Sponsored

ယနေ့မနက်အစောပိုင်း သတင်းတွေအရ ကမ္ဘာ တစ်ဝှမ်း Covid-19 ကူးစက်ခံရသူ ၄ သိန်းခွဲအထိရှိလာကာ သေဆုံးသူကတော့ ၂သောင်းကျော်သွားခဲ့ပါပြီ။ သို့သော်လည်း ပြန်လည်သက်သာလာသူ ၁ သိန်း၁သောင်းရှိတဲ့အတွက် စိတ်မပူကြဖို့ တိုက်တွန်းချင်ပါတယ်။

@BBC

နောက်တစ်ချက်ကတော့ ကမ္ဘာ့လူဦးရေ ရဲ့ လေးပုံတစ်ပုံဟာ ရောဂါကူးစက်မှုထပ်မံမဖြစ်ပွားစေရန် စောင့်ကြည့်ထိန်းသိမ်းမှုအောက်မှာရှိနေပါတယ်။ New York တစ်မြို့ထဲတင် ကူးစက်ခံရသူ ၂၅,၀၀၀ ရှိပြီဖြစ်ပေမဲ့ လူမှုဆက်သွယ်ရေးအတွက် အကာအဝေးသတ်မှတ်ချက်တွေဟာ ထိရောက်မှုရှိတယ်လို့ဆိုပါတယ်။

ဗြိတိန်မှာတော့ သက်ကြီးရွယ်အို နိုင်ငံသားတေွကို ပြုစုစောင့်ရှောက်ဖို့ စေတနာ့ဝန်ထမ်း အယောက် ၄ သိန်းပေါ်ထွက်လာပါပြီ။ ဒါ့အပြင် ချားလ်မင်းသားဟာလည်း ကူးစက်ခံရသူတွေထဲ တစ်ဦးအပါအဝင်ဖြစ်လာပါတယ်။

Sponsored
@BBC

India ရဲ့ လူဦးရေ ၁.၃ ဘီလီယံကို အိမ်အပြင်လုံးဝမထွက်ဖို့ အမိန့်ပေးလိုက်ရပါပြီ။ စပိန်ရဲ့ သေဆုံးမှုနှုန်းဟာ တရုတ်နိုင်ငံကို ကျော်တက်ပြီး ထိပ်ဆုံးက အီတလီမှာတော့ သေဆုံးမှုအနည်းငယ်လျော့ကျ တယ်လို့သိရှိရပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *