Sponsored

ကျွန်တော်တို့ လိင်ဆက်ဆံရင်း Covid-19 ကူးစက်နိုင်လား? ဒီမေးခွန်းကို လူကြားထဲမှာ သင်မေးဖို့ ရှက်နေလိမ့်မယ်ဆိုတာ အသေအချာပါပဲ။ အဲ့ဒီအခက်အခဲကနေ ကျော်လွန်နိုင်အောင် ကျွန်တော်တို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို သင့်အစားမေးပေးထားပါတယ်။ လေ့လာကြည့်ရအောင်

ယခုအစီအစဉ်မှာပါဝင်သူတွေကတော့ Dr. Alex George ( Love Island ပြိုင်ပွဲ ဆရာဝန်ဟောင်း) နဲ့ Alix Fox ( လိင်ပိုင်းဆိုင်ရာ သတင်းအယ်ဒီတာ၊ BBC သတင်းဌာန အစီအစဉ်တင်ဆက်သူ ) တို့ဖြစ်ပါတယ်။ Covid-19 ဖြစ်ပွားနေစဉ်ကာလအတွင်း လိင်ဆက်ဆံ
ခြင်းဟာ လုံခြုံမှုရှိပါသလား။

Alix Fox ( လိင်ပိုင်းဆိုင်ရာ သတင်းအယ်ဒီတာ၊ BBC သတင်းဌာန အစီအစဉ်တင်ဆက်သူ ) နဲ့ Dr. Alex George ( Love Island ပြိုင်ပွဲ ဆရာဝန်ဟောင်း)

Dr. Alex George ဖြေကြားချက်ကတော့ “ အကယ်လို့ သင့်မှာ အတူနေချစ်သူ ဒါမှမဟုတ် အိမ်ထောင်ရှိတယ်ဆိုရင် ထိုသူနဲ့ပဲ လိင်ဆက်ဆံခြင်း နဲ့ ပတ်ဝန်းကျင်ကအရာတွေကို ခွဲဝေသုံးစွဲခြင်းဟာ သင့်ကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ပါဘူး။ သို့ပေမယ့် သင်တို့ထဲကတစ်ယောက်ယောက် မှာရောဂါအခြေအနေပြလာပြီဆိုရင်တော့ တစ်အိမ်ထဲတူတူနေရင်တောင် ပူးပူးကပ်ကပ်နေတာမျိုးကို ရှောင်ရှားသင့်ပါပြီ။ ဒါဟာ လိုက်နာဖို့အလွန်ခက်ခဲတယ်ဆိုတာသိပေမဲ့ အနည်းဆုံးတစ်ယောက်နဲ့တစ်ယောက် နှစ်မီတာလောက်ခွာနေသင့်ပါတယ်။

Sponsored

Ali Fox ကတော့ ” သင်ဖြစ်ဖြစ် အတူနေချစ်သူဖြစ်ဖြစ် Covid-19 ရဲ့ ရောဂါအခြေအနေတစ်ခုလေးဖြစ်ဖြစ်ပေါ်လာခဲ့ရင်တောင် လုံးဝမပေ့ါပါနဲ့။ ဒါဟာ သင်တို့နှစ်ဦးစလုံးအတွက် အန္တရာယ်ရှိပါတယ်။ ချက်ချင်း ခပ်ခွာခွာနေဖို့ကြိုးစားပါ။ ဒီအချက်ကို သင်တို့နှစ်ဦးစလုံး နားလည်မှုရှိရှိလိုက်နာဖို့
လိုအပ်ပါလိမ့်မယ်။” လို့ပြောပါတယ်။

နောက်မေးခွန်းတစ်ခုက အတူနေချစ်သူ သို့မဟုတ် အိမ်ထောင်ဖက်နဲ့ မဟုတ်ပဲ သင်အကြောင်းသိပ်မသိတဲ့ အခြားတစ်ယောက်နဲ့ လိင်ဆက်ဆံမယ်ဆိုရင်ကော???

ကျွန်တော်ကတော့ ဒီလိုရောဂါကြီးဖြစ်နေချိန်မှာ အခြားတစ်ယောက်နဲ့လိင်ဆက်ဆံတာမျိုးကို အားမပေးပါဘူး။ Virus ကူးစက်ခံရသူဟာ နဖူးမှာစာမကပ်ထားပါဘူး။” လို့ Dr. Alex ကဖြေကြားပါတယ်။

Ali Fox က ” တချို့လူတွေက ရောဂါအခြေအနေမထူးခြားရင်တောင် သူ့ကိုယ်ထဲမှာ ရောဂါကရောက်နှင့်နေပြီး ဖြစ်တယ်ဆိုတာ သင်မေ့ထားလို့မရပါဘူး။ သူ့ရဲ့အပေါ်ယံ ပုံပန်းသွင်ပြင်ဟာ လူကောင်းတစ်ယောက်လိုဖြစ်နေနိုင်လို့ပါ။ နမ်းရှုံ့ခြင်းနဲ့ ပူးပူးကပ်ကပ်နေထိုင်ခြင်းတို့ဟာ ကူးစက်ဖို့ အလွန်
လွယ်ကူပါတယ်။ ရှောင်ရှားကြပါ” လို့အကြံပေးထားပါတယ်။

ကျွန်တော်နမ်းမိလိုက်တဲ့အချိန်က သူမမှာရောဂါအခြေအနေထူးခြားမှုရှိမနေပါဘူး။ နောက်တော့ ကျွန်တော်သိရတာက သူမရောဂါကူးစက်ခံနေရတယ်တဲ့။ ကျွန်တော်ဘာလုပ်သင့်လဲ???

အဲ့လိုအခြေအနေဆို ခင်ဗျား တာဝန်သိစိတ်အပြည့်နဲ့ ချက်ချင်းခွဲခြားနေဖို့ လုပ်ပါ။ ကိုယ့်ကိုကိုယ်အမြဲစောင့်ကြည့်နေပါ။ ရောဂါအခြေအနေထူးခြားလာခဲ့ရင် ကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်ပါ။ သူတို့က သင့်ရဲ့ပူးပေါင်းပါဝင်မှုကို လက်ကမ်းကြိုဆိုလျှက်ရှိမှာပါ။ ” လို့ Dr. Alex ကတိုက်
တွန်းထားပါတယ်။

Ali Fox ရဲ့အဖြေကတော့ ” ကျွန်မတို့ မိမိကိုယ်ကိုနဲ့ ပတ်ဝန်းကျင်အတွက် တာဝန်ယူစိတ်အပြည့်ရှိဖို့လိုအပ်ပါတယ်။ သင်တို့နှစ်ယောက်မှာ ရောဂါအခြေအနေပြလာတဲ့သူက နောက်တစ်ယောက်ကို ပွင့်ပွင့်လင်းလင်းပြောပြပြီး အချိန်မှီ ကုသမှုခံယူကြဖို့လိုပါတယ်။

ကျွန်တော့်ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက်နဲ့ Covid-19 မဖြစ်ပေါ်ခင်ကာလတုန်းက လိင်ဆက်ဆံရင် အကာအကွယ်မသုံးကြပါဘူး။ ယခုလို ရောဂါကြီးပြန့်ပွားနေချိန် အကာအကွယ်သုံးသင့်ပါသလား???

ဒီမေးခွန်းက အခြေအနေပေါ်မူတည်ပါတယ်။ သင်ဘာလို့ ကွန်ဒုံးမသုံးတာလဲ၊ သင်နဲ့သင့်အဖော်ဟာ လိင်ကဆင့်ကူးစက်နိုင်တဲ့ကူးစက်ရောဂါတွေကို စစ်ဆေးပြီးသွားလို့ သို့မဟုတ် ကိုယ်ဝန်မရအောင် တခြားနည်းလမ်းသုံးထားတာမျိုးဆိုရင်တော့ အကြောင်းမရှိပါဘူး။ ကွန်ဒုံးမသုံးလဲရပါတယ်။ အဲ့လိုမဟုတ်ပဲ သာယာမှုနဲ့ အဝင်အထွက် ခံစားမှုအတွက်ဆိုရင်တော့ သင်ယခုလိုအချိန်မှာ ကွန်ဒုံးအသုံးပြုသင့်ပါပြီလို့ ” Dr. Alex ကပြောပါတယ်။

အဖော်ရဲ့ လိင်အင်္ဂါကို ထိတွေ့ခြင်းဖြင့် ရောဂါကူးစက်ခံရနိုင်လားဆိုတဲ့အမေးကို Dr. Alex ကပဲ ” ရောဂါရဲ့ အဓိက ကူးစက်ရာလမ်းကြောင်းက တံတွေးပါ။ သင့်အဖော်ကို နမ်းရှုံ့ ရင်း သူရဲ့ လိင်အင်္ဂါကိုထိတွေ့မယ် ပီးတော့ သင့်ပါးစပ်ကိုပါအသုံးပြုမယ်ဆိုရင်တော့ သင့်မှာ ကူးစက်ခံရနိုင်ခြေ များပါတယ်။ အခုအတောအတွင်းတော့ဗျာ စိတ်ထိန်းထားကြပါအုံး” လို့ဖြေကြားပါတယ်။

ကျွန်တော်အဲ့လို စိမ်းစိမ်းကြီးနေနေတော့ ကျွန်တော့်အဖော်က ကျွန်တော့်ကို စိတ်ပျက်ပြီး ထားခဲ့မှာပေါ့။ ကျွန်တော် တကိုယ်တည်းတော့မဖြစ်ချင်ဘူးဗျာလို့ ဆိုလာသည်ကို Dr. Alex က ” လိင်စိတ်နိုးကြွမှုဟာ တစ်ဦးနဲ့တစ်ဦးထိတွေ့မှ ပွတ်သတ်မှ ပြီးမြောက်တဲ့အရာမဟုတ်ပါဘူး။ တချို့ဆို
လက်တွဲဖော်က ခွဲခြားနေနေရတာမျိုးတွေရှိပါတယ် ။ထိုအချိန်မှာ နှစ်ယောက်လုံးနားလည်မှုရှိရှိနဲ့ အင်တာနက်ကနေ တစ်ခါတလေ ညစ်ညမ်းတာလေးတွေပြောပေးတာတို့ Video call တာတို့လုပ်ပြီး ယခုလို အချိန်ဆိုးကြီးကိုဖြတ်သန်းလို့ရပါတယ်။ နောက်တစ်ခုက အိမ်ထောင်ရေး ဒါမှမဟုတ်
အချစ်ရေးမှာ လိင်ပိုင်းဟာ အတိုင်းအတာတစ်ခုအထိအရေးပါပေမယ့် တစ်မိုးအောက်မှာတူတူနေတဲ့ အတွဲတွေတိုင်းလည်း အချိန်ပြည့် လိင်ဆက်ဆံနေကြတာမဟုတ်ပါဘူး။ နေ့တိုင်းလိင်ဆက်ဆံတဲ့ အတွဲတိုင်းလည်း အိမ်ထောင်ရေးနဲ့ အချစ်ရေးသာယာနေကြတာမဟုတ်သလို နှစ်ဦးသားနားလည်မှုရှိရှိနဲ့
ချစ်ချစ်ခင်ခင်နေနေကြတဲ့ စုံတွဲတွေလည်းအများကြီးဖြစ်တဲ့အတွက် မစိုးရိမ်ကြဖို့ တိုက်တွန်းထားပါတယ်။

ကျွန်တော့်မှာ HIV ရောဂါအခံရှိနေရင် Covid-19 ကူးစက်ခံရဖို့ ပိုနီးစပ်နေမလား???

Dr. Alex က ” သင်ဟာ HIV ဆေးကို ပုံမှန်သောက်သုံးနေပြီး သင့်တင့်မျှတတဲ့ အစားအသောက်ကို စားသုံးနေသူဆို သင်ဟာ Covid-19 ကူးစက်ခံရလောက်အောင် ကိုယ်ခံအားနည်းနေတယ်လို့ မဆိုနိုင်ပါဘူး။ ဒါ့ကြောင့် တခြားလူတွေလိုပဲ သင်ဟာ လူစုလူဝေးရှောင်ကြည်ခြင်းနဲ့အခြား လိုက်နာစရာတွေကို တိတိကျကျလိုက်နာခြင်းဖြင့် Covid-19 ကိုကာကွယ်နိုင်ပါတယ်” လို့ နိဂုံးချုပ်မှာပြောကြားခဲ့ပါတယ်။

Writer- ZWP
Source- BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *