင်းရပ်စ်ဟာယခုအခါ ကမ္ဘာ့ကပ်ရောဂါဖြစ် လာပြီး ကမ္ဘာအနှံ့ကူးစက်သူ ၅သိန်းနီးပါးသေဆုံးသူ နှစ်သောင်းကျော် ထိရှိလာပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် ကူးစက်သူ ခြောက်သောင်းရှစ်ထောင်ကျော်၊ သေဆုံးသူ တစ်ထောင့်သုံးဆယ့်နှစ်ဦး နဲ့ ဗိုင်းရပ်စ်ထိုးနှက်မှုဒဏ်ကို အများဆုံးခံရသောနိုင်ငံစာရင်းမှာ နံပါတ်သုံးနေရာရောက်နေတာပါ။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရုံပေါ့..

Reference_Business Today

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *