Sponsored

သာမန် HIV ကာကွယ်ဆေးနှစ်လုံးအသုံးပြုကာ ဖော်စပ်ခဲ့တဲ့ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဟာ စမ်းသပ်မှုမှာမအောင်မြင်ပဲ ထိရောက်မှုမရှိဘူးလို့ မတ်လ ၁၈ ရက်နေ့က New England Journal of Medicine က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ထိုဆေးကို ကိုရိုနာဗိုင်းရပ်စ် အပြင်းအထန်ခံစားနေရတဲ့ လူနာ ၉၉ ကို တိုက်ကျွေးခဲ့ပြီးစောင့်ကြည့်လေ့လာခဲ့ရာမှာတော့ ပုံမှန်အဖျားကုသမှု အသက်ရှူလမ်းကြောင်းဆိုင်ရာကုသမှုတွေလောက်ထိရောက်မှုမရှိတာကို တွေ့ရှိခဲ့ရတာပါ။ ထိုဆေးကို AbbVie Inc’s Kaletra လို့ခေါ်ပြီး ပါဝင်တဲ့အာနိသင်တွေကတော့ Lopinavir နဲ့ ritonavir တို့ဖြစ်ပါတယ်။

PHOTO: AFP

ထိုဆေးတိုက်ကျွေးခံရသူတွေဟာ ၂၈ ရက်အတွင်းမှာ ရောဂါသက်သာလာတာတွေ့ရပေမယ့် ပုံမှန်ကုသမှုထက် သိသာတဲ့ တိုးတက်မှုလုံးဝမတွေ့ခဲ့ရပါဘူး။ ဒါ့အပြင် ထို Lopinavir နဲ့ ritonavir ပေါင်းစပ်ဆေးဝါးဟာ ဆိုးကျိုးတွေရှိနေတဲ့အတွက် တရုတ်နိုင်ငံမှာကူးစက်ခံခဲ့ရတဲ့ လူနာ ၁၃.၈ ရာခိုင်နှုန်းကို ထိုဆေး ဝါး တိုက်ကျွေးခြင်းမှ ရပ်တန့်ခဲ့ကြပါတယ်။

Sponsored

ဒါ့အပြင် အလျှင်လိုနေတဲ့အတွက်ကြောင့် ထိုအသစ်ဖော်စပ်တဲ့ဆေးရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးဆိုင်ရာ စမ်းသပ်လေ့လာမှုတွေကို အသေအချာမလုပ်ဆောင်ခဲ့ရပါဘူး။ ထိုဆေးဝါးကို ဝူဟန်မြို့က Jin-Yin Tan ဆေးရုံမှာ စမ်းသပ်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

ရလဒ်နဲ့ ပတ်သတ်ပြီး အမျိုးသား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာမှ ခေါင်းဆောင် Dr Bin Cao က ” ယခုဖော်စပ်လိုက်တဲ့ဆေးဟာ Coronavirus အသည်းအသန်ခံစားနေရတဲ့ လူနာတွေအတွက် တိုးတက်မှုမရှိတာကို တွေ့ရပါတယ်။ ကျွန်တော်တို့မျှော်မှန်းထားတာနဲ့စာရင် ရလဒ်ကို စိတ်ပျက်ဖို့ကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ယခု ဖော်စပ်ခဲ့တဲ့ဆေးကို နိုင်ငံတော်တော်များများမှာ စမ်းသပ်အသုံးပြုနေပေမယ့် သိသာတဲ့ ရလဒ်ကိုမတွေ့ရှိရသေးပါဘူး။ သို့သော်လည်း India ကျန်းမာရေးဌာနကတော့ ဒီဆေးကို ထောက်ခံမှုပေးနေပါတယ်။

Writer- ZWP(thelifestylemyanmar)
Source – The Straits Times

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *