Sponsored

ကမ္ဘာ့ ကွန်ဒုံးထုတ်လုပ်မှုကို ထိန်းချုပ်ထားတဲ့ မလေးရှားနိုင်ငံမှာ ယခုအတောအတွင်းချမှတ်တားတဲ့ အပြင်မထွက်ရအမိန့်တွေကြောင့် စက်ရုံအလုပ်သမားသာမက ပုံမှန်လည်ပတ်နေတဲ့လုပ်ငန်းတွေပါရပ်တန့်ထားရပါတယ်။ ရောင်းလိုအားနည်းပြီး ဝယ်လိုအားက ကျမသွားတဲ့အတွက် ကွန်ဒုံးပြတ်လက်မှုဟာ တနေ့တခြားသိသာလာပါတယ်။

@CNA

ကမ္ဘာ့ပေါ်က ကွန်ဒုံးငါးခုတိုင်းမှာ တစ်ခုကို ဒိုင်ခံထုတ်လုပ်ပေးနေတဲ့ မလေးရှားနိုင်ငံက Karex Berhad ဟာ မလေးရှားနိုင်ငံရဲ့ lockdown ကြောင့် စက်ရုံကြီးသုံးခုကနေ ဆယ်ရက်အတွင်း ကွန်ဒုံးတစ်ခုတောင်မထုတ်လုပ်နိုင်ပါဘူးလို့ သိရှိရပါတယ်။ ထိုစက်ရုံမှ Durex အမည်ဖြင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေနဲ့ UN က လူဦးရေထိန်းသိမ်းစောင့်ကြည့်ရေးအဖွဲ့တေွကို ထောက်ပံ့ပေးနေတာ ဖြစ်ပြီး ရောဂါအခြေအနေတွေကြောင့် ယခုရက်ပိုင်းအတွင်း စျေးကွက်ကို ကွန်ဒုံး အခု သန်း၁၀၀လောက် ထောက်ပံ့ပို့ ပျက်ကွက်ခဲ့ရပါတယ်။

Karex အုပ်ချုပ်မှု ဒါရိုက်တာ Goh Miah Kiat က ” ကျွန်တော် ကမ္ဘာ လုံးဆိုင် ပစ္စည်း ပျက်လပ်မဲ့အရေးကိုမြင်နေပါတယ်။ ဒါဟာ ကြောက်ဖို့ကောင်းပါတယ်။ အာဖရိကလို နိုင်ငံတွေမှာ AIDS ကြောင့် ကွန်ဒုံးဟာ မဖြစ်မနေ လိုအပ်ပါတယ်။ နောက်ပြီး ယခု ကမ္ဘာ့ ကပ်က လချီကြာနိုင်ပါတယ်။” လို့ ပြောပြလာပါတယ်။

Sponsored

မလေးရှားဟာ သေဆုံးမှုပိုင်းမှာ အင်ဒိုနီးရှားေလာက် မများသေးပေမဲ့ ကူးစက်မှုပိုင်းကကြည့်ရင် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ရောဂါဒဏ်ကို အများဆုံးခံနေရတာပါ။ ကူးစက်ခံရသူ ၂၁၆၁ ရှိပြီဖြစ်ကာ ၂၆ ဦးသေဆုံးခဲ့ပါတယ်။ အခြား ကွန်ဒုံးအများဆုံးထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေဖြစ်သော တရုတ် ၊ အိန္ဒိယ နဲ့ ထိုင်းတို့ဟာလည်း ရောဂါဒဏ်ကို အလူးအလဲခံနေရတာပါ။

@CNA

ဒီအတိုင်းဆက်သွားနေရင်မဖြစ်တဲ့အတွက် Karex လုပ်ငန်းစုကို ချွင်းချက်အနေနဲ့ လည်ပတ်ခွင့်ပေးဖို့ အစိုးရကိုတောင်းဆိုထားပါတယ်။ ဒါ့အပြင် ဆေး ပစ္စည်း ထုတ်လုပ်မှု၊ လက်အိတ် နဲ့ အခြားအစားအစာ ထုတ်လုပ်မှုတွေကို လည်း ပြန်လည် လည်ပတ်နိုင်ဖို့ တောင်းဆိုထားကြပါတယ်။

ကွန်ဒုံးဟာ လည်း အရေးကြီးပါတယ်။ လူတွေကို အိမ်မှာနေဖို့ တိုက်တွန်းပါတယ်။ ဒါလူ့သဘာဝပါ။ အနည်းအများပဲကွာမှာပါ။ သူတို့လည်း ဒီလိုခက်ခဲတဲ့အချိန်မှာ ကလေးယူဖို့ အစီအစဉ်ရှိမှာ မဟုတ်တာသေချာပါတယ်” လို့လည်း သူကရှင်းပြပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *