Sponsored

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ရုံးဝန်ထမ်းတွေနဲ့ လွှတ်တော်သတင်းရယူတဲ့ သတင်းမီဒီယာသမားတွေကို ဒီနေ့ကစတင်ပြီး COVID-19 ကြိုတင်ကာကွယ်တဲ့အနေနဲ့ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များ ထားရှိပေးခြင်းတွေကို စတင်ပြုလုပ်နေပါတယ်။

Photo: DVB

လတ်တလော ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော် ၊ ပုံမှန်လွှတ်တော်ရုံးဝန်ထမ်းတွေနဲ့ သတင်းမီဒီယာသမား ၂၀ ကျော်လောက်က နေ့စဉ်ဝင်ထွက်နေကြတာပါ။

လွှတ်တော်ကို လာရောက်သူတိုင်းကို အပူချိန်တိုင်းတာခြင်းနဲ့ စစ်ဆေးပြီးသူတွေကို စတေကာတွေကပ်ပေးခြင်းတွေ ဆောင်ရွက်နေပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေကိုတော့ စစ်ဆေးတာမတွေ့ရှိရပါဘူး။

Sponsored
Photo: DVB
Photo: DVB

တပ်မတော်သားကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက နှာခေါင်းစည်းတပ်ပြီး လွှတ်တော်တက်ရောက်ရောက်နေကြတာဖြစ်ပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *