Sponsored

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လာမယ့် ၄ လအတွင်း အမေရိကမှာ လူပေါင်း ၈၁,၀၀၀ ကျော် သေဆုံးနိုင်ပြီး ဇွန်လအထိ ကပ်ရောဂါ လျော့ကျသွားမှာ မဟုတ်ဘူးလို့ ဝါရှင်တန်တက္ကသိုလ်က လုပ်တဲ့ အချက်အလက်တွေက ဆိုပါတယ်။

ဆေးရုံတင်ရတဲ့ လူနာအရေအတွက်ဟာ ပြည်နယ်တချို့မှာ နောက်ပိုင်းမှ မြင့်တက်လာနိုင်ပေမယ့် ဧပြီ ဒုတိယသီတင်းပတ်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြင့်တက်ဖွယ် ရှိပါတယ်။

Getty Images

လေ့လာချက်အရ လူသေဆုံးနှုန်းဟာ ဇွန်လမှာ ကပ်ရောဂါအဆင့်ဖြစ်တဲ့ တနေ့ကို ၁၀ ယောက်အောက် လျော့နည်းနိုင်ပေမယ့် ဗိုင်းရပ်စ်ကြောင့် ဇူလိုင်လအထိ လူတချို့ ဆက်လက်သေဆုံးနိုင်ဖွယ် ရှိပါတယ်။

Sponsored

ဒီလေ့လာချက်ဟာ အစိုးရ၊ ဆေးရုံနဲ့ တခြားသတင်းရင်းမြစ်တွေက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံရဲ့ သေဆုံးနှုန်းဟာ အနိမ့်ဆုံး ၃၈၀၀၀ ဝန်းကျင်ကနေ အမြင့်ဆုံး ၁၆၂၀၀၀ ဝန်းကျင်အထိ ကွာခြားချက် ကြီးကြီးမားမားနဲ့ ပြောင်းလဲနိုင်တယ်လို့ ရိုက်တာသတင်းမှာ ‌ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိ အမေရိကန်နိုင်ငံတဝန်းမှာ သေဆုံးသူ ၁,၃၀၀ ကျော် ရှိနေပြီး ကူးစက်ခံရသူ ၈၅,၀၀၀ ကျော် ရှိနေတယ်လို့ မတ်လ ၂၇ Worldometer ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *