Sponsored

မတ်လ ၄ရက်နေ့ စင်ကာပူနိုင်ငံရဲ့တွေ့ရှိချက်အရ Coronavirus ဟာ အများသုံးအိမ်သာနဲ့ အလုံပိတ်အခန်းတွေမှာ အချိန်ကြာမြင့်စွာရှိနေနိုင်တယ်ကြောင့် အချိန်ကြာမြင့်စွာထိတွေ့နေနိုင်တဲ့ ကြွေခွက် တွေ၊ ဘေစင် တွေကို ပုံမှန် ပိုးသတ်ပေးဖို့လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။ ဒါ့ကြောင့် တနေ့နှစ် ကြိမ် ကြွေခွက်နဲ့ ဘေစင်တွေကို ပိုးသတ်ပေးသင့်ပြီး ကြမ်းပြင်တွေကို တစ်နေ့ တစ်ကြိမ် သန့်ရှင်းပေးရုံဖြင့်လုံလောက်ပါကြောင်း လည်း ဖော်ပြထားပါတယ်။

ထိုသုသေတန စာတမ်းကို အမေရိကန်ကျန်းမာရေးအဖွဲ့အစည်းထုတ် ဂျာနယ်မှာ ပုံနှိပ်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံအတွင်း အကာအကွယ်အပြည့် ဝတ်ဆင်ထားတဲ့ဆေးဝန်ထမ်းတွေ ကူးစက်ခံရမှုကို ရှာဖွေသုံးသပ်ရင်း ဖြစ်နိုင်ချေအများဆုံးဟာ အများသုံးအိမ်သာနဲ့ အလုံပိတ်အခန်းဆီက လို့ သုံးသပ်ခဲ့ကြတာဖြစ် ပါတယ်။ ယခုတွေ့ရှိချက်ဟာ အချို့ပညာရှင်တွေသုံးသပ်သလို ချောင်းဆိုး ခြင်းနှင့် အခြား ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်ဆိုတာနဲ့ အနည်းငယ် ကွဲလွဲနေပါတယ်။ သို့သော်လည်း ပိုမိုတိကျတဲ့အဖြေကို ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။

ယခုသုတေသနဟာ စင်ကာပူအမျိုးသား ကူးစက်ရောဂာထိန်းချုပ်ရေးစင်တာမှာ ကုသမှုခံယူနေတဲ့ လူနာသုံးဦးကို လေ့လာမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့အသုံးပြုတဲ့အရာတွေကို နှစ်ပတ်အတွင်း ငါးကြိမ် စစ်ဆေးခဲ့တယ်လို့လည်းဆိုပါတယ်။ ပထမ လူနာအသုံးပြုတဲ့အရာတွေကို ပိုးသတ်မှုမလုပ်ခင် စစ်ဆေးကာ အခြားနှစ်ဦးအသုံးပြုတဲ့အရာတွေကိုတော့ ပိုးသတ်ပြီးမှ ဆေးစစ်ချက်ယူခဲ့တာပါ။ ဆေးစစ်ချက်အဖြေအရ ပိုးမသတ်ခင် လူနာအသုံးပြုခဲ့တာ အရာ ၁၅ ခုအနက် ၁၃ခုမှာ ရောဂါပိုးကိုတွေ့ရှိနေခဲ့ပါတယ်။ ထိုင်ခုံ၊ အိပ်ယာ၊ မှန်တံခါးတွေ၊ကြမ်းပြင်နဲ့ မီးခလုတ်စသည်တို့ဖြစ်ပါတယ်။ ဒါ့အပြင် ဘေစင်၊ အိမ်သာခွက်၊ လက်ကိုင် တွေမှာ ပိုမိုတွေ့ရတဲ့အတွက် ကူးစက်နိုင်ဖို့ရာနှုန်းများတာကိုလည်း တွေ့ခဲ့ရပါတယ်။

Sponsored

သတင်းကောင်းကတော့ လေထုထဲမှာ ရောဂါပိုးလုံးဝမတွေ့ရှိရတာပါပဲ။ သို့ပေမယ့် လေအဝင်အထွက်အပေါက်တွေမှာ တွေ့ရှိပါတယ်။ လူနာဆီက ထွက်တဲ့ ရောဂါပိုးဟာ အနီးအနားရှိအရာတစ်ခုခုကို သွားကပ်တဲ့သဘောသဘာဝဖြစ်ပါတယ်။ ထိုတွေ့ရှိချက်သာအမှန်ဆို ရောဂါပိုးရှိသူအနားမှာသင်ရှိနေပြီး သူ့ရဲ့ ချောင်းဆိုးရာမှာပါဝင်တဲ့ အမှုန်အမွှားလေးတွေဟာ သင့်ရဲ့ face mask ကိုတောင် လာကပ်နေနိုင်ပါတယ်။ ဒါ့ကြောင့် လူထူထပ်တဲ့နေရာကိုရှောင်ပါ။ ရောဂါပိုးရှိခဲ့တဲ့ အသုံးပြုခဲ့တဲ့အရာတွေမှာ ရောဂာပိုးရှိနေနိုင်တဲ့အတွက် ထိုအရာတွေကို ကိုင်တွယ်မိရင်တောင် စိတ်မပူပါနဲ့။ လက်သန့်ဆေးသုံးပါ။ မျက်လုံး နှာခေါင်း နဲ့ ပါးစပ်တို့ကို မကြာခဏထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ ဒါဟာအကောင်းဆုံးနဲ့ အလုံခြုံဆုံးနည်းဖြစ်ပါတယ်။

နောက်ဆုံးသတင်းတွေအရ လူပေါင်း ၉၅,၀၀၀ ယောက်ကို ကူးစက်နေပြီဖြစ်ကာ လူပေါင်း ၃,၂၀၀ ကို လူ့လောကထဲက ခေါ်ထုတ်သွားပြီဖြစ်ပါတယ်။ သေဆုံးမှုရာခိုင်နှုန်းဟာ ၃.၄ ရာနှုန်းလို့ WHO ကထုတ်ပြန်ပါတယ်။ အဓိက ကတော့ အကြောက်မလွန်ပါနဲ့။ လက်ကိုမကြာခဏဆေးပါ။ လူထူထပ်တဲ့နေရာကို အတတ်နိုင်ဆုံးရှောင်ပါ။ မလွဲသာရင် Face mask အသုံးပြုပါ။ တစ်ခါသုံးပြီးတာ နဲ့ စနစ်တကျ လွှင့်ပစ်ပါ။ ထပ်မသုံးပါနဲ့။ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။

Writer – ZWP
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *