တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သတ်ပြီး အမှန်ထင်နေသော အယူအဆအမှားများ

Shower Gel နေ့တိုင်းသုံးခြင်း

အလှအပရေးရာ အတွက်သာမက ကျန်းမာရေးပါထိခိုက်စေနိုင်ပါတယ်

တစ်ကိုယ်ရေ သန့်ရှင်းမှု နဲ့ ကိုယ့်ကိုကိုယ် care လုပ်ဖို့ က အဲ့လောက်မခက်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေတော့ အမှားလေးတွေ ပြုလုပ်တတ်ကြပါတယ်။ အဲ့ဒီအမှားဟာ အလှအပရေးရာ အတွက်သာမက ကျန်းမာရေးပါထိခိုက်စေနိုင်ပါတယ်။ ဘယ်လို အမှားမျိုးတွေလဲဆိုတာ Lifestyle ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်ဖြင့်အုပ်၍ နှာချေ ချောင်းဆိုးခြင်း

လက်ဖြင့်အုပ်၍ နှာချေ ချောင်းဆိုးခြင်း

မျက်နှာကို လက်ဖြင့်အုပ်၍ နှာချေ ချောင်းဆိုးခြင်းဟာ ပိုးမွှားတွေကို မျက်နှာအနံ့ ပျံ့နှံ့စေပြီး မျက်နှာအရေပြားနီခြင်း အနာတွေအပြင် အခြားဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်။ အကယ်၍ အဲ့ဒီလက်နဲ့ မျက်လုံးတွေပွတ်မိရင်လည်း မျက်ခွံနဲ့ မျက်လုံးရောင်တတ်ပါတယ်။ တကယ်ကတော့ tissue လေးနဲ့ အုပ်ပြီးဆိုးပါ။ tissue မရှိဘူးဆိုရင် တံတောင်ဆစ်နဲ့အုပ်ပြီး ဆိုးနိုင်ပါတယ်။

(၂) လက်သည်းညှပ်ခြင်း

လက်သည်းညှပ်ခြင်း

လက်သည်းအရှည်တွေကို လက်သည်းညှပ်နဲ့ ညှပ်ခြင်းဟာ လက်သည်းပုံပျက်စေပါတယ်။ သင်လိုချင်တဲ့ အရှည်အထိညှပ်ပြီး လက်သည်းညှပ်မှာ ပါတဲ့ ပုံဖော်တဲ့အရာလေးသုံးပြီး ပုံဖော်တာ ပိုကောင်းပါတယ်။

(၃) လက်ဖြင့် နှာခေါင်းနှိုက်ခြင်း

လက်ဖြင့် နှာခေါင်းနှိုက်ခြင်း

လက်ဆိုတာ ရောဂါပိုးမွှားပေါင်း သောင်းခြောက်ထောင်နဲ့ အညစ်ပတ်ဆုံး အရာပါ။ လက်နဲ့သာ နှာခေါင်းနှိုက်လိုက်မယ်ဆိုရင် ပိုးမွှားတွေဟာ နှာခေါင်းမှတဆင့် အထဲထိရောက်ပြီး နှာပိတ်နိုင်ပါတယ်။ လက်နဲ့နှိုက်မယ့်အစား လက်ထဲရေထည့်ပြီး ရေကိုရှူရိုက်ပေးတာ အကောင်းဆုံးပါပဲ။

(၄) Shower Gel နေ့တိုင်းသုံးခြင်း

Shower Gel နေ့တိုင်းသုံးခြင်း

ကျွန်တော်တို့အရေပြားပေါ်မှာ အရေပြားကို သဘာဝအတိုင်း ရေဓာတ်ထိန်းသိမ်းပေးသော ပိုးမဝင်အောင် ကာကွယ်ပေးနိုင်သော ဘတ်တီးရီးယားပိုးလေးတွေ နေထိုင်ကြပါတယ်။ Shower gel နေ့တိုင်းသုံးခြင်းဟာ အဲ့ဒီစနစ်ကို ပျက်စီးစေပြီး ရောဂါဖြစ်လွယ်ခြင်း အရေပြားခြောက်ခြင်းနဲ့ နှင်းခူတွေအထိ ဖြစ်နိုင်ပါတယ်။ လက်၊ ချိုင်းနဲ့ ခါးအောက်ပိုင်းတွေပဲ နေ့တိုင်းဆပ်ပြာသုံးဖို့လိုတာပါ။ ကျန်တဲ့နေရာတွေဆို နှစ်ရက်တစ်ခါလောက်ပဲ သုံးတာ အကောင်းဆုံးပါပဲ။

(၅) သွားတိုက်ဆေးများများ သုံးခြင်း

သွားတိုက်ဆေးများများ သုံးခြင်း

သွားတိုက်ဆေးများများသုံးခြင်းဟာ အမြုပ်များများထွက်လာစေပြီး သွားပွတ်တံနဲ့ သွားကိုပွတ်တိုက်မှုလျော့နည်းစေတဲ့အတွက် သွားကို ထိထိရောက်ရောက်မသန့်ရှင်းပေးနိုင်ပါဘူး။ လူကြီးဆိုရင် ပဲစေ့လောက်ပမာဏနဲ့ ကလေးဆိုရင် ဆန်စေ့လောက်ပမာဏဆိုရင် လုံလောက်ပါပြီ။

(၆) ခေါင်းလိမ်းဆီ ရွှဲနေအောင်လိမ်းခြင်း

ခေါင်းလိမ်းဆီ ရွှဲနေအောင်လိမ်းခြင်း

ခေါင်းလိမ်းဆီဟာ ဆံပင်ကို နူးညံ့ပျော့ပျောင်းတောက်ပြောင်စေပါတယ်။ ဒါပေမဲ့ အများကြီလိမ်းရင် အညစ်အကြေးတွေ ဦးရေပြားပေါ်မှာ စုလာပြီး ဆံပင်ကို ညစ်ပတ်လာစေပါတယ်။ ဦးရေပြားနဲ့ ထိတွေ့မှုများရင် အပေါက်ပိတ်စေနိုင်ပြီး ဆံပင်အပေါက်နည်းစေပါတယ်။ အကြွေစေ့ပမာဏလောက်ဆိုရင် လုံလောက်ပါပြီ။ အထူးသဖြင့် ခြောက်သွေ့တဲ့နေရာနဲ့ နှစ်ခွနေရာတွေကို အသားပေးလိမ်းပါ။

Ref: BrightSide