Sponsored

ဇန်နဝါရီလလယ်ကတည်းက ဝူဟန်မြို့ကို ပြင်ပနဲ့အဆက်အသွယ်ဖြတ်ခဲ့ခြင်းကို မြို့တွင်း ရောဂါကူးစက်မှုမရှိတော့တာကြောင့် ဖြေလျော့ပေးတော့မယ်လို့ သိရပါတယ်။ ယခုဖြေလျော့ပေးမှုကို ယနေ့အင်္ဂါနေ့နှောင်းပိုင်းမှ စတင်ကာ ကျန်းမာတဲ့ ပြည်သူတွေကို ဖြတ်သန်းသွားလာခွင့်ပြန်လည်ခွင့်ပြု ပေးတော့မှာလည်းဖြစ်ပါတယ်။ တစ်ပတ်အတွင်း ယနေ့ အင်္ဂါနေ့တစ်ရက်တည်းတွင်ပင် ရောဂါကူးစက်ခံရသူ တစ်ဦးသာထပ်မံတွေ့ရှိခဲ့ကာ ကျန်ရက်တွေမှာ ထပ်မံတွေ့ရှိမှုမရှိခဲ့ပါဘူး။ သို့ပေမယ့် အခြားသော နိုင်ငံတွေ အထူးသဖြင့်အနောက်နိုင်ငံတွေမှာတော့ အသွားအလာပိတ်ဆို့မှုတွေ ထပ်မံတိုးလာတာ တင်းကြပ်လာတာကို တွေ့နေရပါတယ်။

ဗြိတိန်နိုင်ငံမှာ ဆို ထပ်တိုးလာတဲ့ ကူးစက်မှုတွေကြောင့် နိုင်ငံအတွင်း ပိတ်ဆို့မှုတွေပြင်းထန်လာခဲ့ပြီး လူနှစ်ဦးထက်ပိုပြီး စုဖွဲ့စကားပြောခြင်းနဲ့ အရေးပေါ်လိုအပ်သည်များကို ရောင်းချသည့်ဆိုင်များမှလွဲပြီးအခြားဆိုင်တွေ အကုန်ပိတ်ဖို့ ညွှန်ကြားနေပြီလည်းဖြစ်ပါတယ်။

Photo_AFP

စပိန်နိုင်ငံတွင် Covid-19 ရောဂါကာကွယ်ရေးပူးပေါင်းဆောင်ရွက်နေကြတဲ့ စစ်သားတွေက အချို့သက်ကြီးရွယ်အိုတွေ ၎င်းတို့အိပ်ယာထဲမှာတင် သေဆုံးနေတာတွေကို ဝမ်းနည်းဖွယ်ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ပြောကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးဌာနကြီးကလည်း ယခုရောဂါဟာ အရှိန်အဟုန်ဖြင့် ဆက်လက် ပြန့်ပွားနေဆဲဖြစ်ကာ ယခုဆိုလျှင် ကမ္ဘာ့လူဦးရေ ၃၀၀,၀၀၀ လောက်ဆီကို ကူးစက်ပြန့်နှံ့ပြီးဖြစ်နေပါပြီ။ ဒါကြောင့် စမ်းသပ်စစ်ဆေးမှုတွေ နဲ့ ရောဂါကူးစက်ခံရသူ နောက်ကြောင်းလိုက်ခြင်းတို့ကို အလျှင်အမြန်အတိအကျ လုပ်ဆောင်ကြဖို့ နိုင်ငံတိုင်းကို သတိပေးနေပါပြီ

Sponsored

တစ်ဖက်မှာတော့ တရုတ်နိုင်ငံတွင် အသုံးပြုနေတဲ့ ကျန်းမာရေးဆော့ဖ်ဝဲ ပေါ်မှာ အစိမ်းရောင် ကုဒ်ပေါ်တဲ့တရုတ်နိုင်ငံသားတိုင်းကို ဝူဟန်မြို့ကနေ ထွက်ခွာခွင့် ဝင်ရောက်ခွင့်ပြန်လည်ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ယခုဆုံးဖြတ်ချက်ဟာ ဝူဟန်မြို့တွင်း ရောဂါထိန်းချုပ်မှုကိုကိုင်တွယ်လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝနိ ထမ်းတွေရဲ့ နေ့အလိုက် ကူးစက်မှုလျှော့နည်းရာမှ တဆင့် လုံးဝကူးစက်မှုမရှိတော့တဲ့ အခြေအနေအထိရောက်ရှိနေပြီဖြစ်ကြောင်းအစီအရင်ခံခြင်းတွေအပေါ်မူတည်ပြီး ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်တပြည်လုံးမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူ၈၀ ထပ်မံကူးစပ်ခံရပြီး တော်တော်များများကတော့ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတွေမှတဆင့် တွေ့ရှိခဲ့ခြင်းပါ။ ဒါကို ရောဂါရဲ့ ဒုတိယရိုက်ခက်မှုဟု ခေါ်ပြီး တောင်ကိုရီးယားနဲ့ စင်ကာပူလိုနိုင်ငံတွေ ခံစားခဲ့ရတာမျိုးပါ။

မတ်လ ၂၃ ရက်နေ့ နောက်ဆုံးစုဆောင်းထားတဲ့အချက်အလက်တွေအရ Covid-19 ဟာ ကမ္ဘာတစ်ဝှမ်း လူဦးရေ ၃၆၇,၀၀၀ ထံရောက်ရှိနေပြီဖြစ်ကာ ထိုထဲကမှ ၁၀၁,၀၀၀ ဟာ ရောဂါကို အောင်မြင်စွာတွန်းလှန်ပြီး ပြန်လည်သက်သာလာကြပြီလည်းဖြစ်ပါတယ်။ သို့သော်ငြားလည်း ၁၆,၁၀၀ သော သူတွေကတော့ ရောဂါရဲ့ဒဏ်ကို မလွန်ဆန်နိုင်ပဲ အသက်ပေးခဲ့ကြရပါတယ်။

Writer- ZWP(thelifestylemyanmar)
Source – BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *