Sponsored

အီတလီနိုင်ငံမြောက်ပိုင်း ဘာဂါမိုမြို့မှာ မတ်လ ၁၈ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေတယ်ဆိုတဲ့ အလောင်းတွေကို သယ်ဖို့ စစ်တပ်ကို အကူအညီ တောင်းခဲ့ရပါတယ်။

အလောင်းအရေအတွက် စုပုံနေလို့ ဒေသတွင်း သဂြိုလ်စက်က မနိုင်တော့တဲ့အတွက် ခုလို ဖြစ်ကုန်တာပါ။

Corriere TV

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံးကူးစက်ခံရတဲ့ မြို့ကနေ ဖြတ်ပြီး စစ်ကားတန်း သွားနေပုံကို မျက်မြင်သက်သေ တယောက်က ရုပ်သံရိုက်ကူး ခဲ့ပါတယ်။

Sponsored

တိတ်ဆိတ်နေတဲ့ လမ်းတွေထဲမှာ အင်ဂျင်စက်သံ ဆူနေတယ်၊ ပါသမျှအားလုံး အလောင်း တွေလို့ သိလိုက်ချိန်မှာ အကြီးအကျယ် နာကျင်ခံစားရတယ်”လို့ ရောဂါခြေချုပ်နဲ့ နေထိုင်နေသူ ဒေသခံ တယောက်က ရိုက်တာကို ပြောပါတယ်။

Corriere TV

အိမ်နီးချင်းခရိုင်တွေက ခေါင်းတလားတွေကို ရွှေ့ပြောင်းဖို့ စစ်သည် ငါးဆယ်နဲ့ စစ်ကား ၁၅ စီး တာဝန်ပေးထားတယ်လို့ စစ်တပ်ပြောခွင့်ရက ဆိုပါတယ်။

အစောပိုင်းက ဒေသန္တရအာဏာပိုင်တွေက သူတို့အနေနဲ့ အလောင်းတွေကို စီမံခန့်ခွဲရတာ မနိုင်တော့လို့ အကူအညီ တောင်းခဲ့ကြပါတယ်။

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ တရုတ်နိုင်ငံမှာ သေဆုံးသူဦးရေ ထက် မတ်လ ၁၉ရက်မှာ ကျော်လွန်သွားခဲ့ပါတယ်။

မတ်လ ၂၀ရက် မွန်းတည့်ချိန်ထိ အတည်ပြုချက်အရ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံ လူနာ ၄၁၀၀၀ကျော် ကူးစက်ခံထားရပြီး လူနာ ၃၄၀၅ ယောက် သေဆုံးခဲ့ပါပြီ။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *