Sponsored

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၅,၈၀၀ ကျော်နဲ့ ကူးစက်သူပေါင်း တစ်သိန်းခွဲကျော် ရှိသွားပါပြီဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ပြန်နေကောင်းလာသူက ခုနစ်သောင်းခွဲကျော် ရှိနေပါတယ်။

@EPA

ဒီကနေ့ မတ်လ ၁၅ ရက်မှာ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ ၃၉ ဦး ထပ်တွေ့ခဲ့ပြီး ၃ ဦးသေဆုံးခဲ့ပါတယ်။ တောင်ကိုရီးယားမှာတော့ ကူးစက်သူ ၇၆ ဦး ထပ်တွေ့ခဲ့ပြီး ၃ ဦးသေဆုံးခဲ့ပါတယ်။

တရုတ်မှာတော့ မနေ့ကအထိ ကူးစက်သူ ၂၀ ဦးထပ်တွေ့ခဲ့ပြီး ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ဆေးကုသမှုခံယူနေတဲ့ သူ ၁,၀၀၀ ကျော်ကတော့ ဆေးရုံကနေ ပြန်နေကောင်းလာလို့ ဆေးရုံက ဆင်းသွားပြီလို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားထားပါတယ်။

Sponsored
Getty Images

အခုချိန်ထိ နိုင်ငံပေါင်း ၁၄၀ ကျော်မှာ ဒီဗိုင်းရပ် ကူးစက်ခံထားရပြီး တရုတ်က ကူးစက်သူ ရှစ်သောင်းကျော်၊ သေဆုံးသူ သုံးထောင်ကျော်နဲ့ အများဆုံး၊ အီတလီက ကူးစက်သူ နှစ်သောင်းကျော်၊ သေဆုံးသူ ၁၄၀၀ ကျော်နဲ့ ဒုတိယအများဆုံး၊ အီရန်က ကူးစက်သူ တစ်သောင်းကျော်၊ သေဆုံးသူ ၆၀၀ ကျော်နဲ့ တတိယအများဆုံး၊ တောင်ကိုရီးယားက ကူးစက်သူ ရှစ်ထောင်ကျော်၊ သေဆုံးသူ ၇၅ ဦးနဲ့ လေးခုမြောက်အများဆုံး အဖြစ် ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ မတ်လ ၁၄ ရက်အထိစောင့်ကြည့်လူနာနဲ့ သံသယလူနာ တစ်ရာကျော်ရှိပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူမရှိသေးဘူးလို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

Source: BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *