Sponsored

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ ကပ်ရောဂါအဆင့်ကို ရောက်ရှိနေပြီး ဆေးရုံတင်ကုသနေတဲ့ လူနာတွေရဲ့သေဆုံးနှုန်းဟာ ၂ ဒဿမ ၅ ရာခိုင်နှုန်းခန့် ရှိလာနိုင်တယ်လို့ ဗြိတိန်ကပ်ရောဂါဗေဒပညာရှင်တဦးက ပြောလိုက်ပါတယ်။

@CNA

လန်ကတ်စတာ တက္ကသိုလ်က ကထိကတဦးဖြစ်တဲ့ ဂတ်သာရာက ဗြိတိန်အနေနဲ့ ဒီဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အချိန်ကိုးပတ်ရှိပြီး အောင်မြင်မှုဟာ ထိရောက်စွာ ထိန်းချုပ်နိုင်ရေး အစီအစဉ်တွေအပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ကာလတခုအထိ ရှင်သန်နိုင်ပြီး၊ အခြားတုပ်ကွေးရောဂါတွေနဲ့ ဆင်တူတဲ့ ရာသီအလိုက် ဖြစ်ပွားမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

Sponsored

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ မတ် ၈ ရက် မွန်းလွဲ ၂ နာရီအထိ အတည်ပြုချက်တွေအရ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၀၃ နိုင်ငံက လူပေါင်း ၁၀၆၂၀၃ ကို ကူစက်ခဲ့ပြီး၊ သေဆုံးသူ ၃၆၀၀ ရှိပြီလို့ သိရပါတယ်။

@CNA

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးမှုနှုန်းဟာ ၃ ဒဿမ ၄ ရာခိုင်နှုန်းရှိလို့၊ ရာသီအလိုက်ဖြစ်လေ့ရှိတဲ့ တုပ်ကွေးအဖျားကြောင့် သေဆုံးနှုန်း ဝ.၁ ရာခိုင်နှုန်းထက်စာရင် အဆ ၃၀ ပိုများနေတာလို့ ဒီအပတ်အတွင်း ပြောခဲ့ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *