Sponsored

တရုတ် ကျောင်းသားနှင့် သုတေသနပညာရှင်များဟာ ကူးစက်မြန် Coronavirus ရောဂါဝေဒနာသည်များအား အသက်ကို ပဓာနမထားပဲ ရှေ့ဆုံးက ကုသပေးနေရသော ဆေးဝန်ထမ်းများအစား စက်ရုပ်များကိုအစားထိုးသွားတော့မယ်လို့ သတင်းတွေထွက်နေပါတယ်။

@Reuters

ထိုစက်ရုံမှာ တပ်ဆင်ထားတဲ့ လက်အတု ဟာ အဓိက လုပ်ဆောင်ချက်များဖြစ်တဲ့ Ultrasound ရိုက်ပေးခြင်း၊ သလိပ်စစ်ဆေးပေးခြင်းနှင့် အတွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်များကို နားထောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောက်ချက်တွေဟာ အရင်ကတော့ ဆေးပညာရှင်တွေက လုပ်ဆောင်ပေးနေရတာပါ။ စက်ရုံမှာ ကင်မရာလည်းတပ်ဆင်ထားတဲ့ အတွက် ဆေးပညာရှင်ဟာ လုံခြုံတဲ့အခန်းထဲမှနေပြီး ထိန်းချုပ်ကုသပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။

ဆေးဝန်ထမ်းတွေနဲ့ ပညာရှင်တွေဟာ တကယ့်ကို ရဲရင့်အနစ်နာခံတဲ့သူတွေပါ။ သို့ပေမယ့် သူ့တို့ရဲ့ အသက်ကို လည်း ဂရုစိုက်ဖို့လိုပါတယ်။ လက်တလောဖြစ်ပေါ်နေတဲ့ရောဂာဟာအရမ်းကို ကူးစက်မြန်တဲ့အတွက် သူတို့အတွက် စဉ်းစားပေးဖို့လိုပါတယ် ” လို့ စက်ရုပ် Project ကိုဦးဆောင်တဲ့ Tsinghua University က Professor Zheng Gangtie က ဆိုပါတယ်။ ၎င်းစိတ်ကူးကို တရုတ်နှစ်သစ်ကူး အလွန်မှာ သူရရှိခဲ့တာဖြစ်ပြီး ယခုဆိုလျှင် ဝူဟန်မြို့မှာတင်မက ပဲ တရုတ်ပြည်အနှံ့အပြားမှာ အများအပြားသေဆုံးခဲ့ကြပြီ ဖြစ်ပါတယ်လို့ သူက ပြောပြပါတယ်။

Sponsored
@Reuters

အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Zheng Gangtie ဟာ သူ့သူငယ်ချင်း ဖြစ်တဲ့ Tsinghua Changgung ဆေးရုံအကြီးထံမှတဆင့် ရှေ့ဆုံးထွက်ကုသနေရတဲ့ ဆေးဝန်ထမ်းတွေရဲ့ အခက်အခဲကို သိရှိခဲ့ရပြီး သူ့စိတ်ကူးကို အကောင်အထည်ဖော်ခဲ့တာလို့လည်းဆိုပါတယ်။ သူဟာ တရုတ်နိုင်ငံရဲ့ အာကာသ ယာဉ်တွေထဲမှာ အသုံးပြုတဲ့ စက်ရုံလက်တံတွေရဲ့နည်းပညာကိုပဲ အခြေခံကာ ထုတ်လုပ်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ထိုစက်ရုံတွေမှတဆင့် ပြန်လည်ကူးစက်ခံရမယ့် ဘေးက လွတ်မြောက်နိုင်အောင် ပိုးသတ်စနစ်ကို ပါ ထည့်သွင်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဆရာဝန်တွေကတော့ ဆေးပညာ မှာ စက်ရုပ်တွေထက် လူသားတွေက ပိုမိုအရေးပါတယ်လို့ပြောပါတယ်။ တကယ်မနာမကျန်းဖြစ်နေတဲ့ လူနာတစ်ဦးဟာ ဆေးပညာရှင်ရဲ့အားပေးစကား ကုသမှုကိုသာ ပိုမိုမျှော်လင့်ကြတာဖြစ်တယ်လို့လည်း သူကထောက်ပြပါတယ်။

@Reuters

အခုလောလောဆယ်မှာတော့ စက်ရုပ်နှစ်ရုပ်စမ်းသပ်ထုတ်လုပ်ပြီးပြီဖြစ်ကာ တစ်ခုကိုတော့ အပြီးသတ်နေတယ်လို့ပြောပါတယ်။ အခြားတစ်ခုကတော့ ဝူဟန်ဆေးရုံမှာ ယနေ့ကြာသပတေးနေ့မှာ စမ်းသပ်လေ့ကျင့်ပေးနေပြီဖြစ်ပါတယ်လို့ သိရပါတယ်။ အကယ်လို့ အစီအစဉ်အောင်မြင်ခဲ့ပါက လာမယ့်တနင်္ဂနွေ နေ့မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ကာ ဆေးဝန်ထမ်း ဆေးပညာရှင်တို့နဲ့အတူ ရောဂါတိုက်ထုတ်ရာမှာ ပူးပေါင်း ပါဝင်နိုင်ပြီဖြစ်ပါတယ်။ သူအနေ့နဲ့ စက်ရုပ်များစွာထုတ်လုပ်ဖို့စိတ်ကူးပေမယ့် တာဝန်ခံထုတ်လုပ်ပေးမယ့် Company တစ်ခုခုကို စောင့်နေရပါတယ်။ အကြောင်းကတော့ စက်ရုံတစ်ရုပ်ဟာ အမေရိကန် ဒေါ်လာ ၇၂,၀၀၀ လောက်တန်ဖိုးရှိလို့ပါ။

တရုတ်အာဏာပိုင်တွေဟာ ဆေးဝန်ထမ်းအမြောက်အမြားကို ဝူဟန်မြို့သို့ပို့ဆောင်ပေးနေပြီး ပြီးခဲ့တဲ့လအထိ ဆေးဝန်ထမ်း ၃၀၀၀ အထိကူးစက်ခံနေရပြီးဖြစ်ပါတယ်။

Writer – ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *