Sponsored

ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်စစ်တပ်က ဝူဟန်သို့ ယူဆောင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၁၂ တွင် ပြောကြားခဲ့သည်။

@nbcnews

ဒါဟာ ဗိုင်းရပ်စ် ပြဿနာကို ဗဟိုပြုပြီး အမေရိကန်နဲ့ တရုတ်တို့ကြား စကားစစ်ထိုးမှုတွေ ပြင်းထန်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဝူဟန်ဟာ လက်ရှိ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အစပြုလာတဲ့ ဒေသပါ။

တရုတ်ဟာ ဝူဟန်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်လာချိန်က တုံ့ပြန် ကိုင်တွယ်မှုတွေ နှေးကွေး ညံ့ဖျင်းပြီး သတင်းမှန်တွေကိုလည်း ထိမ်ချန်ထားခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့နောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဇောင်လီကျန်းက အမေရိကန် အစိုးရဟာလည်း ဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမှု ဘာမှ မရှိဘူးလို့ Twitterမှာ လှောင်ပြောင် ရေးသားခဲ့ပါတယ်။

Sponsored
@nbcnews

အမေရိကန်မှာ ပထမဆုံးကူးတဲ့လူနာက ဘယ်အချိန်က ဖြစ်ခဲ့တာလဲ။ ဘယ်လောက်ကူးစက်ခံထားရလဲ။ ဆေးရုံနာမည်တွေက ဘာတွေလဲ။ ဝူဟန်ကို ဒီရောဂါ ယူဆောင်လာတာ အမေရိကန် စစ်တပ်က ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပွင့်လင်းမြင်သာပါ။ သတင်းအချက်အလက်တွေ လူထုကိုထုတ်ပြပါ။ အမေရိကန်တွေ ကျွန်တော်တို့ကို ရှင်းပြရပါမယ်” ဟု ဇောင်လီကျန်းက ရေးခဲ့သည်။

တကယ်ဆိုရင် အမေရိကန်ကလည်း ကူးစက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်သင့်ကြောင်း သူက ဆိုပါတယ်။ ဒါပေမဲ့ တရုတ်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ အစပြုလာတာက အမေရိကန် စစ်တပ်နဲ့ ဆက်စပ်နိုင်ပါတယ်ဆိုတဲ့ ထင်ကြေးနဲ့ ပတ်သက်ပြီး ဘာအထောက်အထားမှ မပြနိုင်ခဲ့ပါဘူး။

လက်ရှိ အချိန်ထိ အမေရိကန်မှာ ဗိုင်းရပ်စ် ကူးစက်သူ ၁၇၀၀ ကျော်လွန်လာပြီဖြစ်ပြီး သေဆုံးသူ ၄၁ ဦးထိ ရှိလာခဲ့ပါတယ်။

Source: NBCNews

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *