Sponsored

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကယနေ့ည ပိုင်း သတင်းထုတ်ပြန်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ကျိုးမြို့က မြန်မာနိုင်ငံကို ဇန်နဝါရီလ၃၁ ရက်နေ့က ရောက်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူအသက် (၂၉) နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကိုယ်အပူချိန်မြင့်မားလို့ နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီး အဆိုပါ ဆေးခန်းက နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး ဆက်ပြီးလွှဲပေးခဲ့ပါတယ်။

အဆိုပါ အမျိုးသားကို နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးရှိသီးခြားခန်းတွင်ထားရှိကုသကာ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနဲ့ နှာစေးခြင်လက္ခဏာတွေတွေ့ရှိရ တယ်လို့ထုတိပြန်ချက်မှာ ဖော်ပြပါတယ်။

နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး

အဲဒီ အမျိုးသားအား 2019 Novel Coronavirus ရောဂါ သံသယလူနာအဖြစ်သတ်မှတ်၍ ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ၎င်းထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) ကို ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်ဟုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

Sponsored

Source: ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *